ကာမဘုံတွင် ဂဗ ၻေသယ် ပဋိသန္ဓေဖြစ်ကြောင်း ပဋိသန္ဓေဖြစ်ပုံတို့ကိုပြဆိုရလျှင် ဓာတုဝ ၀တ္ထန်ကမ္မဌာန်း၊ ကာယဂတာသတိ ကမ္မဌာန်း၊ တို့၏အရာတွင် အထူးသဖြင့်ထင်ရှားရန်ရှိသောကြောင့် ပဋိသန္ဓေတည်ကြောင်း ၊ ပဋိသန္ဓေတည်ပုံတို့ကို ပြဆိုပေအံ့။
မူလပဏ္ဏာသ ပါဠိတော် မဟာတဏှာသင်္ခယသုတ်တွင် ဟောတော်မူသောအရာများအရ -
- မိခင်သည် ဥတုလာပြီးစခုနစ်ရက်အတွင်းတွင်ဖြစ်စေ။
- တိုအမိဝမ်းသို့ဝင်လတ္တံ့သော သတ္တဝါလည်း ရှေးရှုတည်သည်ဖြစ်စေ။
- ထိုအခါ အမိရာဂစိတ်ဖြစ်အောင် ယောက်ျားတစ်စုံတစ်ယောက်၊ ဝတ္ထုတစ်စုံတစ်ခု သွားလာထိပါးသည်ဖြစ်စေ။
ဝတ္ထုနှင့်ထိ၍ပဋိသန္ဓေရခြင်း
အမိရာဂစိတ်ဖြစ်အောင်ပြုရာတွင် အင်္ဂါဇာတ်ခြင်းထိကြမှသာမဟုတ်၊ ကိုယ်လက်များကို သုံးသပ်ခြင်းဖြင့်သော်လည်းရာဂစိတ်ကို ဖြစ်စေနိုင်၍ ပဋိသန္ဓေကိုတည်စေနိုင်၏။ တို့ကြောင့် သုဝဏ္ဏသျှံသို့သား၊ မဏ္ဍဗျသတို့သားတို့၏ အမိကို အဘသည် ချက်ကိုလက်မဖြင့်သုံးသပ်ရုံဖြင့် သုဝဏ္ဏသျှံ၊ မဏ္ဍဗျတို့ကို ပဋိသန္ဓေရသည်။
ရသေ့စွန့်ပစ်သောကျေက်ခွက်တွင်ရှိသော သုတ်နှင့်ရောသော ကျင်ငယ်ရေကို သမင်မသောက်၍ က္ကသိသိင်္ဂရသေ့ကို ပဋိသန္ဓေရသည်။
ကျွန်တော်မအားလို့နည်းနည်းချင်းတင်ရတာကိုခွင့်လွတ်ကြပါ။ ညစ်ညမ်းတာတစ်ချို့ကို ဖြတ်တောက်ပြီးတင်ရတဲ့အတွက် ခုလိုတိုသွားခြင်းဖြစ်ပါတယ်။
ဒုတိယပိုင်းကို ဆက်လက်ဖတ်ရှုကြပါရန်
Post a Comment