Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

Wizard (X) Files: Mysterious Deaths Untold


                     ဒီလောကကြီးမှာ အသက်ရှင်သန်ရသူရယ်လို့ဖြစ်လာခဲ့ရင် အို၊ နာ၊ သေခြင်းဆိုတာ မလွဲမသွေရင်ဆိုင်ရတာပါပဲ၊ အခုခေတ်မှာ အိုခြင်းကိုတားဆီးနိုင်တဲ့ဆေးတွေ၊ နာခြင်းကိုလျှော့ချနိုင်တာတွေ အများအပြားရှိနေပေမယ့် သေခြင်းတရားဆိုတာကို ဘယ်သူမှအခုထိမလွန်ဆိုင်နိုင်သေးပါဘူး။ သေခြင်း တရားကိုလွန်ဆန်ဖို့ ကြိုးစားတယ်ဆိုတာထက် သေခြင်းတရားရဲ့ အဓိပ္ပာယ်ကိုတောင်အခုထိမဖွင့်ဆိုနိုင် ကြသေးပါဘူး။ ဘယ်လိုအခြေနေမျိုးကိုရောက်သွားရင် သေဆုံးတယ်လို့ ခေါ်ပါသလဲ။ 
                       လူတစ်ယောက် အသက်ရှူရပ်သွားတိုင်း၊ နှလုံးမခုန်တော့တိုင်းသေပြီလို့ပြောလို့ရပါ သလား။ သေပြီလို့ပြောထားပြီး သေရွာပြန်လာခဲ့ကြသူတွေလည်း အများကြီးရှိသလို နှစ်စဉ် လူပေါင်း သိန်းနဲ့ချီပြီး တကယ်မသေဘဲ သေတယ်လို့သတ်မှတ်ပြီး အရှင်လတ်လတ်မီးသဂြိုဟ်ခံ၊ မြေမြှုပ်ခံနေ ရပါတယ်။ 
                          ဇီဝကမ္မစနစ်ကြီးတစ်ခုလုံးရပ်ဆိုင်းသွားရင်သေတယ်လို့ ကျမ်းဂန်အချို့ကဖွင့်ဆိုကြပါ တယ်။ ဇီဝကမ္မဆိုတဲ့နေရာမှာ ဇီဝဆိုတာက ၃၂ကောဌာသသော ရှင်သန်လှုပ်ရှားနေသော ရုပ်ကလာပ်အဖွဲ့ အစည်းကြီးဖြစ်ပြီး ကမ္မဆိုတာကတော့ ဒီဘဝ ဘယ်လိုအချိန်ဘာဖြစ်မယ်လို့ ကြိုတင်သတ်မှတ်ထားတဲ့ ကံတရားသတ်မှတ်ချက်များပင်ဖြစ်ပါတယ်။ လက်ရှိခေတ်မှာတော့ ဇီဝရုပ်အခြေအနေကိုသာ ကြည့်ကာ သေပြီမသေဘူးဆုံးဖြတ်ကြတာဖြစ်ပါတယ်။ 
                            တစ်ခါတစ်ရံမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဇီဝစနစ်ကြီးရပ်ဆိုင်းရကာ ကံမကုန်သေးသော ခံစား စံစားရမယ့် အကြောင်းအရာများကျန်သေးတာကြောင့် သေဆုံးခြင်း မရှိဘဲ သေရွာပြန်လာကြပါတယ်။ အချို့ ဇီဝစနစ်ရပ်ဆိုင်းတဲ့အချိန်မှာ ကမ္မစနစ်စီးဆင်းမှုဟာ ရပ်ဆိုင်းမှုမရှိဘဲ အတိတ်ကပုံရိပ်အချို့ (သို့မဟုတ်) နေရာအချို့ကိုရောက်ရှိပါတယ်။ ဒါဟာ ကမ္မစီးဆင်းမှုစနစ်ဟာ ဇီဝရပ်ဆိုင်းစဉ် ကိုယ်စားလုပ်ဆောင်မှုကြောင့်ဖြစ်ပြီး ထိုအချိန်မှာ အတိတ်၊ အနာဂတ်ပုံရိပ်၊ အတိတ်ဘဝပုံရိပ်၊ နတ်ပြည်၊ ငရဲစသော အခြားကမ္ဘာများသို့ ရောက်ရှိတယ်လို့ဆိုလိုပြီး အချို့ကတော့ ဒါကို မေ့မျောစဉ်ဝိညာဉ်လျှောက်သွားခြင်းလို့ ခေါ်ဆိုကြပါတယ်။ ဒါကြောင့် သေရွာပြန် တစ်ယောက်နဲ့တစ်ယောက် မိမိရောက်ရှိခဲ့သောနေရာမတူကြတာပါ။ ဥပမာ - သေရွာပြန်တစ်ယောက်က ယမမင်းကိုချိုနှစ်ချောင်းနဲ့မြင်ပြီး သေရွာပြန်တစ်ယောက်က ယမမင်းကို နတ်ဝတ်တန်ဆာနဲ့မြင်တယ်လို့ ဆိုပါတယ်။ 
