အဆောင်နန်းတော်သို့
မင်းသားလေးရောက်သောအခါ မင်းသားလေးသည် လွန်စွာကောင်းမွန်လှသော မွေ့ရာပေါ်တွင် ထိုင်ကာ
တစ်စုံတစ်ခုကို စဉ်းစားနေလေသည်။ ထိုတစ်စုံတစ်ရာမှာ ဆရာကြီးမှ အမတ်ကြီးကို ပြောလိုက်သောစကားသည်
နားထဲတွင် ပဲ့တင်သံတွေကဲ့သို့ ရိုက်ခတ်နေသည်။
“ ကျုပ်က
မသေချာပဲ မပြောပါဘူး။ အမတ်ကြီး ကျုပ်ပြောရင် နန်းတွင်းနိမိတ်ဖတ်ပုရောဟိတ်ကို မမှီရင်ရှိမယ်။
နိမ့်မယ်မထင်ဘူး။ မင်းသားလေးကို နန်းဆောင်မှာပဲ ထားလိုက်ပါအုန်း။
အချိန်တန်ရင် ပညာရပ်တွေအကုန်လုံးကို တဖြည်းဖြည်းတက်ကျွမ်းလာလိမ့်မယ်။ လူဆိုတာ သူ့ဘုန်းနဲ့သူလာတာပါ။ မိန်းမဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ် ဘုန်းကံနဲ့ မွေးဖွားလာကြတာပါ...။”
အချိန်တန်ရင် ပညာရပ်တွေအကုန်လုံးကို တဖြည်းဖြည်းတက်ကျွမ်းလာလိမ့်မယ်။ လူဆိုတာ သူ့ဘုန်းနဲ့သူလာတာပါ။ မိန်းမဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ် ဘုန်းကံနဲ့ မွေးဖွားလာကြတာပါ...။”
ထိုအကြောင်းအရာသည် တဖြည်းဖြည်းဖြင့် တွေးတောချင်စိတ်တွေသည်
ရင်ထဲရော နှလုံးသားပါ တဖွားဖွားပေါ်ပေါက်လာလေသည်။
“ ငါ့ဘာကြောင့်
ပညာကို မသင်ဘဲ တတ်မြောက်ရမှာလဲ..။ ပီးတော့ ငါကဘာဖြစ်နေလို့ သူများတွေလို မသင်ဘဲနဲ့
ထူးခြားစွာ မတတ်ဘဲ တတ်မြောက်ရမှာလဲ”
ထိုအချိန်တွင် မင်းသားလေးအဆောင်နန်းတွင်
ထွန်းညှိထားသော မီးတိုင်အချောင်းနှစ်ဆယ်သည် တပြိုက်နက်တည်း ငြိမ်းသွားလေသည်။ တံခါးမဖွင့်ထားလျက်နဲ့
အဆောင်ထဲတွင် တ၀ူးဝူးဖြင့် လေဖြည်းဖြည်းလေး တိုက်လာလေသည်။ မင်းသားလေးလည်း ထိုအခြင်းအရာကို
မြင်သောအခါ ကြောက်လန့်တကြား ဖြစ်သွားသဖြင့် တံခါးစောင့်များနှင့် အထိန်းတော်တို့ကို
အော်ပြီး ခေါ်သော်လည်း မည်သူတစ်ယောက်မှ အခန်းထဲကို ၀င်မလာကြချေ။မင်းသားလေးထိုင်နေသည့်
မွေ့ရာရှေ့တွင် အရောင်တလက်လက်တောက်ပလှသော အရောင်အမှုန်များသည် တဖြည်းဖြည်း ပေါ်ပေါက်လာလေသည်။
