KCB Center မှ မီးခိုးရောင်မှော်ပညာကျင့်စဉ်များကို လစဉ်တင်ဆက်ပေးလျက်ရှိပြီး အဆိုပါ မီးခိုးရောင်မှော်ကျင့်စဉ်များမှာ မိုင်ယန်လချင်းမှော်အတတ်ပညာရပ်များပင်ဖြစ်သည်။ ယခုအခါ မိုင်ယန်လချင်းနှင့်ဆက်စပ်လျက်ရှိသော ပျူ၊ ခခိုင်ချင်း၊ အစရှိသည့် ပျောက်ဆုံးနေသော ရှေးခေတ်မှော်အတတ်လိုက်စားခဲ့သည့် ခုနှစ်ပြည်ထောင်အား ရှာဖွေရန် သုတေသနပြုလေ့လာလျက်ရှိစဉ် မမျှော်လင့်သော လွဲချော်မှုအချို့ကြောင့် ပညာပြိုင်မှုများဖြစ်ပေါ်လာရပါသည်။
အဆိုပါ ပညာပြိုင်မှုများမှာ ပရလောကသားများ၊ ခခိုင်ချင်းနှင့်သက်ဆိုင်သောသူများ၊ မိုင်ယန်လချင်းနှင့်သက်ဆိုင်သောသူများကြားမှာ လွဲချော်မှုတစ်ခုဖြစ်ပြီး ပြဿနာဆက်လက်ကြီးထွားမလာစေရန်အတွက် မိုင်ယန်လချင်းပုံရိပ်ယောင်ပညာ အသုံးပြုမှုကို ခေတ္တထိန်းချုပ်မှုပြုလုပ်ထားပါသောကြောင့် မိုင်ယန်လချင်းပုံရိပ်ယောင်စွမ်းအင် အသုံးပြုမှုစွမ်းအင်နှင့် Power Bandwidth မှာ ယခင်ထက်ပိုမိုနည်းပါးနေမည်ဖြစ်ပါသောကြောင့် မိုင်ယန်လချင်းမှော်အတတ်များ ခေတ္တအားလျော့နေမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးကြေငြာအပ်ပါသည် .... ။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်
အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ
သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ
on Friday, February 14, 2014
Post a Comment