အရင်ကစကားတစ်ခွန်းပြောရင်
ကိုယ့်ကိုယ်ကို ကျွန်တစ်ယောက်လိုနှိမ့်ချပြီး
ကျွန်တော် ကျွန်မ လို့ပြောတတ်တဲ့၊
ကိုယ့်ကိုခေါ်တဲ့သူကို အရှင်တစ်ယောက်လိုသတ်မှတ်ပြီး
"ရှင်" လို့ပြန်ထူးတတ်တဲ့
ကိုယ်နဲ့စကားပြောနေတဲ့သူကို ရှင်ဘုရင်မင်းကြီးလိုသတ်မှတ်ပြီး
"မင်း" လို့ခေါ်တတ်တဲ့သူတွေ . . .
ခုတော့ ယဉ်ကျေးမှုတွေတစ်စစီပြန့်ကျဲကုန်ပြီလား . . .၊
ထီးနန်းအောက်မှာမနေရလို့ တကယ်ပဲ စည်းကမ်းဖောက်ခဲ့ပြီလား၊
ခုတော့စကားတစ်ခွန်းပြောရင် မေထုန်ကိစ္စမပါရင်မပြီးသလို . .
နားထောင်နေတဲ့သူကပဲ ပြောတဲ့သူကို
သူ့အမေပေးရတော့မလိုလို . . .
သူများတကာတွေတိုးတက်မှုဆိုတဲ့စနစ်ကြီးထဲမှာ
များပြားလှတဲ့အပြိုင်အဆိုင်တွေကြားထဲမှာ
အပြန်အလှန်ကြိုးစားနေကြချိန်
အချို့ကတော့ ရိုင်းစိုင်းမှုဆိုတာကို
ခေတ်မီခြင်းလို့အမည်ပြောင်းခေါ်ကြတယ် . . .
ညိုညစ်ညစ်အရောင်ဆင်တွေကိုတောင် ဆင်ဖြူလို့
သမုတ်ကြတဲ့ဒီလိုခေတ်ကြီးထဲမှာ
ဒါတွေက မဆန်းတော့ပါဘူး . . .
ဒီလိုပဲပေါ့ . . . တကယ့်အဖြူထည်လို့ပြောခံရသူတောင်မှ
နည်းနည်းလေးညိုညစ်ညစ်ဖြစ်ချင် . .
အနက်ရောင်လွယ်အိတ်ကိုလွယ်ရင်း ဘဝခရီးလမ်းကိုလျှောက်နေကြတာလား . .
ဒါမှမဟုတ် ကိုယ်ကျင့်တရားဆိုတဲ့မီးအိမ်ကိုကိုင်ရင်း
အမှောင်ထုထဲမှာ ဆက်လျှောက်နေကြတာလား . . .
သို့တည်းမဟုတ် သူတို့ကပဲထူးဆန်းနေသလား
ကျွန်တော်ကပဲထူးခြားနေသလား . . .
ဒီလိုတွေးရင်းနဲ့ အတွေးစလေးကိုမီးမှိတ်ပြီး
ခဏအနားယူလိုက်တယ် . . .
အော် . . . ငါ့ဘဝကြီးအမှောင်ကျသွားခဲ့ပြန်ပြီပေါ့နော် . . . .။ ။
ကြယ်စင်ချစ်သူ
Post a Comment