အရောင်အမှုန်များသည် တဖြည်းဖြည်း ပေါင်းစပ်ပြီး လူသားသဏ္ဍာန်ဖြစ်ပေါ်လာလေသည်။ ထိုလူသားရဲ့ပုံပန်းသဏ္ဍာန်သည်
လွန်စွာချောမောလှပပြီး မျက်နှာသည်လည်းရဲဝံ့သောမျက်နှာဖြင့် သနားကြင်နာတတ်သော အမူအရာရှိပေသည်။
ခန္ဓာကိုယ်အနေအထားသည်လည်း သန်စွမ်းသော ကိုယ်ခန္ဓာရှိပီး ရဲရင့်သောစိတ်ထားရှိပုံကို မျက်နှာတွင်ရှိသော
အရေးအကြောင်းများကို ကြည့်၍ သိရှိနိုင်ပေသည်။
“ အသင်ဘယ်သူလဲ.သင်က
ကျုပ်နန်းတော်ထဲကို အခွင့်မရှိဘဲ လာရတာတုန်း.။ အစောင့်တွေ အပြင်က အစောင့်တွေ မရှိကြဘူးလား။
ဒီထဲမှာ သူစိမ်းရောက်နေတာ သင့်တို့ မသိကြဘူးလား” မင်းသားလေးသည် ကြောက်လန့်တကြားဖြင့်
အပြင်က အစောင့်တွေကို လှမ်းခေါ်လိုက်လေသည်။ သို့သော်လည်း မင်းသားလေး ကြာကြာအသံမထွက်လိုက်ရဘဲ
ထိုလူသည် လက်ဝါးလေးတစ်ချက်ပြလိုက်သောအခါ မင်းသားလေး၏အသံသည် ပါးစပ်မှ ထွက်မလာတော့ဘဲ
“ တ၀ူးဝူး
တ၀ါးဝါး ” ဖြင့်သာ ပါးစပ်မှ အသံထွက်လာတော့သည်။ ထိုလူသည် မင်းသားလေးထိုင်နေတဲ့ မွေ့ရာပေါ်တွင်
တက်ထိုင်လိုက်ပြီး
“ မကြောက်ပါနဲ့..။
မင်းကို ဘာမှမလုပ်ပါဘူး။ မင်းအတွေးလေးတွေကို ရှင်းလင်းဖို့အတွက် ငါလာရခြင်း ဖြစ်တယ်.။
မင်းဘာကြောင့် ပညာတွေ မသင်ဘဲ တတ်မြောက်ရမှာလဲဆိုတဲ့ မေးခွန်းကို ငါ့ကလွဲပြီး မည်သည်လူ
ဖြေနိုင်မှာ မဟုတ်ဘူး.။ အဲဒါကြောင့် ငါလာခဲ့တာပဲ။ ငါက အသီးအပွင့်များရဲ့နတ်ဘုရား
ဖရီရာပါ။ ကမ္ဘာတစ်ခုလုံးမှာရှိတဲ့ လူသားတွေကို စောင့်ရှောက်ပေးတဲ့
နတ်ဘုရားတစ်ပါးပါပဲ။ ကဲ အခု မင်းစကားပြောနိုင်ပီ ”
ထိုအခါတွင်
မင်းသားလေးသည် ကြောက်ရွံ့သည့်စိတ်များ ကင်းဝေးသွားပြီး စကားပြောဖို့အတွက်
အားယူလိုက်လေသည်။ ထိုနောက် နတ်ဘုရား ဖရီရာကာ စကားစပြောလိုက်လေသည်။
“ အရှင်က နတ်ဘုရားတစ်ပါးဆိုတော့
ကျုပ်စိတ်ထဲမှာ တွေးနေတာတွေကို ဖြေပေးနိုင်တယ်ဆိုတာ မဆန်းပါဘူး..။ ဟုတ်တယ်.။
ကျုပ်က ဘာကြောင့် ပညာတွေ မသင်ဘဲ တတ်မြောက်နေရမှာလဲဆိုတဲ့ မေးခွန်းလေးကို
