လတ်တလောမှော်ပညာလေ့လာသူတစ်ဦးစနှစ်ဦးစ ကြုံတွေ့နေရတဲ့ ပြဿနာဖြစ်ပါတယ်။ မတင်ဘူးလို့ရည်ရွယ်ထားပေမယ့် ဘာကြောင့်ဖြစ်ရတာလဲသိလိုသူများ၊ အခုဖော်ပြမယ့် အဖြစ်အပျက်ဖြစ်ပွားသူများရှိလို့တင်ပေးလိုက်ရတာပါ....။ အခုဖော်ပြမယ့်အကြောင်းအရာကတော့ မှော်ပညာစတင်လိုက်စားသူများ ကြုံတွေ့ရတဲ့ အချစ်ပုံပြင်လေးတစ်ခုအကြောင်းပါ။ အရမ်းပဲသာယာနာပျော်ဖွယ်ကောင်းသလို ထောင်ချောက်တစ်ခုလိုပဲ အရမ်းကိုအန္တရာယ်ကြီးမားလွန်းလှပါတယ်။
မှော်ပညာလိုက်စားစသူများဟာ စိတ်တံခါးကိုဖွင့်ထားတတ်ကြပြီး အဲ့ဒီစိတ်တံခါးဟာ ကောင်းခြင်းတွေကိုလည်း ဝင်ရောက်စေနိုင်သလို တစ်ခါတရံမှာ အဆိုးတွေလည်းရောက်လာတတ်ပါတယ်။ ၁၉၇ဝ ပြည့်နှစ်များက ဘိုးတော်ဆိုသူများဟာ သူတို့ဆီက စွမ်းအင်ကနေတစ်ဆင့် ကံကောင်းခြင်းကူးပြောင်းနိုင်ဖို့ ဆိုပြီး ကံကောင်းလိုသူ၊ သိဒ္ဓိလိုအပ်သူ အမျိုးသမီးများနဲ့အတူ အဝတ်အစားမပါဘဲ သူတို့အပေါ်ကနေထပ်အိပ်ကြပါတယ်။ အိပ်ရုံပဲအိပ်တာဖြစ်ပြီး စိတ်မထိန်းနိုင်တဲ့အခါ ကျူးကျော်အဆင့်သို့ပင်ရောက်ရှိခဲ့ကြပါတယ်။ ဒါက အိမ်ထောင်ရေးဖောက်ပြန်မှု၊ အပျိုစင်ဘဝပျက်သုဉ်းမှု စတဲ့ဆိုးကျိုးတွေရှိစေနိုင်ပြီးတော့ အခုဖော်ပြမယ့်အကြောင်းကတော့ စိတ်တံခါးဖွင့်သူတွေရဲ့ စိတ်ထဲ အိပ်မက်ထဲဝင်ရောက်လာတဲ့ အမည်မသိမိန်းမချောလေးတွေ အကြောင်းပေါ့။ ဒါကိုတော့ ပညာကွန်ရက်ဖွဲ့ပရိယာယ်လို့ သတ်မှတ်နိုင်ပြီး ပထမဆုံး အိပ်မက်ထဲမှာ စကားတွေနဲ့ဖောင်ဖွဲ့မယ် ... ပြုစုယုယမှုလေးတွေလုပ်မယ်...။ ညတိုင်း အနောက်ကနေဆီးဖက်ပြီး ပခုံးလေးပေါ် မေးလေးတင်ပြီးအိပ်မယ်။ ဒီလိုနဲ့ တဖြည်းဖြည်းချင်း အဆင်ပြေလာတဲ့အခါ လိင်ပိုင်းဆိုင်ရာ ပတ်သတ်မှုဆီကိုသွားမယ်။
