Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

ရှန်တီမှော်ကျောင်း - မလှသောကိုယ်ခန္ဓာပြောင်းလဲခြင်းနည်း

မင်္ဂလာပါ အငယ်တို့။ တီချာ ဒီနေ့ သင်ကြားပေးမယ့် သင်ခန်းစာကတော့ အငယ်တို့လည်း စိတ်ဝင်စားမယ် ထင်ပါတယ်။  
မင်းကို ပိုပြီး လှ လာစေမယ့် အစီအရင်လေး တစ်ခုပေါ့။ ဘယ်လိုလဲ စိတ်ဝင်စားသွားပြီလား? ( ၀င်စားစား မ၀င်စားစား ဆက်ရေးမှာပဲ ဟွန်းးး လူဇိုး)
လပြည့်ည တစ်ညမှာ မှန်တစ်ချပ်ကို ယူပြီး အပြင်ကို ထွက်ပါ။ အပြင် မထွက်နိုင်ရင် ပြတင်းပေါက် ဖွင့်လိုက်ပါ။ လရောင်ဟာ မှန်ထဲမှာ ရောင်ပြန်ဟပ်နေဖို့လိုပါတယ်။ မင်းရဲ့ ဓာတ်ပုံတစ်ပုံကို ယူပါ။ မင်းရဲ့ ကိုယ်မှာ မင်း ဘာကို စိတ်တိုင်းမကျသလဲ? အဲဒီ အစိတ်အပိုင်းကို ပြောင်းမယ်။ ဆံပင်လား? နှုတ်ခမ်းလား? မျက်လုံးလား? မင်း ပြောင်းချင်တဲ့ဟာကို ပြောင်းမယ်။ အဲဒီဓာတ်ပုံကို စောစောက မှန်ပေါ်မှာ တင်လိုက်မယ်။ ပြီးတော့ အာရုံစူးစိုက်ပြီးတော့ ဒီဂါထာလေးကို ရွတ်မယ်။
                             "Moonshine, Starlight,
                          let the wind carry your light,
                         let your glow cover my body,
                       and let your shine cover every eye."
အဲဒီ ဂါထာလေးကို သုံးကြိမ်ရွတ်ဆိုရမှာဖြစ်တယ်။ မင်းပြောင်းချင်တဲ့ အစိတ်အပိုင်းကိုလဲ အာရုံစူးစိုက်ထားရမယ်။ အဲ့ဒီနောက်မှာတော့ ဒီဂါထာလေးကို ရွတ်ဦးမယ်။
                             "Moonshine, Starlight,
                           shape and mold my body,
                          as a rose is granted beauty,
                          let me blossom in your light,
                        the light that brings me beauty,
                     and grant me beauty three times three"
ဒီဂါထာကိုလည်း သုံးကြိမ် ရွတ်ဆိုရမှာဖြစ်တယ်။ ပြီးသွားရင် ပန်းရောင် ဖယောင်းတိုင် သို့မဟုတ် အမွှေးတိုင် တစ်ခုကို ထွန်းညှိလိုက်ပါ။
မင်းမှာ ယုံကြည်ချက် ရှိဖို့ပဲ လိုတယ်။ မင်းယုံကြည်ချက်နဲ့ အာရုံစူးစိုက်မှုကို မပျောက်ပါစေနဲ့။ အလှဆိုတာ အရေပြားတစ်ထောက်ပါ။ ဒါပေမယ့် လူတော်တော်များများက မသိကြဘူး။ မင်းက ဒါကို သိတယ်။ ဒါမင်းရဲ့ အားသာချက်ပဲ။

မားမားရှန်တီ
KCB Center 
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top