                        အဲ့ဒီမြင်ကွင်းတွေ ဒီဇိုင်းပုံစံတွေဟာလည်း လက်ရှိလူ့ပြည်ခေတ်ရေစီးကြောင်းနဲ့ သက်ဆိုင်နေပါတယ်။ ကျမ်းဂန်လာ နတ်ဘုရားတွေ နတ်တွေရဲ့ ဝတ်စားဆင်ယင်မှုပုံစံဟာ ထိုခေတ်က ခေတ်စားခဲ့သော ကနုတ်ပန်းပုံစံများ၊ ခမ်းနားသည်ဟုဆိုသောအဆောက်အုံများ စသောပုံစံနဲ့ဆင်တူနေတတ်ပါတယ်။ ဒီလိုပုံစံမျိုးစုံမြင်ရခြင်းကို ခန္ဓာကိုယ်တွင်ရှိသော ပုံရိပ်ယောင်ပင်မဌာနမှ ပြန်လည်လုပ်ဆောင်ပါတယ်။ 
                            ဇီဝစနစ်ရပ်ဆိုင်းရခြင်းဆိုတဲ့နေရာမှာ ကျွန်တော်တို့လူသားတွေရဲ့ ခန္ဓာကိုယ်မှာ မြောက်များလှစွာသော ဆဲလ်များက သေဆုံးလိုက် အသစ်တစ်ဖန်ပြန်လည်ရှင်သန်လိုက်နှင့် ပျက်လိုက်ဖြစ်လိုက်ဖြစ်နေပါတယ်။ ဒါဟာ တစ်ကိုယ်လုံးမှာ အညီအမျှဖြစ်နေတယ်ဆိုပေမယ့် ဥပမာ ကျွန်တော့်လက်မှာ ဓားရှသွားတယ်ဆိုကြပါစို့။ အဲ့ဒီဓားရှတဲ့နေရာမှာ ရှရာအကွဲကြောင်းကြီြးုဖစ်သွားပြီး နာကျင်မှုကိုဖြစ်ပေါ်စေလာတယ်။ ဒါပေမယ့် ရက်သတ္တပတ်မကြာမီမှာပဲ အဲ့ဒီနေရာမှာ အကွဲကြောင်းပြန်ဆက်သွားတယ်။ အသားတွေအလိုလိုတက်ပြီး အက်ကွဲကြောင်းပြန်ဆက်တယ်ဆိုတာက အဲ့ဒီနေရာရဲ့ ဆဲလ်ပွားနှုန်းက နာကျင်မှုကြောင့် အခြားနေရာတွေထက်ပိုများသွားတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုအပြင် စိတ်ပိုင်းဆိုင်ရာနာကျင်မှုဟာလည်း ကျွန်တော်တို့ရဲ့ ဆဲလ်ပွားများခြင်းကို တိုးပွားစေပါတယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြောင့် ရုပ်နာမ်နှစ်သွယ် နာကျင်မှုတွေဖြစ်ပေါ်ပြီး ဖြစ်သင့်သည့်ပမာဏထက် ဆဲလ်ပွားမှုပိုများလာသောအခါ အိုမင်းခြင်းဆို တာဖြစ်ပေါ်ပါတယ်။ စိတ်ဖိစီးမှုနည်းတဲ့သူတွေ သာမန်လူတွေထက် ရုပ်ပိုကျတယ်ဆိုတာကလည်း အဲ့ဒါကြောင့်ပါပဲ။ ဆဲလ်ပွားခြင်းကိုထိန်းချုပ်ဖို့ဆိုရင် မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ တတ်နိုင်သလောက်လျှော့ချပေးရမှာပါ။ လူတစ်ယောက်ဟာ ဖိစီးမှုနည်းလေ အသက်ရှည်လေပါပဲ။ ဒါဟာ ဇီဝတဲ့ပတ်သတ်လို့ ကျွန်တော်တို့ ဇရာမရင့်စေဖို့ ဆင်ခြင်ရမယ့်အချက်ထဲကတစ်ခုပေါ့။ 
