ပထမဆုံးအနေနဲ့ သောကြာနေ့ည(၇)နာရီအချိန်တိတိမှာ သူ့ဓာတ်ပုံကိုကြည့်ကာ စိတ်ကိုဖြည်းဖြည်းချင့်လျော့ထားပါ။ သူ့အပေါ်မှာလည်း မေတ္တာဓာတ်တွေ ကိန်းဝပ်ကျရောက်နေပါစေ။ သူ့အပေါ် ကိုယ့်မေတ္တာဓာတ် အပြည့်အဝကျရောက်နေပြီဆိုရင်တော့ ဓာတ်ပုံကို လက်နဲ့သပ်ချကာ အောက်ပါမန္တန်လေးကို (၇)ခေါက် ပျော့ပြောင်းတဲ့အသံနဲ့စိတ်ကိုလျော့ထားပြီး ရွတ်ဆိုပေးလိုက်ပါ။
"Dios, por favor, eleva su alma... Y cura esta herida"
(ဒီယို့စ် ပေါ် ဖေဗွာ အယ်လီဗာ ဆူ အယ်လ်မာ .. ဝိုင် ကျူရာ အီစ်တာ ဟာရစ်ဒါ"
ပြီးနောက်မှာတော့ ဓာတ်ပုံကို ရေအနည်းငယ်ပက်ဖြန်းလိုက်ပြီးနောက် သင်ဘယ်တော့မှဖွင့်မကြည့်မယ့်နေရာမှာသိမ်းဆည်းထားလိုက်ပါ။ ပေါ်တူဂီမှော်နည်းလမ်းတစ်ခုဖြစ်ပြီး မန္တန်ရဲ့အဓိပ္ပာယ်ကတော့ "အချစ်ကိုစောင့်သော နတ်ကောင်းနတ်မြတ်အပေါင်း သူ့နှလုံးသားကိုကုစားပေးပါ" လို့ အဓိပ္ပာယ်ရပါတယ်။ မန္တန်ကို မြန်မာလိုအဓိပ္ပာယ်ရွတ်လို့မရပါ။ ပေါ်တူဂီလိုပဲရွတ်ရမှာဖြစ်ပါကြောင်းနဲ့ ချစ်သူရဲ့စွန့်ပစ်ခြင်းကိုခံရသူအပေါင်း အသည်းကွဲခြင်းကင်းဝေးကြပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
Post a Comment