အဲ့ဒီမှာပြဿနာကစတော့တာပါပဲ။ အဲ့ဒီပြဿနာဟာ ဘာလဲဆိုရင်တော့ အိပ်မက်ချစ်သူနဲ့ လိင်ပိုင်းဆိုင်ရာ ပတ်သတ်မှုပြုလုပ်လိုက်ခြင်းဟာ သူ့ရဲ့ ပညာကွန်ရက်နဲ့ဆက်သွယ်လိုက်ခြင်းပါပဲ။ ဒါဟာဘာကိုဆိုလိုလဲဆိုရင် အကောင်းမြင်ဘက်ကတွေးရင်တော့ မှော်အစွမ်းအချို့ရရှိသွားပြီဖြစ်ပေမယ့် အဲ့ဒီမှော်အစွမ်းနဲ့ပတ်သတ်တဲ့အပိုင်းနဲ့ပတ်သတ်ပြီး သူကသင့်ကို ထိန်းချုပ်သွားနိုင်ပါပြီ။ သူ့ရဲ့ကွန်ရက်ဟာ နိုင်ငံတစ်နိုင်ငံပုံစံမျိုးဖြစ်ပြီး သူကြိုက်တဲ့စည်းမျဉ်းတွေသတ်မှတ်မယ်..။ တစ်ခါတလေ စိတ်ရှိရင် လူတစ်ယောက်ကို ပြုစားချင်စိတ်တွေ မဖြစ်ဖြစ်အောင်လုပ်ခိုင်းမယ်။ မလိုချိန် ပညာသိမ်းမယ်။ လိုရင် ပညာလမ်းပြန်ဖွင့်ပေးမယ် ... စသဖြင့်ပေါ့။ အသက်သေအောင်တော့မလုပ်နိုင်ပေမယ့် သူ့ပညာကွန်ရက်အတွင်းကလူတွေကို ပညာပိုင်းနဲ့ပတ်သတ်ရာနေရာအချို့ကိုထိန်းချုပ်နိုင်မယ်။ ဥပမာအားဖြင့်ပြောရရင် စိတ်ဝိဥာဉ်လှည့်လည်သွားလာနေတဲ့ နှလုံးသားအတွင်းကအချိုင့်လေးထဲကနေတစ်ဆင့် နှလုံးသားကို နာကျင်အသည်းကွဲစေမယ်။ လူတွေကိုပြုစားစေမယ်။ ပဋိပက္ခတွေဖြစ်စေမယ်...။ စတဲ့မှန်းဆလို့မရနိုင်တဲ့ ဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်ပါတယ်။ လက်ရှိ အဲ့ဒီလို အိပ်မက်ချစ်သူတွေ့သူပေါင်း (၇)ဦးခန့်တွေ့ထားရပြီး ကျွန်တော်တို့မသိသေးတဲ့ အိပ်မက်ချစ်သူတွေ့နေသူ ကဝေပရိယာယ်ထောင်ချောက်ထဲ မိနေသူတွေ ဘယ်လောက်များနေလဲဆိုတာ မှန်းဆလို့တောင်မရနိုင်ပါဘူး။ အရမ်းအန္တရာယ်များတဲ့ကိစ္စပါ...။ ၂ဝ၁၄ခုနှစ်နဲ့ပတ်သတ်တဲ့ ပြဿနာအချို့နဲ့ ဆက်စပ်လာနိုင်တာကြောင့် ကျွန်တော်ဖော်ပြပေးလိုက်ရတာပါ။ ဒါကြောင့် ဒီလိုအိပ်မက်မျိုးမက်ခဲ့ရင် မှော်ပညာပိုင်းဆိုင်ရာသိကျွမ်းသူ အချို့နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ခင်ဗျာ။ KCB Center ကနေလည်း ဒီပရိယာယ်မှန်းသိစေမယ့် အချက်ပြမှုတွေကို ဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ကြောင်း ပြောကြားရင်းနဲ့ ကဝေပရိယာယ်ကွန်ရက်မှ ရုန်းထွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်ဗျာ။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
2 မှတ်ချက်များ
ကောင်းပါတယ် ကြုံလေ ကြုံဖူးတယ်
ReplyLoL
ReplyPost a Comment