Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

သုံးခြမ်းကွဲခဲ့သောအချစ်

အချစ်ဆိုတဲ့အရာလား . . .
ချစ်ခြင်းလို့သမုတ်ပြီး
လူတန်းစားအမျိုးမျိုးကို အရူးလုပ်သွားခဲ့တာ
အချစ်ဆိုတဲ့အရာလား . . .
တစ်ဖက်သတ်ချစ်ခံရတဲ့သူရဲ့
ဆုံးဖြတ်ချက်သာအတည်ဖြစ်ပြီး
အသည်းကွဲသူတွေရဲ့နှလုံးသားကိုခင်းလျှောက်သွားခဲ့တာ
အချစ်ဆိုတဲ့အရာလား . . .
အိပ်မက်တွေကိုရိုက်ချိုး ပန်းတိုင်တွေကိုဖြိုလှဲပစ်ပြီး
နှလုံးသားထဲမှာ မုန်တိုင်းထန်သွားစေခဲ့တာ
အချစ်ဆိုတဲ့အရာလား . . .
အဆုံးအစမဲ့တဲ့ ပဟေဠိတွေ၊ကောင်းခြင်းဆိုးခြင်းတွေနဲ့
သဘာဝလွန်ဖြစ်ရပ်တွေကိုယူဆောင်လာတတ်တာ
အချစ်ဆိုတဲ့အရာကိုအချစ်လို့မသတ်မှတ်ရင်
နှလုံးသားကိုပြန်မေးကြည့်ပါ . . . .။
တောင့်တတဲ့အရာ ဘယ်ဆီမှာ
ဆဋ္ဌအာရုံကိုရှာခိုင်းကြည့်ပါ . . .
ကိုယ့်ရဲ့ကိုယ်ပွားလို့ပဲသတ်မှတ်ရမလား
ဒါမှမဟုတ် ဧဒင်ဥယျာဉ်ထဲကပန်းသီးက
သူ့နှလုံးသားမှာလို့ပဲဆိုရမလား . . .
ကျွန်တော့်ရဲ့နှလုံးသားကတော့ ချစ်ရတဲ့သူတစ်ယောက်ဆီမှာ
သူကတော့ ကျွန်တော့်နှလုံးသားကို
တုတ်ထိုးဆိုင်မှာ ဇောက်ထိုးချိတ်ချထားတယ် . . .
နှလုံးသားလေးကတော့ ဝယ်သူအလာကိုစောင့်ရင်း
မျှော်ရင်းမောပေါ့ . . . . .။
ချစ်တဲ့သူကတော့ ဘယ်ဆီမှာ
လူကတခြား . . . . ချစ်သူကတခြား
နှလုံးသားကတခြားနဲ့
အချစ်ဆိုတဲ့အရာကတော့
သုံးခြမ်းကွဲခဲ့ပြီပေါ့လား . . . .။     ။

ကြယ်စင်ချစ်သူ
KCB Center
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top