Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

ကာယာနုပဿနာကျမ်းမှ ပဋိသန္ဓေအကြောင်းကို လေ့လာကြည့်ခြင်း (ဒုတိယပိုင်း)

လေအသံထိ၍ ပဋိသန္ဓေရခြင်း
           ကြက်မတို့သည် လေခံ၍ ပဋိသန္ဓေရကြသည်။
                   ယထာ ဗလာက ယောနိမှီ၊ န ဝိဇ္ဖတိ ပုမောသဒ္ဒါ။
                   မေဃေံသု ဂဇ္ဖမာနေဘု၊ ဂဗ္ဘံ ဂဏှန္တိ တာ သဒါ။   ။
            ဟူသော အရှင်ဥပါလိအပဒါန် ပါဠိတော်တွင် ဟောတော်မူသောကြောင့် ဗျိုင်းအောက်မတို့သည် မိုဃ်း(မိုး)သံဖြင့် ပဋိသန္ဓေရကြသည်။ (ဗလာလောက ဟူ၍ဟောတော်မူသောကြောင့် ဗျိုင်းအောက်မတို့ကိုသာမှတ်အပ်သည်၊ ဗျိုင်းဖြူကိုမမှတ်နှင့်။)
           ထိုသို့ အမိဝမ်းသို့ဝင်လတ္တံ့သော သတ္တဝါရှေးရှုရှိခြင်း၊ အမိဥတုလာ၍ပြီးစခုနစ်ရက်အတွင်း ဖြစ်ခြင်းအကြောင်း နှစ်ပါးရှိလျှင် အင်္ဂါဇာတ်ခြင်းထိမှသာမဟုတ်၊ အမိရာဂစိတ်ဖြစ်လျှင်ပင် ပဋိသန္ဓေရတတ်သောကြောင့် များသောအားဖြင့် ဥတုလာ၍ပြီးစဖြစ်သော မိန်းမတို့သည် ပဋိသန္ဓေကို ရသည်ချည်းတည်း။
သားမရခြင်းအကြောင်းနှင့် ပဋ္ဋိသန္ဓေကလာပ်စည်း
   
(၁)ရှေးအကုသိုလ်ကံ
(၂)သားအိမ်တွင်းတွင် ရှိသောပိုး
(၃)ပျက်သောလေ
            ထိုအကြောင်းသုံးပါးတို့တွင် တစ်ပါးပါးတို့ကြောင့် ပျက်စီးခြင်းများသောကြောင့် သားကို မဘွားမြင်(မဖွားမြင်)ရ ဟူ၍လည်း မှတ်အပ်၏ ။
            ထိုအကြောင်းသုံးပါးတို့ကြောင့် အမိဝမ်းတွင် ပဋိသန္ဓေယူရသော ဂဗ္ဘသေယျသတ္တဝါသည် အမိ၏ဝမ်း သားအိမ်တွင်းတွင် အဖ၏သုတ်၊ အမိ၏သွေးကိုအမှီပြု၍-
(၁)ကာယဒသက ကလာပ်တစ်စည်း
(၂)ဝတ္ထုဒသက ကလာပ်တစ်စည်း
(၃)ယောက်ျားဖြစ်အံ့ ပုမ္ဘာဝ ဒသက ကလာပ်တစ်စည်း၊ မိန်းမဖြစ်အံ့ က္ကတ္ထိဘာဝဒသက ကလာပ်တစ်စည်း။
            ထိုသို့ ကလာပ်၃စည်းအားဖြင့် ပဋိသန္ဓေတည်ရ၏။ အမှတ်စဉ်၃ရှိကလာပ်နှစ်စည်းအနက် တစ်စည်းမှမရပါက နပုံးဖြစ်ကာ ကာယဒသက၊ ဝတ္ထုဒသက ကလာပ်၂စည်းတို့ဖြင့်သာ ပဋီသန္ဓေတည်ရ၏  ။
တတိယပိုင်းကို ဆက်လက်ဖတ်ရှုကြပါရန်

author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top