ဖြေပေးစေချင်ပါတယ်။ ” ထိုအခါ ဖရီရာနတ်ဘုရားသည် အသံထွက်အောင် ရယ်မောလိုက်ပီး
" ဒီလိုကွဲ့ နရဏီရဲ့..။ မင်းက
ငါ့ရဲ့အရင်ဘ၀တုန်းက ငါ့ရဲ့သားတော်ဖြစ်ခဲ့တယ်။ ငါက နတ်ဘုရားတစ်ပါးဆိုတော့
နတ်ဘုရားရဲ့သားတော်တစ်ပါးမှာ နတ်ဘုရားလို စွမ်းအားတွေ ရှိလာနိုင်တာပေါ့။ ပီးတော့
ငါက မင်းကို လူ့ပြည်ကို စေလွှတ်ရခြင်းကတော့ မင်းမှာ ဖူးစာရှင်တစ်ယောက်
ရှာရလိမ့်မယ်။ အဲဒီဖူးစာရှင်နဲ့ မင်းနဲ့နှစ်ယောက်ပေါင်းပီး ကမ္ဘာ့မြေလောကကြီးမှာ
ရှိတဲ့ အမှောင်စွမ်းအင်များကို ခုတ်ထွင်ရှင်းလင်းလိမ့်မယ်။ အဲဒီအတွက် မေးခွန်းတွေ
မမေးပါနဲ့။ မင်းဆက်လျှောက်ရမဲ့လမ်းသာ ဆက်လျှောက်ပါ။ မင်းက ငါ့ရဲ့သားတော်ဖြစ်တော့
အခက်အခဲမရှိပေမယ့် မနုဿရိသစုန်းကဝေတွေနဲ့ တွေ့ရင် အခက်အခဲရှိလိမ့်မယ်။ ဒါပေမယ့်
မင်းက ဥာဏ်ကောင်းပီး ကျော်လွှားနိုင်မှာပါ။ "
ထိုအခါ မင်းသားလေး၏မျက်လုံးသည်
တဖျတ်ဖျတ်တောက်ပလာပီး စိတ်ထဲတွင် ပီတိဖြစ်သွားသဖြင့် မျက်နှာတစ်ခုလုံးသည်
ပျားရည်ဆမ်းသော မုန့်ချိုပမာ ချိုမြိန်နေပေသည်။ စိတ်ထဲတွင်ရှိသော မသိစိတ်များသည်
လုံးဝကို ပျောက်ကွယ်သွားပီး စိတ်ထဲတွင် သိနေသည်ဟူသော ပုံစံမျိုးကို အာရုံထဲမှာ
ပေါ်နေပေသည်။
" ကဲ အဲဒါဆို ငါ့သွားတော့မယ်။
တို့စကားပြောတာကို နားထောင်နေတဲ့သူရှိတယ်.။ ကျန်တာတွေကို တဖြည်းဖြည်းချင်း
သိလာပါလိမ့်မယ်။ "
ထိုသို့ပြောပီး
နန်းဆောင်ကြီးတစ်ခုလုံးသည် အဖြူရောင်အလင်းတန်းများ ဖြာထွက်လာပီး အလင်းတန်းများသည်
နန်းဆောင်တွင်းသာမက နန်းဆောင်အပြင်ထိ ထိုးထွက်ရောက်ရှိသွားလေသည်။
ထိုအလင်းတန်းကြောင့် အပြင်တွင် ကျောက်ရုပ်သဖွယ်ဖြစ်နေကြသော အစောင့်များနှင့်
ရဲမက်များသည် တဖြည်းဖြည်းနိုးထလာလေသည်။ အိပ်ခန်းထဲတွင်
ကျန်ခဲ့သော မင်းသားလေးသည် အတွေးများရှင်းလင်းသွားပြီဖြစ်ပီး မိမိဘယ်လိုလျှောက်လှမ်းရမလဲဆိုသည့်
အကြောင်းအရာများကို တွေးတောနေစဉ်တွင်း
“ အုန်း….
