သုတ္တနိပါတ်ပါဠိ၌-
အစာရေစာ ဆာဆောင်မွတ်သိပ်ခြင်း၊
တစ်စုံတစ်ခုသော ဝတ္ထုပစ္စည်းကို လိုချင်တောင့်တခြင်း၊
အသက်အရွယ် ကြီးရင့်အိုမင်းခြင်းဟူ၍ အနာရောဂါ သုံးမျိုးသာရှိသည်ဟု လာရှိလေသည်။
ဥက္ကာကရာဇ်မင်းကြီး လက်ထက်သို့ ရောက်သောအခါ မင်းဆရာပုဏ္ဏားတို့သည် သတ္တဝါတို့အသက်ကို သတ်ဖြတ်၍ ယဇ်နတ်ပူဇော်ပြီးလျှင် အသားကို စားသောက်သည်မှစ၍ လူတို့၏ ခန္ဓာကိုယ်၌ ၉၆ ပါးသော အနာ၊ ၉၈ ပါးသော အနာတို့သည် ဖြစ်ပေါ်လာကုန်၏။
ထို ၉၆ ပါးသောအနာ၊ ၉၈ ပါးသော အနာတို့ကို ဒသဂု‡တ္တရပါဠိ၊ မဟာနိဒ္ဒေသပါဠိတို့နှင့် ထိုထို ဆေးကျမ်းတို့၌ အကျယ်ဝေဖန်ပြဆိုလျက် ရှိကြသည်။
စက္ခုရောဂ-မျက်စိ၌ဖြစ်သော အနာ၊
သောတ ရောဂ-နားတွင်း၌ဖြစ်သော အနာ၊
ဃနရောဂ -နှာခေါင်း တွင်း၌ဖြစ်သောအနာ၊
ဇိဝှာရောဂ-လျှာ၌ဖြစ်သောအနာ၊
ကာယရောဂ-ကိုယ်၌ဖြစ်သော အနာ၊
သီသရောဂ- ဦးခေါင်း၌ဖြစ်သောအနာ၊
ကဏ္ဏရောဂ- နားရွက်၌ဖြစ် သောအနာ၊
မုခရောဂ -ခံတွင်းပါးစပ်၌ဖြစ်သောအနာ၊
ဒန္တရောဂ-သွား၌ဖြစ်သောအနာ၊
ကာသ-ချောင်းဆိုးနာ၊
သာသ-ကြို့ထိုးနာ(ကုတ်ဟီးနာ-ပန်းနာ)၊
ပိနာသ- နှာခေါင်းအပ၌ (နှာခေါင်းဖု၌)ဖြစ်သောအနာ (ဖွတ်သိုနာ- ထိပ်ခပ်နာ)၊
ဍဟ-ကိုယ်ပူသောအနာ၊
ဇရ- ဖျားသောအနာ၊
ကုစ္ဆိရောဂ-ဝမ်း၌ ဖြစ်သောအနာ၊
မုစ္ဆာ-မူးဝေသောအနာ၊
ပက္ခန္ဒိကာ-ဝမ်းသွေးကျသော အနာ၊ သွေးအန်သောအနာ၊
သူလာ-ဝမ်းလေထိုးကျင့် သောအနာ (ကိုက်ခဲသောအနာ)၊
ဝိသုစိကာ-ဝမ်းကျဝမ်းလျောသောအနာ၊ (ကာလနာ)၊
ကုဋ္ဌဌ-နူနာ၊
ဂဏ္ဍဍ- ထွက်မြင်းနာ မြင်းဖုနာ (အိုင်းနာ)၊
ကိလာသ-ည|င်းနာ၊ တင်းတိပ်နာ၊
သောသ-အသွေးအသား ခန်းခြောက်သော အနာ (ခယရုပ်နာ) (အဆုတ်ကိုစွဲ၍ဖြစ်သော ချောင်းဆိုးနာ) (ဆေးကျမ်းများ၌ ယင်းအနာကို မြစ်ခြောက်နာ၊ ပန်းသေနာ၊ သုက်ခန်းနာ ဟူ၍လည်း ခေါ်ဆို ကြ၏။)
အပမာရ- ဘီလူးဖမ်းသောအနာ (ပယောဂနာ) (ဝက်ရူးနာ)၊
ဒဒ္ဒု- ယားနာ၊ ပွေးနာ၊
ကစ္ဆု-ဝဲကြီးဝဲစိုနာ၊
ကဏ္ဍဍု- ဝဲငယ်ဝဲခြောက်နာ၊
