Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

အစွမ်းထက်မြက်သော ဆေးမြီးတိုနည်းများ

ကျွန်တော့်သူငယ်ချင်းများအတွက် အစွမ်းလည်းထက် လွယ်လည်းလွယ်တဲ့ ဆေးမြီးတိုနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်ဗျာ။


နှာစေးနှာပိတ် ဖြစ်ပါက မီးခဲရဲရဲပေါ်တွင် နနွင်းဖတ်လေးငါးခဲခန့်တင်ပြီးရှုက ပျောက်ကင်းနိုင်ပါသည်။

မျက်စိနာ ပါက အညာဒေသတွင်ပေါက်သည့် စစ်သိမ်ပင်နှင့် အိမ်သုံးဆားကို ပျစ်ပျစ်သွေးကာ မျက်လုံးတစ်ဝိုက်တွင် ကွင်းလိမ်းပါ။

လည်ချောင်းကွဲ/နာ ပါက သံပုရာသီးတစ်လုံးကို အပ်နှင့်၅ပေါက်ခန့်ဖောက်ကာ မီးရဲရဲတွင်ဖုတ်၍ အပ်ပေါက်မှ စိမ့်ထွက်လာသည့် သံပုရာရည်များ ကိုဆယ်၍ ပျားရည် ဟင်းသောက်ဇွန်းတစ်ဇွန်းနှင့်မွှေကာ တစ်နေ့နှစ်ကြိမ်သောက်ရပါမည်။

အပူလောင်အမာရွတ်များရှိပါက ဖန်ခါးသီးကို အခြောက်လှမ်းကာ ကြေညက်အောင်ထောင်းပြီး အုန်းဆီနှင့်တစ်နေ့ ၃ကြိမ်လိမ်းပါက မူလအသားအရေပြန်ဖြစ်ပါသည်။

ရင်ကျပ်ရောဂါဖြစ်ပါက မနက်စောစောအိပ်ရာနိုးတဲ့အချိန် မျက်နှာမသစ်ခင်ရေအဝသောက်ပေးပါ။

သွေးဝမ်းသွားပါက ကစ်စမီရွက်ကို သကြားအနည်းငယ်နဲ့ဝါးပါ။ ချက်ချင်းပျောက်ပါလိမ့်မည်။

ဝမ်းချုပ်နေပါက ဆပ်ပြာခဲကို အချွှန်ပုံဖြစ်အောင်လုပ် စအိုဝကို အဲ့ဒီဆပ်ပြာနဲ့ အနည်းငယ်ထိုးဆွပေး ချက်ခြင်းသွားပါလိမ့်မည်။

သွေးဆုံးမီးယပ်ရောဂါရပါက စွယ်တော်ရွက်အနုဟင်ချိုကို ကျိုချက်၍သောက်ပါ။

သွေးတိုးပါက ဆူးပန်းရွက်ဟင်းချိုကိုသောက်ပါ။

မီးတွင်းတွင်အမျိုးသမီးများ နို့ထွက်နည်းခြင်း လေထိုးလေအောင့်ခြင်း မီးယပ်ချမ်းထခြင်းတို့အတွက် ဒန့်ဒလွန်ရွက်ကို ငါးရံ့မီးကင်နှင့် ဟင်းချိုပူပူနွေးနွေးချက်သောက်ရပါမည်။

(အပိုင်း(၂) တွင် မအိုမနာမသေဆေးဖော်နည်းအပါအဝင် အခြားဆေးနည်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ စောင့်မျှော်ဖတ်ရှုကြပါရန်)
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top