ဝုန်း……” ဟူသော အသံများသည် နန်းဆောင်အပြင်မှ ထွက်ပေါ်လာနေသည်။ နန်းဆောင်အတွင်းသို့ အထိန်းတော်ကြီး
မာနလက္ခ ချက်ချင်း ရောက်လာပီး
“ ဘေးလွတ်ရာသို့
ရှောင်ရှားသင့်ကြောင်းပါ မင်းသားလေး…။ ဥယျာဉ်တော်အတွင်းတွင် ရှိသော ရွှေပန်းသီးအပင်ကြီးကို
မိုးကြိုးပစ်လိုက်ပီး ကျန်ရှိခဲ့တဲ့ ရွှေပန်းသီးတစ်လုံး အရှိန်ပြင်းပြင်း ပေါက်ကွဲသွားခြင်းကြောင့်
ဥယျာဉ်တော်ဖြင့် နီးသော နန်းဆောင်များ မီးများကူးကာ လောင်ကျွမ်းသွားပါတယ်။ မကြာခင်မှာ
မီးကူးလာမှာဆိုသဖြင့် မီးကင်းရာ ဘေးကင်းဆောင်ကို အရင်ဆုံး ရှောင်ထားသင့်ပါတယ်..။ မင်းသားလေးဘုရား…..” ဟု အထိန်းတော်ကြီးလည်း စကားလည်း ပြော မင်းသားလေးကို
ခေါ်ဆောင်ရင်း ဘေးကင်းဆောင်ကို သွားကြလေသည်။
“ အထိန်းတော်ကြီး…. မင်းကြီး နှင့် မယ်တော်ကြီး ရော အန္တရာယ်ကင်းရှင်းရဲ့လား….”
“ မင်းသားလေးကို
ကျွန်တော်မျိုး ခေါ်ဆောင်ခဲ့သလိုမျိုး မင်းကြီး နဲ့ မယ်တော်ကြီးအတွက်လည်း ကာကွယ်ပေးပြီး
ဘေးကင်းဆောင်ကို ခေါ်ဆောင်ပေးမှာပဲ ဖြစ်ပါတယ်။ မင်းသားလေး စိုးရိမ်ကြောင့်ကြမှု မရှိဘဲ
အရင်ဆုံး ဘေးကင်းဆောင်မှာ သွားလိုက်ပါ။ မီးကိုတော့ နန်းတွင်းသားတွေ ငြိမ်းသက်ပေးပါလိမ့်မယ်။”
စကားပြောနေရင်းဖြင့်
အထိန်းတော်ကြီးနှင့် မင်းသားလေးသည် အလျင်အမြန် ဘေးကင်းဆောင်ကို အရင်ဆုံးရောက်ရှိသွားခဲ့ပြီး
ဘေးကင်းဆောင်တွင် မင်းကြီးနှင့် မယ်တော်ကြီးတို့ ရောက်ရှိနေပြီး မင်းသားလေးသည် မင်းကြီးနှင့်
မယ်တော်ကြီးကို မြင်သောအခါ
“ ဖခမည်းတော်နဲ့
မယ်တော် ထိခိုက်ဒဏ်ရာ ဖြစ်ခဲ့ပါသေးလား ဘုရား..”