နခသာ-လက်သည်းခြေသည်းတို့ဖြင့် ခြစ်မိသောအနာ၊
ဝိတစ္ဆိကာ လက်ဖဝါး ခြေဖဝါး ကွဲအက်သောအနာ (အဘိဓာန်နိဿယသစ်၌-ယားနာ ဟူ၏။)၊
လာဟိတပိတ္တ-ပိတ်ဝမ်းကိုက်သောအနာ၊
မဓုမေဟ- မြင်းသရိုက်နာ (ဆီးချိုနာ)၊
အံသာ- အရိယို သောအနာ (သွားရည်ယိုသောအနာ)၊
ပိကာ-ကိုယ်ရောင် သောအနာ ထွက်နိုင်းနာ- သွေးစုနာ၊
ဘဂန္ဒလ- ဘဂန္ဒိုက်နာ-ဘင်နာ (အဘိဓာန်နိဿယသစ်၌ ဝစ္စမဂ်၏ ပတ်ဝန်းကျင် လက်နှစ်သစ်အတွင်း၌ အကျိတ်အဖုဖြစ်၍ ပေါက်ကွဲတတ်သော အနာဟူ၏။)ဤသို့လျှင် အနာရင်း ၃၄ ပါး ဖြစ်သည်။
ထိုအနာရင်း ၃၄ ပါးတွင် အပမာရ-ဘီလူးဖမ်းသောအနာ (ပယောဂနာ)နှင့် နခသာ-ခြေသည်းလက်သည်း ခြစ်မိသော အနာတို့မှာ သလိပ်၊ သည်းခြေ၊ လေသုံးပါးတို့ကြောင့်ဖြစ်သော အနာတို့မဟုတ်သဖြင့် ထိုနှစ်ပါးသော အနာတို့ကို နုတ်ပယ်၍ ထားသည်။
ကြွင်းကျန်သော အနာရင်း ၃၂ ပါးတို့ကား သလိပ်၊ သည်းခြေ၊ လေသုံးပါးတို့ကြောင့်ဖြစ်သော အနာတို့ ဖြစ်ရကား၊ အနာရင်း ၃၂ ပါးကို သလိပ်၊ သည်းခြေ၊ လေသုံးပါးတို့ဖြင့် မြေ|ာက်ပွားသော် သလိပ်ကြောင့် ဖြစ်သော အနာ ၃၂ ပါး၊ သည်းခြေကြောင့်ဖြစ်သော အနာ ၃၂ ပါး၊ လေကြောင့်ဖြစ်သော အနာ ၃၂ ပါး၊ အလုံးစုံပေါင်းသော် အနာမျိုး ၉၆ ပါး ဖြစ် လာသည်။ ထိုအနာမျိုး ၉၆ ပါးကား ပိဋကတ်ကျမ်း၊ ဆေး ကျမ်းတို့၌ အလွန်ထင်ရှားသည်။ ပညာဗဟုသုတနည်းပါး၍ ၉၆ ပါး သရုပ်ကိုပင် မရေတွက်တတ်သော်လည်း လူတိုင်း၏ ပါးစပ်ဖျားမှာပင် ပြောဆိုသုံးစွဲလျက် ရှိကြသည်။
အနာမျိုး ၉၈ ပါးယူရာ၌ ၉၆ ပါး ရေတွက်ရာဝယ် နုတ်ပယ်ထားသော အပမာရ-ဘီလူးဖမ်းသော အနာ (ပယောဂါနာ)နှင့် နခသာ-ခြေသည်းလက်သည်းတို့ဖြင့် ခြစ်မိသော အနာ နှစ်ပါးကို ၉၆ ပါးတွင် ထည့်သွင်းကာ ၉၈ ပါး ဖြစ်လာသည်။ အထူးမှတ်ချက်-သလိပ်၊ သည်းခြေ၊ လေ သုံးပါးတို့ကြောင့် အနာဖြစ်သည်ဆိုရာ၌ သာမညအားဖြင့် ရောထွေးပြခြင်းသာ ဖြစ်သည်။ ဝိသေသအားဖြင့် ခွဲခြား၍ ယူမူကား- သလိပ် တစ်ပါးတည်းကြောင့်၊ သည်းခြေ တစ်ပါးတည်းကြောင့်၊ လေ တစ်ပါးတည်းကြောင့် ဖြစ်သောအနာတို့ကို