Ouroboros ဆိုတာဟာ နဂါးတစ်ကောင်သူ့အမြီးကိုသူပြန်စားနေတဲ့ပုံကိုသရုပ်ဖော်ထားတဲ့ သင်္ကေတတစ်ခုဖြစ်ပြီး ဂရိဘာသာစကား Ouro (အမြီး) နဲ့ Boros (စားသောက်ဝါးမျိုခြင်း) ဆိုတဲ့စကားလုံးတွေကနေတစ်ဆင့် ဆင်းသက်လာကြတာပဲဖြစ်ပါတယ်။
ဒီသင်္ကေတဟာ စဉ်ဆက်မပြတ်မွေးဖွားလာနေသောဘဝ(ဘဝသံသရာ)နဲ့ အဆုံးမရှိခြင်းကို ကိုယ်စားပြုကာ တမလွန်ဘဝ (သေလွန်ပြီးနောက်ဘဝသို့ရောက်ခြင်း)ဆိုသောအယူဝါဒများပါဝင်နေကာ ဖီးနစ်ငှက်သည် သေဆုံးပြီးပြန်လည်မွေးဖွားရှင်သန်လာသကဲ့သို့ ပြန်လည်မွေးဖွားခြင်းများ စဉ်ဆက်မပြတ်ဖြစ်နေသောသံသရာလို့လည်း အဓိပ္ပာယ်ဖွင့်ဆိုကြပါသေးတယ်။
လက်ရှိသင်္ချာဂဏန်းဗေဒများမှာသုံးတဲ့ infinity သင်္ကေတဟာလည်း ခေတ်ကာလရေစီးကြောင်းအရ Ouroboros သင်္ကေတမှပဲ တစ်ဆင့်ပြောင်းလဲ သန္ဓေတည်လာခဲ့တာပဲဖြစ်ပါတယ်။
ဒီသင်္ကေတဟာ ကိုးကွယ်ရာဘာသာတရားအချို့နဲ့ ဂမ္ဘီရသင်္ကေတလေ့လာသူများအတွက် အရေးကြီးတဲ့သင်္ကေတတစ်ခုဖြစ်ပြီး အဂ္ဂိရတ်ပြုလုပ်ခြင်းဆိုင်ရာများမှာ အများဆုံးအသုံးပြုကြပါတယ်။
ဒီသင်္ကေတဟာအနောက်တိုင်းမှာသာတွေ့ရတာမဟုတ်ဘဲ တရုတ်၊ ဂျပန်၊ အနောက်အာဖရိကစတဲ့နိုင်ငံများမှာပုံစံအမျိုးမျိုးနဲ့တွေ့ရပြီး Ouroboros သင်္ကေတကို တဲရော့ကတ် အမှတ်(၁) The Magician ကတ်မှာလည်းမှော်ဆရာရဲ့ ခေါင်းပေါ်မှာတွေ့ရပါတယ်။
Ouroboros သင်္ကေတဟာ ဘာသာပေါင်းများစွာ၊ နယ်ပယ်ပေါင်းများစွာနဲ့ နေရာအနှံ့မှာ အယူအဆပေါင်းများစွာနဲ့အသုံးပြုနေကြပြီး နိုင်ငံအလိုက်သင်္ကေတအယူအဆများကိုဖော်ပြရမယ်ဆိုရင် စာအုပ်အထူကြီးတစ်အုပ်ရလာမတတ်ပါပဲ။
ဒါကြောင့်မို့ ဒီသင်္ကေတအကြောင်းကို သဘောတရားအခြေခံလောက်ပဲဖော်ပြပေးလိုက်ပြီး KCB Center ရဲ့ သင်္ကေတဗေဒမှော်ပညာကဏ္ဍမှာ နောက်ထပ်လေ့လာသိမှတ်ဖွယ်ရာလေးတွေတင်ဆက်ပေးဦးမှာဖြစ်လို့ အားပေးကြပါဦးလို့ပြောရင်းနဲ့ ပို့စ်ကိုအဆုံးသတ်ပါတယ် ..။
KCB Center ကိုလည်း (၃)နှစ်ကြာတဲ့အထိ Supportလုပ်ပေးခဲ့တဲ့ fun များအားလုံးကိုလည်း ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ ..။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
Post a Comment