“ သားတော်လေးရယ်
ကိုယ်တော်ဘာမှ မဖြစ်ပါဘူး..။ ကိုယ်တော်တို့ မင်းသားလေးကို စိုးရိမ်နေတာ ဥယျာဉ်တော်နဲ့
မင်းသားလေးနန်းဆောင်က နီးတော့လေ…။”
“ ခမည်းတော်ဘုရား
ဥယျာဉ်အတွင်းတွင်ရှိသော ရွှေပန်းသီးပင်အခြေအနေသွားကြည့်ချင်လို့ ခွင့်ပြုပေးပါ..။ ရွှေပန်းသီးနှစ်လုံး
ကျန်သေးတယ်ဆိုတော့ အခု အဲဒီအပင်ကို မိုးကြိုးပစ်လိုက်လို့ အဲဒီပန်းသီးရဲ့အခြေအနေလေးကို
ကြည့်ချင်လို့ပါ။ သားကတော့ ဒီကိစ္စကို သွေးရိုးသားရိုးလို့ကို မထင်ဘူး။ နောက်ကွယ်ကနေ
လုပ်နေတဲ့ကိစ္စ ရှိကိုရှိမယ်လို့ ထင်တယ်။ ရွှေပန်းသီးက ဆယ်နှစ်မှ တစ်ခါသီးတဲ့အသီးလည်း
ဖြစ် စားလိုက်ရင်လည်း ကိုယ်ရောင်ကိုယ်ဝါတွေ ထွက်ပေါ်လာကတည်းက သိဒ္ဓိဝင်အသီးတစ်မျိုးလည်း
ဖြစ်နိုင်တယ်။ ခမည်းတော် စုံစမ်းစစ်ဆေးဖို့အတွက် ခွင့်ပြုပေးပါ။”
ထိုအခါ မင်းကြီးနှင့်
မယ်တော်ကြီးသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပီး အချိန်အတော်အတန်ကြာ စိတ်ထဲတွင်
တွေဝေနေသော ပုံစံဖြင့် သက်ပြင်းချလိုက်ပီး
“ သားတော်လေး
ရွှေပန်းသီးအကြောင်းကိုသာ အောင်မြင်စွာ ပြုလုပ်နိုင်မည့်ဆိုရင် ဒီနိုင်ငံမှာ သရဖူလက်ဆင့်ကမ်းရမဲ့
နောင်တစ်ချိန်မှာ မင်းကြီးဧကန်ဖြစ်မဲ့ မင်းသားဖြစ်လိမ့်မယ်။ မင်းသားကတစ်ယောက်တည်းရှိသလို
တိုင်းသူပြည်သားတွေကလည်း လက်ခံနိုင်တဲ့ မင်းကြီုးတစ်ပါးဖြစ်အောင် သားတော်လေးက ကြိုးစားပြရမှာပဲ။
ရွှေပန်းသီးပင်ဆိုတာကလည်း တိုင်းပြည်ရဲ့ဘဏ္ဍာတော်လည်း ဖြစ်သလို ကျက်သရေဆောင်ပစ္စည်းလည်း
ဖြစ်တယ်။ သားတော်လေး ရွှေပန်းသီးတွေအကြောင်း ကွင်းဆက်တွေ သိရဖို့ဆိုရင်တော့ ကိုယ်တော်က
ခွင့်မပြုချင်လည်း ခွင့်ပြုပေးရလိမ့်မယ်။ အကယ်၍ ကွင်းဆက်တွေကို သိဖို့ တိုင်ပင်ဖို့
တိုက်ခိုက်ဖို့ လူလိုရင်တော့ သားတော်လေးကိုယ်တိုင် အဲဒီလူတွေကို ရှာပီး ဆက်လက်လုပ်ဆောင်ပါ..”
“ကျေးဇူးတင်ပါတယ်..။
ခမည်းတော် အခုလို ခွင့်ပြုပေးသည့်အတွက်” စကားလည်းပြောပြီး မင်းကြီး နှင့် မယ်တော်ကြီးအား
သိုင်းဖက်လိုက်လေသည်။ မင်းကြီး နှင့် မယ်တော်ကြီးလည်း ပြန်လည်သိုင်းဖက်လိုက်ပြီး ချစ်ခြင်းမေတ္တာများကို