ပြတက်နာဟု ခေါ်ဆိုကြ၏။ သလိပ်နှင့်သည်းခြေနှစ်ပါးတို့ကြောင့် သလိပ်နှင့် လေနှစ်ပါးတို့ကြောင့်၊ သည်းခြေနှင့် လေနှစ်ပါးတို့ကြောင့် ဖြစ်သောအနာတို့ကို ဒွေးဝန်းနာဟု ခေါ်ဆိုကြ၏။ သလိပ်၊ သည်းခြေ၊ လေသုံးပါးလုံးကြောင့်ဖြစ်သော အနာတို့ကို သန္နိပါတ်နာဟု ခေါ်ဆိုကြသည်။ ထိုကြောင့် ယခင်ပြဆိုခဲ့ပြီးသော အနာမျိုး ၉၆ ပါးကား သလိပ်၊ သည်းခြေ၊ လေသုံးပါး တို့တွင် တစ်ပါးစီဖြင့် မြေ|ာက်ပွားသော ပြတက်နာတို့သာဖြစ်သည်။
နှစ်ပါးစီဖြင့် မြေ|ာက်ပွားသော် သလိပ်နှင့် သည်းခြေ နှစ်ပါး တို့ကြောင့်ဖြစ်သော ဒွေးဝန်းနာ ၃၂ ပါး၊ သလိပ်နှင့် လေနှစ် ပါးတို့ကြောင့်ဖြစ်သော ဒွေးဝန်းနာ ၃၂ ပါး၊ သည်းခြေနှင့် လေနှစ်ပါးတို့ကြောင့်ဖြစ်သော ဒွေးဝန်းနာ ၃၂ ပါး၊ ပေါင်း သော် ဒွေးဝန်းနာ ၉၆ ပါး ဖြစ်သည်။
သလိပ်၊ သည်းခြေ၊ လေ သုံးပါးတို့ကြောင့်ဖြစ်သော သန္နိပါတ်နာကား ၃၂ ပါး ဖြစ်သည်။ အလုံးစုံပေါင်းသော် ပြတက်နာ ၉၆ ပါး၊ ဒွေးဝန်းနာ ၉၆ ပါး၊ သန္နိပါတ်နာ ၃၂ အားဖြင့် အနာမျိုး ၂၂၄ ပါး ဖြစ်နိုင် သည်။
တစ်နည်း စက္ခုရောဂ-မျက်စိ၌ဖြစ်သော အနာစသည့် ၃၂ ပါးကို မူတည်၍ သလိပ်၊ သည်းခြေ၊ လေတို့ဖြင့် မမြေ|ာက် ပွားဘဲ သလိပ်နာသက်သက် ၂ဝ၊ သည်းခြေနာသက်သက် ၄ဝ၊ လေနာသက်သက် ၈ဝ အားဖြင့် ပေါင်းသော် အနာမျိုး ၁၄ဝ ဖြစ်နိုင်သည်။ တစ်နည်း၊ စက္ခုရောဂ-မျက်စိ၌ဖြစ်သော အနာစသည့် ၃၂ မျိုးကိုလည်းကောင်း၊ သလိပ်၊ သည်းခြေ၊ လေဖြစ်ကြောင်း သုံးပါးကိုလည်းကောင်း၊ အမှတ်အသားမပြုပဲ ဆနဝုတိဆေး ကျမ်း၌ ပြဆိုထားသော အနာတို့ကား ၉၆ ပါး ဖြစ်သည်။
ဖဝါးပူပါဒရက်နာ၊
ဘိန်းပြဲကိုယ်ရောင်နာ၊
ကုတ်ဟီးချောင်းဆိုးနာ၊
ဝက်ရူးနာ၊
ရှူနာ၊
ဘက်သကပ်နာ၊
ကြို့ထိုးနာ၊
စိမ်ရေသင့်နာ၊
ကြွက်နို့နာ၊
ထွတ်မြင်းနာ၊
ခူကိုက်နာ၊
သနပတ်နာ၊
မှဲ့နာ၊
တင်းတိပ်နာ၊
သင်းခွေ ချပ်နာ၊
ပွေးည|င်းနာ၊
ရေယုန်နာ၊
အသား မာနာ၊
ကြက်လည်ပင်းကြီးနာ၊
အနာ မှောက်ခုံ၊
ရမ်းနမဲနာ၊
