Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ရက်ပြောင်းတော့မည်

မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော်ဖြစ်သော သင်္ကြန်ရေသဘင်ပွဲတော်ရက်မှာ ၂၀၂၄ ခုနစ်တွင် ပြောင်းလဲတော့မည်ဖြစ်ကြောင်း ရှေးနက္ခတ်ပညာရှင်များ၏အဆိုအရသိရသည်။
                             ကမ္ဘာ့အာကာသ ပညာရှင်များက ကမ္ဘာကြီးသည် ၂၃.၅ ဒီကရီ ပုံသေတိမ်းစောင်းနေသည်ဟု ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော် ရှေးမြန်မာနက္ခတ်ပညာရှင်များက ကမ္ဘာကြီး၏တိမ်းစောင်းမှုကို ရှေးကပင်ရှာဖွေတွေ့ရှိခဲ့ကြသော်လည်း ၂၃.၅ ဒီကရီ ပုံသေတိမ်းစောင်း သည်ဟုမှတ်ယူထားခြင်းမဟုတ်ဘဲ ကမ္ဘာကြီးသည် ပိုကာ တိမ်းစောင်းလာနေသည်ဟု မှတ်ယူထားခဲ့ကြသည်။
                                                        သင်္ကြန်ပွဲတော်သည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ (ပုဂံခေတ်) က ဧပြီလ ၁၁ ရက် တွင် အကြိုနေ့ စတင်ခဲ့သော်လည်း အဆိုပါ ကမ္ဘာကြီး ပိုမို တိမ်းစောင်းလာမှု အယူအဆကြောင့် ယခု သင်္ကြန်အကြိုနေ့သည် ဧပြီလ ၁၃ ရက်နေ့ဖြစ်လာရသည်။
                                                         အဆိုပါ အယူအဆကြောင့် သင်္ကြန်သည် ၂၀၂၄ ခုနစ်တွင် ဧပြီလ၁၄ရက်နေ့မှ သင်္ကြန်အကြိုနေ့သို့ရောက်တော့မည် ဖြစ်သည်။
                              မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြချက်အရ ခရစ်သက္ကရာဇ် ၂၁၀၆ ခုနစ်တွင် သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၅ ရက်နေ့မှ စတင်ကျင်းပရတော့မည်ဖြစ်ကြောင်း သိရပါသည်။
ကျမ်းကိုး- မြန်မာ့စွယ်စုံကျမ်း
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

1 မှတ်ချက်များ:

တို့က ဒီဆိုက်လေးကို အခုမှကြည့်ဖူးတာပါ။ အတော်စုံလင်တာတွေ့ရပါတယ်။ ဗဟုသုတရပါတယ်။ ကျေးဇူးတင်ပါတယ်။

Reply

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top