Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

Wizard (X) Files: Reveal the Flat Earth Theory (ကမ္ဘာပြားသီအိုရီကိုဖွင့်ထုတ်ခြင်း)

                ဒီတစ်ခေါက်တော့ ကမ္ဘာကြီးလုံးလားပြားလား ဆိုတာနဲ့ပတ်သတ်ပြီး ပြားတဲ့အယူဘက်က ဆွေးနွေးကြမယ်နော်။ ကမ္ဘာကြီးလုံးတယ်ဆိုတာကို အများကလက်ခံကြပါတယ်။ ကမ္ဘာကြီးပြားတယ်ဆိုရင်ကော သင်လက်ခံနိုင်မလား ...။
                ဟုတ်ပါတယ်။ သင်လက်မခံနိုင်ပေမယ့် ဒါကိုအမှန်တကယ်လို့လက်ခံထားသူတွေလည်း အမြောက်အများပင်ရှိနေပါသေးတယ်။ ကမ္ဘာကြီးပြားတယ်ဆိုတာကို လက်ခံယုံကြည်တဲ့သူတွေကို Flat-Earther လို့ခေါ်ပါတယ်။ အရင်က ကမ္ဘာလုံးသီအိုရီလက်ခံသူနဲ့ ကမ္ဘာပြားသီအိုရီလက်ခံသူများ စစ်ပွဲအကြီးအကျယ်ဖြစ်ခဲ့ကြတာကို အတော်များများကြားဖူးခဲ့ကြဦးမှာပါ။
                  ဟိန္ဒူအယူမှာလည်း ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီးဟာ လိပ်ကြီးတစ်ကောင်အပေါ်က ဆင်ကြီးများက ထမ်းရွက်ထားပြီးတော့ သူတို့ရဲ့လှုပ်ရှားမှုကြောင့် ငလျင်တွေလှုပ်ကြတယ် လို့ဆိုပါတယ်။
 
                          ဒီဆင်နဲ့ပတ်သတ်တဲ့အယူအဆလိုပဲ လက်ရှိခေတ်မှာ ကမ္ဘာပြားတယ်ဆိုတာနဲ့ပတ်သတ်တဲ့ သီအိုရီတွေအမြောက်အများပေါ်ထွက်လာပါတယ်။ 
 
