ဂမ္ဘီရပညာများကို မျှဝေပေးလိုက်ပါတယ်။ မိတ်ဆွေတို့ အနေနဲ့ ဂါထာများ၊
မန္တန်များ၊ အင်း၊ အိုင်၊ လက်ဖွဲ့၊ ခလှဲ့၊ အဆောင် စသည်တို့ကို
ကြားဖူးကြမှာ မြင်ဖူးကြမှာ ဖြစ်ပေမယ့် ချက်ခြင်းလက်ငင်းကြီး
ကောက်ကာငင်ကာကြီး အစွမ်းပြတာမျိုးတွေ ထူးထူးဆန်းဆန်းဖြစ်တာမျိုးတွေ
မြင်ဖူးချင်မှ မြင်ဖူးမှာပါ။ စိတ်ဝင်စားသူများလည်း ရှိကြပါလိမ့်မယ်။
စိတ်မ၀င်စားပါဘူးကွာ အလကားဟာတွေပါလို့ ဆိုချင်သူတွေလည်း ရှိကြပါမည်။ ဘာပဲ
ဖြစ်ဖြစ် ရှန်တီ့အနေဖြင့်တော့ သိထားသမျှကို တင်ပြပေးခြင်းသာ ဖြစ်ပါသည်။
ယုံသည် မယုံသည် လက်တွေ့လုပ်သည် မလုပ်သည်ကတော့ မိတ်ဆွေတို့
သဘောသာဖြစ်ပါကြောင်း…..
မိုးခေါ်ခြင်း
အိမ်ပြင်ထွက်ပါ။ ကောင်းကင်ကို မော့ကြည့်ပါ။ တိမ်များကို ကြည့်၍
အောက်ပါအတိုင်း ကျယ်လောင်စွာအော်ပါ။
"Ancient Gods and Goddesses,
I invoke thee.
Waters from the sky,
Let it be."
"I command thee now,
to thee all.
Listen to my desire,
Rain fall!"
အင်္ဂလိပ်လို အော်ရမှာပဲ ဖြစ်ပါတယ်။ မြန်မာဘာသာပြန်လိုက်လို့ မရပါ။
မြန်မာတစ်ယောက်က အင်္ဂလိပ်လို လုပ်တာ အစွမ်းပြပါ့မလားလို့
မယုံသင်္ကာမရှိပါနှင့်။ ဘယ်သူမဆို လုပ်၍ ရပါသည်။
ကိုယ်တိုင်စမ်းသပ်ကြည့်ပြီးပါ
မိုးရွာခဲ့ပါသည်။ မိုးတွင်းမို့ မိုးရွာတာကွာ ဘာဆန်းလို့လဲ ဟု
ပြောချင်လည်း ပြောပါ။ ရှန်တီကတော့ အရူးထစွာပင် ယုံပါသည်။
အဘယ့်ကြောင့်ဆိုသော် မိုးရွာအောင် လုပ်ပြီး ညပိုင်းတွင်
မိုးတိတ်အောင်လည်း ပြန်လုပ်လိုက်နိုင်သောကြောင့် ဖြစ်ပါသည်။
မိုးတိတ်စေခြင်း
"Gods of power, Gods of might,
I bid you now, stop this plight,
Stop the rain, we need no more,
Let it fall, nevermore.
အထက်ပါ စာများကို ကျယ်လောင်စွာ အော်ဟစ်ရွတ်ဆိုရပါမည်။ မိုးတိတ်စေရန်
စိတ်ဆန္ဒ ပြင်းပြစွာဖြင့် ရွတ်ဆိုရပါမည်။
မိုးနှင့် နွားသိုး အစိုးမရပါ။ ရာသီဥတု အပေါ်တွင်လည်း လူသာမာန်တစ်ယောက်က
တန်ခိုးအာဏာဖြင့် ထိန်းချုပ်၍ မရပါ။ ရှန်တီ ကိုယ်တိုင်
စမ်းသပ်ကြည့်ပြီးပါပြီ။ သို့သော် ဒါသည် တိုက်ဆိုင်မှုလည်း
ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ မိုးရွာဖို့ အော်တုန်းကလည်း မိုးတကယ်
ရွာခဲ့ပြီ။ မိုးတိတ်ဖို့ အော်တော့လည်း မိုးတကယ် တိတ်ခဲ့ပြီ။
တိုက်ဆိုင်သည်လား။ တကယ် စွမ်းသည်လား။ တစ်ခေါက်လုပ်၍ အောင်မြင်သွားလျှင်
ခဏခဏ မစမ်းသပ်ဖို့ လိုပါသည်။ တကယ် အသုံးလိုမှသာ အသုံးပြုရန်ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ဤဂါထာများတွင် ပါဝင်နေသည့် နတ်ဘုရားများ
တကယ်ရှိမရှိလည်း မသိနိုင်ပါ။ တကယ် မရှိလျှင် ကိစ္စ မရှိ။ တကယ်ရှိသည်
ဆိုပါက အခုပဲ မိုးရွာခိုင်းလိုက် အခုပဲ မိုးတိတ်ခိုင်းလိုက် လုပ်နေရင်
စိတ်ဆိုးကုန်မှာ စိုးသောကြောင့်ဖြစ်သည်။
ဆက်လက် တင်ပြပါမည်…
မဟာရှန်တီ
Post a Comment