ဒီတစ်ခေါက် KCB ကိုလာလည်တဲ့ သူငယ်ချင်းတွေအတွက်
အာကာသစခန်းကနေရိုက်ကူးထားတဲ့ မြင်ရခဲတဲ့
ဓာတ်ပုံလေးတွေကိုမျှဝေပေးချင်ပါတယ်ဗျာ . .။

ခုမြင်နေရတဲ့ပုံလေးကတော့ လဟာကမ္ဘာဂြိုဟ်နဲ့ အနီးကပ်ဆုံးဖြစ်နေတဲ့အချိန်မှာ
ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်ဗျာ . .။ ကဲ . .နောက်တစ်ပုံကို
ဆက်သွားလိုက်ကြရအောင်နော် . .။

ခုနောက်တစ်ပုံကတော့ ကမ္ဘာမြေပေါ်မှာ မီးတောင်ပေါက်ကွဲနေတဲ့ပုံကို
ကောင်းကင်ကနေ အထက်စီးနဲ့ရိုက်ထားခြင်းဖြစ်ပါတယ်ဗျာ .။ ဘယ်လိုပြုပြင်ချက်မှ
ပါဝင်ခြင်းမရှိတဲ့ ဓာတ်ပုံလေးတစ်ပုံပါပဲ။

ဒီပုံလေးကတော့ နေ၀င်ချိန်ကို အပေါ်စီးကနေမြင်ရတဲ့ ပုံလေးပါပဲဗျာ . . .။

ဒီပုံလေးကတော့ မားဂြိုဟ်(အင်္ဂါဂြိုဟ်) ပေါ်ကနေရိုက်ကူးထားတဲ့ပုံလေးပါ။ အင်္ဂ
ါဂြိုဟ်ပေါ်ကနေပြီး ကမ္ဘာဂြိုဟ်၊ ဂျူပီတာဂြိုဟ်နဲ့ ဗီးနပ်စ်ဂြိုဟ်တို့ကို
သေးငယ်တဲ့အစက်ပြောက်လေး သုံးပြောက်အဖြစ် မြင်နေရတဲ့ပုံပဲဖြစ်ပါတယ်။

အဲ့ဒါကတော့ ကမ္ဘာကိုလည်ပတ်နေတဲ့ ဂြိုဟ်တုတစ်လုံးရဲ့ပုံကို နာဆာမှရိုက်ကူးထားခြင်းဖြစ်ပါတယ်။
ခုဖော်ပြခဲ့တာတွေကတော့
အာကာသမှရိုက်ကူးထားတဲ့ တကယ့်ဓာတ်ပုံအစစ်အမှန်တွေပဲဖြစ်ပြီး ကမ္ဘာမြေပေါ်က
ဆန်းကြယ်တဲ့ရှုခင်းပုံများကို မယုံမရှိနဲ့တကယ့်ကမ္ဘာ ခေါင်းစဉ်နဲ့
ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်ဗျာ . . .။
KCB Center
www.kcb-center.blogspot.com
ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်
အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ
သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ
Filed Under:
သိပ္ပံလောက
on Thursday, February 7, 2013
Post a Comment