                          ဒါကတော့ The Flat Earth Society လို့ခေါ်တဲ့ ကမ္ဘာပြားယုံကြည်သူများအစည်းအရုံး ကရေးဆွဲထားတဲ့ ကမ္ဘာကြီးရဲ့ပုံပဲဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ လုံးဝန်းပြီးပြားပါတယ်။ ကမ္ဘာပြားဝိုင်းကြီးရဲ့အချင်းဟာ ၂၄,၉ဝဝ မိုင်ရှိပြီးတော့ ဘေးအနားစွန်းများဟာ ရေခဲဖုံးလွမ်းလျက်ရှိပါတယ်။ ဒါဟာဝင်ရိုးစွန်းဒေသပါပဲ။ ကမ္ဘာကြီးရဲ့အထက် မိုင်(၃ဝဝဝ)မှာနေဟာ ၂၇မိုင်အရှည်ရှိတဲ့ စက်ဝိုင်းလမ်းကြောင်းတစ်ခုပေါ်မှာပင် မီတည်ကာလည်ပတ်လျက်ရှိတယ်လို့ဆိုပါတယ်။ 
                          ကမ္ဘာလုံးသီအိုရီသမားများကတော့ ကမ္ဘာကြီးလုံးနေလို့ ရာသီဥတုတွေပြောင်းနေတာမဖြစ်နိုင်ဘူးလားလို့ပြန်ပြီးမေးခွန်းထုတ်နိုင်ပေမယ့် ရာသီဥတု နွေ၊ မိုး၊ ဆောင်း ပြောင်းလဲခြင်းနဲ့ပတ်သတ်ပြီးတော့လည်း ကမ္ဘာပြားသီအိုရီကပြန်လည်ရှင်းချက်ထုတ်ထားပါသေးတယ်။
                             နွေဦးရာသီ၊ နွေရာသီနဲ့ ဆောင်းရာသီတို့မှာ နေဟာ အောက်ပါလမ်းကြောင်းပုံစံများအတိုင်း
 ပြောင်းလဲလည်ပတ်လျက်ရှိကြောင်းကိုလည်း ရှင်းချက်ပြန်လည်ထုတ်ထားပါသေးတယ်။
                ကမ္ဘာမြေကြီးလုံးသူများကတော့ ကမ္ဘာမြေကြီးဟာလုံးဝန်းကြောင်း မြေပြင်ကနေပင် သက်သေပြနိုင်ပါတယ်။ ဘာဖြစ်လို့လဲံဆိုတော့ ကမ္ဘာမြေကြီးဟာလုံးနေတဲ့အတွက် သင်အဝေးကိုလှမ်းမျှော်ကြည့်ရင် အဆုံးကိုမမြင်ရလို့ပဲဖြစ်ပါတယ်။ လို့ပြောတဲ့အဆိုကို ကမ္ဘာပြားသမားများက ပြန်ရှင်းထားပြန်ပါတယ်။
               သင် ပြားချပ်သောစားပွဲရှည်တစ်ခုကိုယူလိုက်ပါ။ စားပွဲထောင့်တစ်ခုမှာ မျက်လုံးကပ်ပြီး နောက်ထောင့်စွန်းတစ်ခုကိုကြည့်လိုက်ပါ။ သင်နောက်ထောင့်စွန်းတစ်ခုကို မမြင်ရခြင်းမှာ မျက်လုံး၏ အကွာအဝေးကန့်သတ်ချက်ကြောင့်ပင်ဖြစ်ကြောင်း ပြန်လည်ရှင်းထုတ်ထားပါတယ်။
               တစ်ဦးက The Flat Earth Society ကိုမေးလာပြန်ပါတယ်။ အခြားဂြိုဟ်တွေကလုံးတယ်ဆိုတာကို The Flat Earth Society အနေနဲ့ လက်ခံတယ်ဆိုရင် ကမ္ဘာကြီးကိုကျတော့ ဘာကြောင့်ပြားတယ်လို့ဆိုတာလဲဆိုတော့ The Flat Earth Society အနေနဲ့ "ဟုတ်ကဲ့၊ ကမ္ဘာကြီးဟာ ပြားပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူဟာ ဂြိုဟ်တစ်ခုမဟုတ်ဘဲ ရှင်သန်မှုများနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုသာဖြစ်ပါတယ်"လို့သာ ပြန်ရှင်းပြလိုက်ပါတယ်။
                   လကြတ်ချိန် လမှာ ပုဇွန်ဆီရောင်သမ်းနေတယ်ဆိုတာဟာလည်း လနဲ့နေတို့ဟာ ကမ္ဘာကြီးရဲ့အပေါ်မှာ မနီးမဝေးတည်ရှိနေတာကြောင့် နေရဲ့အရောင်ရောင်ပြန်ဟပ်ခြင်း၊ လပေါ် နေရောင်ကျရောက်ခြင်းကြောင့်ဖြစ်ပြန်တယ်လို့ဆိုပြန်ပါသေးတယ်။
                     ဧဝရတ်တောင်ပေါ်မှ ကမ္ဘာကိုအပေါ်စီးကြည့်ရသော မြင်ကွင်းဓာတ်ပုံများထွက်ပေါ်လာသောအခါ ဓာတ်ပုံများမှာ မြေပြင်ဟာ လုံးဝန်းနေသောပုံမဟုတ်ဘဲ ပြားချပ်သောသောပုံအဖြစ်သာထွက်ပေါ်လာကာ ကမ္ဘာပြားလက်ခံသူများအကြား လှုပ်လှုပ်ရှားရှားပင်ဖြစ်သွားကြပါသေးတယ်။
 
