Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

အရှေ့တိုင်းဆေးကြိမ်လုံးနှင့်အနောက်တိုင်းမှော်နှင်တံပြုလုပ်စီရင်နည်း

            အရှေ့တိုင်းအထက်လမ်းဆရာတို့သည် ဆေးကြိမ်လုံးကိုစုန်းကဝေများ၊ အမှောင့်ပယောဂများကို နှိမ်နင်းရန်နှင့် ပညာပြိုင်ကြရန်အတွက် ဆေးကြိမ်လုံးကိုအသုံးပြုကြသည်။ အထက်လမ်းဆရာတို့သုံးသော ဆေးကြိမ်လုံးစီရင်နည်းမှာ အောက်ပါအတိုင်းဖြစ်သည်။ ဝါးပြန်ကို နှစ်တောင်အထိဖြတ်ကာ တံစူးဝါးလုပ်ပြီးထိုးရပါမည်။ ထို့နောက် ၄င်းကို လင်းတပနီအူစွပ်ကာ အပေါ်မှ ခွေးနက်အူကိုထပ်ပြီးစွပ်ပါ။ ထို့နောက်၎င်းအပေါ်တွင် ခြေမကြိုးရစ်ပတ်ကာ အပေါ်တွင်ဖယောင်းပုဆိုးကို ထပ်မံရစ်ပတ်ပြီးလျင် လင်းတတစ်ကောင်လုံး၏ပြာကိုသစ်စေးနှင့်နယ်၍ သားရိုးလုပ်ပြီးမံရပါမည်။ ထို့နောက်တွင်တော့ -
        "အွံ တစ်ပင်တိုင်နှင့်ရိပ်မြိုင်စိုးသည်၊ တန်ခိုးကြီးစွာ၊ ဟယ် . ဒေဝါ ... ငါ၏ရန်သူ ခုမူမကြာ နှိမ်နင်းပါလော။ မကြာထောင်းထောင်း မင်းစေကောင်း၊ လျှင်ကြောင်းသ္ဓိတိုက်၊ လျှင်ကြောင်းသ္ဓိလိုက် ..."
               ဟူသောမန္တန်ဖြင့် (၇)အုပ်စုပ်ရပါမည်။ အကျိုးကျေးဇူးမှာ ပယောဂဖမ်းပါက မိုးလျှင်အော်၏ ။ ရိုက်လျင်ပြေး၏ ။ ရေစိမ်တိုက်လျင်ဒဏ်ပြန်နိုင်၏ ။
            အနောက်တိုင်း မှော်ပညာလေ့လာလိုက်စားသူတို့သည် မှော်နှင်တံများကို စီရင်အသုံးပြုကြပြီး ထိုမှော်နှင်တံများကို အစောင့်အရှောက်အဆောင်အနေဖြင့် အသုံးပြုကြသည်။ ထိုမှော်နှင်တံကိုစီရင်နည်းမှာ လပြည့်နေ့တွင် မိမိနှစ်သက်ရာ သန့်စင်သောတုတ်တစ်ချောင်းကိုယူ
ကာ ကောင်းကင်မှလမင်းဆီသို့ဦးတည်ပြီး တုတ်ကိုမြောက်ကိုင်ကာ -
"Terra,Ignis,Aqua,
all three,
elements of astral I summon thee ,
Earth by Divinity, Divinity by Earth,
give the enemy the power to see,
The strength of the elements by my side,
No rules magic I shall abide,
now when my enemy meets his downfall,
this spell will have no power left at all,
in no way shall this spell reverse or place upon me any curse
so mote it be. "
           ဟူသော မန္တန်ကိုရွတ်ဆိုပေးရပါမည်။ အကျိုးကား တစ္ဆေသရဲ၊ဖုတ်ကောင်တို့၏ရန်မှကာကွယ်နိုင်ကာ အန္တရာယ်ကင်းစေနိုင်သည်။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top