မွေးကျွတ်နာ၊
သွေးစု နာ၊
ဝက်ခြင်နာ၊ ဝက်ချုပ်နာ၊
တောင်စဉ် ခုနစ် ထပ်နာ၊
အနာပဆုပ်၊
ဆင်ကူလည်ပြတ်နာ၊
ဖွတ်သိုနာ၊
အနာသစ်ငုတ်၊
ရေဇူနာ၊
အိုင်းနာ၊
အိုင်ငယ်ရေမြွဆေိပ်နာ၊
ခရုဘေနာ၊
သက်တန့်ခေါင်းလျှိုနာ၊
သတပိုနာ၊
မြွလေက်ပတ်နာ၊
ဆံကျင်နာ၊
မှန်ကင်းနာ၊
အနာပတ္တမြား၊
မင်နာ၊
ဂရင်ဂျီအနာမီး၊
နဂါးပွက် နဂါးဖုံးနာ၊
ငရှဉ့်ပွက်နာ၊
ကိန္နရာနာ၊
မုတ္တကိတ်နာ၊
ထွက်နာ၊ ဝက်အူနာ၊
သရက်ကင်းနာ၊
အနာထွတ်၊
အထင်ကလိနာ၊
မုက္ခစိုနာ၊
ကာလနာ၊
မြင်းသရိုက်ပိတ်ဝမ်းပျက်နာ၊
မျက်စိနာ၊
သွေးကျနာ၊
ခေါင်းခဲဦယဉ်းနာ၊
အမူးနာ၊
နှလုံးသွေးနာ၊
တကျည်းနာ၊
ဂူနာ၊
ကျပ်သဖီနာ၊
မေဓုန်သနပတ်နာ၊
သွေးပွက် နာ၊
နူနာ၊
ဝဲနာ၊
အင်ပြင်နာ၊
မြေပြုတ်ရှပ်နာ၊
သွေးကင်ပိန့်နာ၊
ဝက်ခမ်းနာ၊
လိင်သေနာ၊
မုဿနာ၊
လေပူလောင်နာ၊
ရိစွဲနာ၊
ဆီးအောင့်နာ၊
မြွငေန်းသွေးငန်းနာ၊
ဂျွမ်းခိုက်နာ၊
သွေးမွှန်နာ၊
အော့နာ၊
အတွင်း သွေးပျက်နာ၊
သွေးသဖုံးနာ၊
ကလမူနာ၊
နို့ယဉ်နာ၊
ကျဗဟုံးကြက်ည|ာနာ၊
နို့မြွသေူငယ်နာ၊
ကျောက်နာ၊
ဝက်သက်နာ၊
မီးယပ်နာ၊
မြုံနာ၊
မြေသလိပ်နာ၊
သည်းခြေနာ၊
လေနာ၊
တုတ်သံနာ၊
ဒူလာသရောသွေးသွန်နာ၊
ဥတုယာဉ်ငယ်မန်းနာ၊
ပယောဂနာ၊
လောဘ- ဒေါသ-မောဟနှင့် ယှဉ်သောအနာ၊
ကိလေသာနှင့် ယှဉ်သောအနာဟူ၍ အနာမျိုး ၉၆ ပါးဖြစ်သည်။
ဒဗ္ဗဂုဏဆေးကျမ်း၌လည်း ကဏ္ဍဍု-ဝဲနာ၊ ယားနာ၊ ကုဋ္ဌဌ- နူနာ၊ ကိမိ-ပိုးနာ၊ သိလေသ-သလိပ်နာ၊ စသည်ဖြင့် အနာမျိုး ၁၂၂ ပါး ပြဆိုထားသည်။ ဤသို့လျှင် ကျမ်းအမျိုးမျိုး၌ ပြဆို ထားသော အနာတို့ကား များလှ စွာ၏။ [၁]
မြန်မာရိုးရာဆေးပညာ အရ အနာမျိုး(၉၆)ပါး၊ တစ်နည်း(၉၈)ပါး ရှိသည်။
စက္ခုရောဂါ (မျက်စိရောဂါ)
သောတရောဂါ (နားရောဂါ)
ဃာနရောဂါ (နှာခေါင်းရောဂါ)
ဇိဝှာရောဂါ (လျှာရောဂါ)
ကာယရောဂါ (ကိုယ်၌ဖြစ်သောရောဂါ)
သီသရောဂါ (ဦးခေါင်း၌ဖြစ်သောရောဂါ)
ကဏ္ဏရောဂါ (နားရွက်၌ဖြစ်သောရောဂါ)
မုခရောဂါ (ခံတွင်း၌ဖြစ်သောရောဂါ)
ဒန္တရောဂါ (ခံတွင်း၌ဖြစ်သောရောဂါ)
