၁။ နဂါးငွေ့ပတ်ခြင်း
ညအိပ်ချိန်တွင် လူကလှုပ်မရအောင်ဖြစ်သွားပြီးလျှင် ကိုယ်ပေါ်ကို မီးခိုးရောင်အခိုးအငွေ့များပတ်လာခြင်းဖြစ်ပါတယ်။ အဲ့ဒီလိုဖြစ်ပြီးနောက်မှာတော့ ကံတရားက သိသိသာသာကောင်းလာနိုင်ပါသတဲ့။
၂။ နှုတ်စီးခြင်း
မကောင်းသောစကားနဲ့ တစ်စုံတစ်ယောက်ကို ကျိန်ဆဲခြင်းကဲ့သို့သော ကြမ်းတမ်းသောစကားကို စိတ်ပါပါနှင့်ပြောဆိုမိပါက တကယ်ဖြစ်သွားခြင်းဖြစ်ပြီး ကောင်းသောနိမိတ်ပြောပါက ပုံမှန်အတိုင်းသာဖြစ်ပြီး ထိုနိမိတ်အတိုင်းဖြစ်မလာနိုင်ပါချေ။
၃။ စိတ်စီးခြင်း
လူတစ်ယောက်ကို မိမိကစိတ်တိုမိပါက ထိုစိတ်တိုခံရသူမှာ အလိုလိုမကောင်းသောအရာများဖြစ်ပွားခြင်း။
၎။ ရှေ့ဖြစ်ဟောနိုင်ခြင်း
မိမိ၏အနာဂတ်မှလွဲ၍ မိမိနှင့် FS Formula အရဆက်စပ်သူများ၏အနာဂတ်ကို အိပ်မက်အဖြစ်လည်းကောင်း အာရုံအဖြစ်လည်းကောင်း မြင်မက်နိုင်ခြင်း။
၅။ မှော်နည်းလမ်းသစ်များရှာဖွေတွေ့ရှိနိုင်ခြင်း
မိမိ၏အာရုံထဲတွင် အသစ်အသစ်သောမှော်အစီအရင်အချို့ အလိုလိုတတ်မြောက်လာခြင်း။
တို့ပဲဖြစ်ကြပါတယ် . . ။ ဒီနည်းလမ်းတွေသိပြီးနောက်မှ ကိုယ်က ဘယ်လိုထူခြားချက်မျိုးတွေနဲ့ ကြုံတွေ့ရလဲ ဆက်စပ်ဆင်ခြင်နိုင်ပြီး စိတ်ကိုဖြူစင်အောင်ထားနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ဗျာ . . .။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
Post a Comment