အပြန်အလှန် အသိအမှတ်ပြုလိုက်လေသည်။ ဒီချစ်ခြင်းမေတ္တာသည် ဖြူစင်သော (၅၂၈)မေတ္တာဖြစ်ပြီး
တစ်ယောက်ရင်ထဲက အကြောင်းကို တစ်ယောက်ရင်ထဲမှလည်း ၀င်ရောက်ခံစားပေးနိုင်သော ချစ်ခြင်းမေတ္တာလည်း
ဖြစ်ပေသည်။
မင်းသားလေးသည်လည်း
ဘေးကင်းဆောင်ထဲမှ ထွက်ပီး ဥယျာဉ်ကြီးကို ဖြတ်လမ်းကို အသုံးပြုပြီး ဥယျာဉ်တော်သွားလိုက်လေသည်။
လမ်းတစ်လျှောက်လည်း မီးများငြိမ်းသက်နေသော နန်းတွင်းသူနန်းတွင်းသားများကလည်း ခြေချင်းလိမ်နေကြသည်။တဖြည်းဖြည်းဖြင့်
လမ်းလျှောက်လာသောအခါ အလွန်ကျယ်ပြန့်လှသော ဥယျာဉ်တော်တွင်းသို့ ရောက်ရှိလာလေသည်။
ဥယျာဉ်တော်ကြီးကို
တည်ဆောက်ခဲ့သူမှာ တိုင်းပြည်ကြီး တတိယမြောက်ဘုရင်ဖြစ်သူ ဥပ္ပစိန္ဒမင်းကြီးဖြစ်ပြီး မင်းကြီးသည်
ငယ်စဉ်အခါတုန်းက ထူးဆန်းသောမှော်ဆရာကြီး ရာဖိုနက်နှင့် တွေ့ဆုခဲ့ပြီး မှော်ဆရာကြီး
ရာဖိုနက်က မင်းကြီ့းအား ထူးဆန်းသော အစိမ်းရောင်မှော်ပညာကို သင်ကြားပေးခဲ့သဖြင့် မင်းကြီးသည်
ဥယျာဉ်တော်ကြီး ထူးဆန်းသော ပညာရပ်များဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပေသည်။ ဥယျာဉ်ကြီးကို
အပေါ်ကနေစီး၍ ကြည့်ပါက ငါးထောင့်ကြယ်စက်ဝိုင်းပုံစံ မြင်ရမည်ဖြစ်ပြီး ထောင့်တစ်ခုချင်းစီတွင်
ထူးဆန်းသောအရုပ်ငါးရုပ်ရှိလေသည်။ ထိုအရုပ်ငါးရုပ်မှာ
(က)
သစ်အပင်များ ခေါင်းတွေပေါက်နေသော အစီမ်းရောင်မိန်းမအရုပ် ၊ အညိုရောင်တောင်ပံပါပြီး
လက်တွင် လှံရှည်တစ်ချောင်း ကိုင်ဆောင်ထားသည်။ အရုပ်အရှေ့တွင် ထူးဆန်းသော သင်္ကေတများဖြင့်
ရေးသားထားသော ကျောက်စာတစ်ချပ်ရှိလေသည်။ အရုပ်အောက်ခြေတွင် Alocica Guardian (အလိုစီယာအစောင့်အရှောက်) ဟု ရေးသားထားသည်။ အရုပ်ပတ်ပတ်လည်တွင်
မြေဓာတ်သင်္ကေတကို အနီရောင်ဆေးများဖြင့် ရေးဆွဲထားသည်။ မြေဓာတ်အစောင့်အရှောက် ဖြစ်တန်ရာတည်း…
(ခ)
ချိုနှစ်ချောင်းထွက်နေပီး ခြေထောက်တွင်ရှိသော ဖိနပ်သည် အတောင်ပံပါနေသောအရုပ် အနီရောင်ယောင်္ကျားအရုပ်
၊ ခန္ဓာကိုယ်တွင် သံချပ်ကာဝတ်စုံကို ၀တ်ဆင်ထားပြီး လက်နှစ်ဘက်တွင် အနီရောင်ဓား နှင့် အညိုရောင်ဓားနှစ်ချောင်း ကိုင်ဆောင်ထားသည်။
အရုပ်အရှေ့တွင် ထူးဆန်းသော သင်္ကေတများဖြင့် ရေးသားထားသော ကျောက်စာတစ်ချပ်ရှိလေသည်။