                     ဇီဝလှုပ်ရှားမှုကို ရာသက်ပန်နှိုးဆွရင် သေခြင်းမဲ့နိုင်မယ်လို့ ယူဆထားသော ပညာရှင်မျာလည်းရှိနေတာဖြစ်ပြီး သူတို့ဟာလည်း အမျိုးမျိုးသော စမ်းသပ်မှုများနဲ့သေခြင်းတရားကို ရပ်တန့်တားဆီးနိုင်ဖို့ကြိုးစားနေကြပါတယ်။ အချို့ကတရားဝင်စီမံကိန်းနဲ့လုပ်ဆောင်နေပြီး အချို့က သီးသန့်လျှို့ဝှက်စွာလုပ်ဆောင်နေကြပြီး မိမိတို့နိုင်ငံမှာလည်း ဒီလိုသုတေသနစီမံကိန်းမျိုးတွေမရှိဘူးလို့ မပြောနိုင်သေးပါဘူး။ 
                                 ကမ္မပြီးဆုံးပြီးဇီဝမကုန်သေးသူများဟာတော့ သူတို့ဟာ ကံကုန်ကာတကယ် တမ်းသေသွားကြပြီဖြစ်ပြီး ထွေပြားလှသော ပရကမ္ဘာသားများ သူတို့ဇီဝကိုဝင်ရောက်စီးပူးကြတာမျိုးတွေ ရှိပါတယ်။ မြန်မာ့အစဉ်အလာမှာတော့ ဒါကို ဖုတ်ဝင်တယ် လို့ခေါ်ကြပါတယ်။ ဘယ်လိုပဲပြောပြော ကျွန်တော်တို့ လက်ရှိလူသားတွေဟာ သေခြင်းနဲ့ရှင်ခြင်းကြားက တည်ရှိနေမှုသက်သက်သာဖြစ်ပါတယ်။ ဇီဝကုန်တိုင်းသေတယ်လို့သတ်မှတ်ပြီး မီးသဂြိုဟ်ခံရမှုဟာ လူတိုင်းမှာဖြစ်နိုင်ချေရှိပါတယ်။ ဒါကြောင့်မို့ ရှေးလူများဟာ အလောင်းကို (၇)ရက်ထားကြတဲ့ဓလေ့ရှိပြီး ပုပ်သိုးမှသာ မီးသဂြိုဟ် ဒါမှမဟုတ် မြေမြှုပ်ကြပေမယ့် အခုအခါမှာ ဒီဓလေ့ဟာ ပျောက်ဆုံးလုနီးနေပြီပဲဖြစ်ပါတယ်။ အချို့တွေ ကမ္မကုန်ပြီး ဇီဝရှင်သန်နေတဲ့သူအများစုဟာ တရားကျင့်ကြံအားထုတ်နေသူများပဲဖြစ်ပြီး လူသေသွားသော်လည်း ဇီဝမသေသောကြောင့် ဆံပင်များ၊ လက်သည်းများရှည်ထွက်ခြင်း၊ ပုပ်သိုးမှုမရှိခြင်းတို့ဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။
                               လာမယ့်အပတ် Wizard (X) Files မှာတော့ သေဆုံးခြင်းကိုရပ်တန့်သူများနဲ့ အခြားဘယ်မှာမှ ရှာမရနိုင်တဲ့ ဖုံးကွယ်ထားတဲ့သုတေသနမှတ်တမ်းများကိုဖော်ထုတ်တင်ပြသွားပါ့မယ်။ ကျွန်တော်တို့ Wizard (X) Files ကဏ္ဍဟာ KCB သုတေသနဌာနနဲ့ ပူးပေါင်းကာ ထုတ်ပြန်သော စာတမ်းများကိုအခြေခံထားတာဖြစ်ပြီး လူထုကိုဖုံးကွယ်ထားသော၊ ပျောက်ကွယ်နေသော၊ လောကကြီးက လှည့်ဖျားထားသော နောက်ကွယ်မှအရာများကို ဖော်ထုတ်တင်ပြနေတဲ့ ကဏ္ဍတစ်ခုဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
www.kcb-center.com
Innovation of Witchcraft in Myanmar

(ယခုလုပ်နေဆဲ သုတေသနလုပ်ငန်းများတွင် ပါဝင်ကူညီပေးထားသော KCB သုတေသနဌာနအဖွဲ့ဝင်များအား အထူးပင်ကျေးဇူးတင်ရှိပါသည်။)
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top