ကာသော (ချောင်းဆိုးရောဂါ)
သာသော (ပန်းနာရောဂါ)
ပိနာသော (ထိပ်ကပ်နာရောဂါ)
ဒါဟော (ကိုယ်ပူရောဂါ)
ဇရော (အဖျားရောဂါ)
ကုစ္ဆိရောဂေါ (ဝမ်းဗိုက်၌ဖြစ်သောရောဂါ)
မုစ္ဆာ (မူးမေ့သောရောဂါ)
ပက္ခန္ဒိကာ (သွေးဝမ်းရောဂါ)
သူလာ (ထိုးအောင့်သောရောဂါ)
ဝိသုဓိကာ (ဝမ်းရောဂါ)
ကုဋ္ဌဌ (နူနာရောဂါ)
ဂဏ္ဍေဍာ (ထွက်မြင်းနာရောဂါ)
ကိလေသော (ပြောက်ကျားသော ခရုသင်းနာ)
သောသော (မြစ်ခြောက်နာ)
ဒန္ဒု (ဝဲကြီးဝဲစိုနာ)
ကဏ္ဍဍု (ဝဲခြောက်နာ)
ကစ္ဆု (ပွေးနာ)
ဝိကစ္ဆိကာ (လက်ဖဝါး ခြေဖဝါး ကွဲသောအနာ)
လောဟိတပိတ္တံ (သွေးအံ သွေးကျနာ)
မဓုမေဟော (ဆီးချိုရောဂါ)
အံသာ (မြင်းသရိုက်ရောဂါ)
ပိဠကာ (ထွတ်အိုင်းနာ)
ဘဂန္ဒလာ (ဘရင်ဂျီနာ) - ပေါင်း အနာမျိုး(၃၂)မျိုးရှိသည်။
ထိုအနာ(၃၂)မျိုးတို့ကို လေ၊ သည်းခြေ၊ သလိပ် တည်းဟူသော ဒေါသပျက်(၃)မျိုးနှင့် မြှောက်လျှင် အနာမျိုး(၉၆)ပါး ဖြစ်သည်။
အပမာရော (ဝက်ရူးရောဂါ) နှင့် နခသာ (လက်သဲဖြင့် ခြစ်မိသောအနာ) (၂)မျိုးနှင့် ပေါင်းလျှင် အနာမျိုး(၉၈)ပါး ဖြစ်လေသည်။ လူကြီးသူမတို့ အစဉ်အဆက် သက်ငယ်သားမြေးတို့အား ဆုတောင်းပေးကြရာတွင် “အနာမျိုး(၉၆)ပါးမှ ကင်းဝေးပါစေ”ဟု ဆုတောင်းပေးလေ့ရှိကြသည်။ [၂]
အနာရောဂါရခြင်း၏ အကြောင်းရင်း ၈-ပါး
ဝါတ သမုဋ္ဌဌာန- လေကြောင့်၊
ပိတ္တသမုဋ္ဌဌာန- သည်းခြေကြောင့်၊
သေမှ သမုဋ္ဌဌာန- သလိပ်ကြောင့်၊
သန္နိပါတိကအထက်ပါအကြောင်း တို့ စုပေါင်းမိသောကြောင့်၊
ဥတု ဝိပရိဏာမ- ဥတုဖေါက်ပြန်သောကြောင့်၊
ဝိသမ ပရိဟာရ- အစာအာဟာရမညီညွတ်မှုကြောင့်၊
ဩပက္ကမိကသူတစ်ပါး တို့ရိုက်နှက်ပုတ်ခတ်မှုကြောင့်
ကမ္မဝိပါက- ကံကြောင့် [၃]
ကိုးကား
↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
↑ ဓမ္မဒူတ(အသက်ရယ်တဲ့ရှည်စေလို)
↑ သဠာယတနသံယုတ်။ ပါ။ ၄၂၈။ (ယေဘုယျနည်း၊)
ဝီကီပိဒိယမှယူးယူဖော်ပြပါသည်။
KCB Center
www.kcb-center.blogspot.com
Post a Comment