အရုပ်အောက်ခြေတွင် Acagia Guardian (အကာဂျီယာ
အစောင့်အရှောက်) ဟု ရေးသားထားသည်။ အရုပ်ပတ်ပတ်လည်တွင် မီးဓာတ်သင်္ကေတကို အနီရောင်ဆေးများဖြင့်
ရေးဆွဲထားသည်။ သင်္ကေတရေးသားထားသည့် ကျောက်စာအောက်တွင် မီးတောက်နေသည့် ဖွတ်တစ်ကောင်အရုပ်လည်း
ရှိသည်။
(ဂ)
ခြေထောက်သုံးချောင်း မျက်နှာတွင် အကြေးခွံတွေရှိပြီး ၀ဖိုင့်လှပြီး မျက်နှာပုံစံသည်
ရယ်မောနေသော လူဝယောင်္ကျားကြီးရုပ် ၊ ခန္ဓာကိုယ်တွင် မိကျောင်းအရေခွံပုံစံ အ၀တ်အစားကို
ဝတ်ဆင်ထားပြီး လက်တွင် လိပ်ကျောက်အမြီးကဲ့သို့ ကြာပွတ်အခွေကို ကိုင်ဆောင်ထားသည်။ လက်များတွင်
လက်နက်များပါဝင်သော ၊ ဦးခေါင်းတွင် ဘယက်ပုံစံ ခေါင်းဆောင်းကို ၀တ်ဆင်ထားသည့် အနက်ရောင်
ရေဘ၀ဲအရုပ်အရှေ့ကို စီးနင်းထားသည်။ အရုပ်အရှေ့တွင် ထူးဆန်းသော သင်္ကေတများဖြင့် ရေးသားထားသော
ကျောက်စာတစ်ချပ်ရှိလေသည်။ အရုပ်အောက်ခြေတွင် Polysiz Guardian (ပိုလီဆိုဒ် အစောင့်အရှောက်) ဟု ရေးသားထားသည်။ အရုပ်ပတ်ပတ်လည်တွင်
ရေဓာတ်သင်္ကေတကို အဖြူရောင်ကျောက်တုံးများဖြင့် ရေးဆွဲထားသည်။
(ဃ)
ကြီးမားလှသောအနက်ရောင် အတောင်ပံပါ ၊ မျက်နှာသည် သိမ်းငှက်မျက်နှာမျိုး ၊ ခန္ဓာကိုယ်သည်
ကျားသစ်ခန္ဓာကိုယ် အမြီးသည် နှစ်ခွဖြစ်နေသော ထူးဆန်းသောသတ္တ၀ါကြီးရုပ် ၊ လက်တွင် မိုးကြိုးပုံစံတုတ်တစ်ချောင်းကို
ကိုင်ဆောင်ထားသည်။ အတောင်ပံပါသည့် ခြင်္သေအရုပ်ကို စီးနင်းထားသည်။ အရုပ်အရှေ့တွင် ထူးဆန်းသော
သင်္ကေတများဖြင့် ရေးသားထားသော ကျောက်စာတစ်ချပ်ရှိလေသည်။ အရုပ်အောက်ခြေတွင်
Marnotaur Guardian (မာနိုတော် အစောင့်အရှောက်)
ဟု ရေးသားထားသည်။ အရုပ်ပတ်ပတ်လည်တွင် လေဓာတ်သင်္ကေတကို အဖြူရောင်ကျောက်ပန်းများဖြင့်
ရေးဆွဲထားသည်။
(င)
နောက်ဆုံးအရုပ်ပုံသည် ထူးဆန်းသောဝတ်ရုံကြီးကို ၀တ်ဆင်ထားသည့် မျက်နှာမမြင်ရသော လူသားရုပ်ထုကြီး
ဖြစ်သည်။ လက်ထဲတွင် ကြီးမားလှသောစာအုပ်ကြီး ရေးနေသည့် ပုံစံပါသည်။ စာအုပ်ပုံစံသည် အတောင်ပံပါနေသည့်
စာအုပ်ပျံမျိုး ဖြစ်နေလေသည်။ အရုပ်ကြီးမျက်နှာမှုထားရာ နေရာတွင် အဖြူရောင်လူတစ်ယောက်ထိုင်စာ