                    ကျွန်တော်တို့ ဝိုင်းစက်နေတဲ့ကမ္ဘာကြီးကို အာကာသတွင်းမှနေမြင်ရပါတယ်။ ဒါပေမယ့် အဲ့ဒီဝိုင်းစက်နေတဲ့ကမ္ဘာကြီးဟာ စက်လုံးဖြစ်နေလို့ဝိုင်းနေတာလား ..၊ စက်ဝိုင်းပုံအပြားချပ်ကြီးဖြစ်လို့ဝိုင်းနေတာလားဆိုတာ ဘယ်သူမှမပြောနိုင်သေးပါဘူး။ ဂြိုဟ်တုများ ကမ္ဘာကိုပတ်နေတယ်ဆိုတာဟာလည်း ပြားချပ်နေသောကမ္ဘာကြီးအပေါ်မှ  ဝင်ရိုးတစ်လျှောက်လည်ပတ်နေခြင်းလည်းဖြစ်နိုင်ကြောင်း The Flat Earth Society မှ ပြန်လည်ရှင်းတမ်းထုတ်ထားပါတယ်။
                     ကမ္ဘာ့ပထမဆုံး ကမ္ဘာ့မြေပုံ Imago Mundi လို့အမည်ရတဲ့ ဘေဘီလိုးနီးယား မြေပုံမှာလည်း ကမ္ဘာကြီးကို ပြားချပ်တဲ့ပုံအဖြစ်ပေါ်ပြထားတာကို ယူဆရရင် ကမ္ဘာဦးအစကတည်းက ကမ္ဘာကြီးကိုပြားတယ်လို့ မှတ်ယူယုံကြည်ထားကြပြီး လက်ရှိအချိန်ထိ ယုံကြည်နေကြသူများရှိနေပါသေးတယ်။ 
 
                   လက်ရှိခေတ် ကမ္ဘာပြားယုံကြည်သူများကတော့ သူတို့ရဲ့ ယုံကြည်မှုမှန်ကန်ကြောင်း၊ ကမ္ဘာကြီးအမှန်တကယ်ပြားကြောင်း သက်သေပြနိုင်ဖို့အတွက် သိပ္ပံပညာရပ်များနဲ့ သုတေသနပြုဖော်ထုတ်လျက်ရှိပြီး ကမ္ဘာလုံးနဲ့ကမ္ဘာပြားအကြား သုတေသနရလဒ်တွေကြားမှာ အငြင်းပွားဖွယ်ရာများ ထပ်မံဖြစ်ပွားလာနိုင်ချေရှိနေပါသေးတယ်။ 
                    ဘာသာရေးအယူအဆများမှာဆိုရင်လည်း ဗုဒ္ဓဘာသာအယူတွင် ကမ္ဘာကြီးသည် တိုက်ကြီး(၄)တိုက် (ကျွန်းကြီးလေးကျွန်း)နှင့်ဖွဲ့စည်းထားပြီး အလယ်ဗဟိုတွင် ယူဇနာပေါင်း (၁၆,ဝဝဝ)မြင့်သော မေယုတောင် (မြင်းမိုရ်တောင်) ရှိကာ ပြားချပ်သောအသွင်ရှိကြောင်းဖော်ပြထားပြီး ကောင်းကင်ယံတွင် မြင်ရလျက်ရှိသော နေ၊ လ၊ နက္ခတ်တို့သည် စတုမဟာရာဇ်နတ်ပြည်တွင်ပါဝင်သော ဘုံဗိမ္မာန်များဟုဆိုပြန်ပါသေးတယ်။
                 ရှေးဟောင်းအိန္ဒိယ Jain အယူဝါဒမှာလည်း ကမ္ဘာပြားသီအိုရီကို လက်ခံထားတာကိုတွေ့ရပါသေးတယ်။ 
Jain Prateek Chihna.svg 
               အေဒီ(၁ဝဝ)ခန့်မတိုင်မီက တရုတ်နိုင်ငံမှာလည်း ကမ္ဘာပြားအယူကိုလက်ခံထားပြီး အေဒီ(၁ဝဝ)နှောင်းပိုင်းမှ ကမ္ဘာကြီးသည် ဘဲဥပုံစံဖြစ်သည်။ ဆိုတဲ့အရာကိုပြန်လည်လက်ခံလာကြပါတယ်။
                 ကမ္ဘာပြားသီအိုရီနဲ့ပတ်သတ်တဲ့ ရှင်းလင်းချက်တွေကတော့အများကြီးပါ။ လကြတ်ခြင်း၊ လနှင့်နေတို့၏လည်ပတ်ပုံများ၊ အနားသတ်သီအိုရီ စသဖြင့်များပြားလှစွာသောရှင်းလင်းချက်များစွာရှိကာ လက်ရှိ ကျွန်တော်တို့အများစုယုံကြည်ထားတဲ့ ကမ္ဘာကြီးလုံးတယ်ဆိုတာကို ပြန်လည်ချေပရန်မှာမူ စောင့်ကြည့်ရမယ်သာဖြစ်ပါကြောင်း   ဖော်ပြပေးလိုက်ရပါတယ်။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top