ကျောက်သားအထု နေရာလေး ရှိပေသည်။ ကျောက်စာတော့ မရှိပေမယ့် စာအုပ်တွင် သင်္ကေတစာများ ရှိပြီး
အရုပ်အောက်ခြေတွင် Rafonat Wizard (ရာဖိုနက် မှော်ဆရာကြီး) ဟု ရေးသားထားသည်။ အရုပ်ပတ်ပတ်လည်တွင်
ဝိညာဉ်သင်္ကေတကို အပြာရောင် ၊ အဖြူရောင် ၊ အ၀ါရောင် စတဲ့ ရောင်စဉ်(၇)မျိုး ကျောက်တုံးများဖြင့်
ရေးဆွဲထားသည်။
ဥယျာဉ်အကြောင်းနှင့်ပတ်သက်ပြီး ဒဏ္ဍာရီမြောက်မြားစွာ ရှိပေမယ့် ဥယျာဉ်အကြောင်း ပြောဆိုမည်ဆိုပါက
ဒီဝတ္ထုနှင့် ဆက်နွယ်မည်ရှိနိုင်မည် မဟုတ်ပါ။ ဒါပေမယ့် နိသိင်္ခဥယျာဉ်တော်ကြီး ၏ ဖြစ်ရပ်များသည်လည်း အခန်းဆက်တစ်ခုအနေဖြင့် ရေးသားမည်ဆိုပါက
ဂမ္ဘီရဆန်သောအကြောင်းအရာများနှင့် ပြည့်နှက်နေမည် ဖြစ်ပေသည်။ ထိုကြောင့် ဥယျာဉ်တော်ကြီးအကြောင်းနှင့်ပတ်သက်ပြီး
အလင်းမဲ့ကျိန်စာနှင့်ပတ်သက်သည့်အပိုင်းကိုသာလျှင် ဦးစားပေးရေးသားသွားမည် ဖြစ်ပါသည်။
မင်းသားလေးသည်
ဥယျာဉ်တော်အတွင်းသို့ရောက်သောအခါ မီးခိုးတွေ ထွက်နေသည့် သစ်ပင်များကို တွေ့ရပြီး အလယ်တွင်
တစ်ဝက်သာကျန်တော့သည့် ရွှေပန်းသီးပင်ကို တွေ့လိုက်ရနေသည်အခါ ရွှေပန်းသီးသည် တစ်လုံးသာကျန်တော့သည်ကို
တွေ့လိုက်ရသည်။ ထိုအချိန်တွင် ရွှေပန်းသီးပင်အနီးတွင် ရှိသော ရေကန်တစ်ခုမှ ရေများသည်
တဖြည်းဖြည်းနှင့် ပွက်လာလေတော့သည်။ မင်းသားလေးသည်လည်း ထူးဆန်းသောအခြင်းအရာများကို တွေ့လိုက်ရသည့်အတွက်
စိတ်ထဲတွင် ကြောက်လန့်သလို ဖြစ်ပေါ်လာပြီး သစ်ပင်အနီးမှာ ထွက်ပြေးချင်စိတ်ဖြစ်ပေါ်လာပေမယ့်
ရေကန်ထဲကို ဘာကြောင့် ပွက်သလဲဆိုသည့်အချက်ကို အရမ်းသိချင်စိတ်ပြင်းပြလွန်းတာကြောင့်
ရေကန်အနီးကို ကပ်လိုက်လေသည်။ ရေကန်သည် အလျားပေဆယ့်ငါးပေ အနံခြောက်ပေလောက်သာ ရှိပြီး
မင်းသားရပ်နေသည့်နေရာ၏ဟိုဘက်အခြမ်းတွင် ရေကန်ကို ည့ငုံကြည့်နေသော အ၀တ်နက်ကြီးကို ၀တ်ဆင်ထားသောလူတစ်ယောက်ကို
မြင်တွေ့လိုက်ရလေသည်။ ထိုလူကိုမြင်တွေ့လိုက်ရသောအခါ
“
ဟေ့ လူ ခင်ဗျား ဘယ်သူလဲ ဘာလို့ ဒီနေရာရောက်နေတာလဲ။”
မင်းသားလေး
လှမ်းအော်လိုက်သည့်အခါ ထိုလူကြီး၏ခေါင်းသည် မင်းသားလေးဆီကို မော့ကြည့်လိုက်လေသည်။
Post a Comment