Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

ဂြိုဟ်သားအယူအဆနှင့်ဘာသာရေးကိုးကွယ်မှုများ

           "♫အာဒံနဲ့ဧဝကစတယ်♫"
           ဆိုတဲ့သီချင်းကိုတော်တော်များများ ကြားဖူးကြမှာပါ။ ဒီသီချင်းလေးအတိုင်းပါပဲ ကျွန်တော်တို့လူသားတွေရဲ့ မူလအစက အာဒံနဲ့ဧဝကစတယ်လို့ဆိုကြပါတယ်။ သီအိုရီတစ်ခုမှာတော့ ကျွန်တော်တို့နေအဖွဲ့အစည်းကြီးဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာတုန်းက အလွန်ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတစ်ခု(Big Bang) ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပြီး မီးတောက်မီးလျံအစအနပေါင်းများစွာဟာ ပျံ့နှံ့သွားခဲ့ပြီး အရှိန်နဲ့လည်ပတ်နေရင်းကနေ အေးခဲသွားကာဂြိုဟ်များအဖြစ်ဖြစ်ပေါ်လာခဲ့ပြီးနောက်တွင် စကြဝဠာတိမ်တိုက်များမှ ဂြိုဟ်များပေါ်သို့ မိုးများအဖြစ်ရွာသွန်းခဲ့ပြီးနောက်တွင်တော့ ဆဲလ်တစ်လုံးတည်းပါ သက်ရှိများ (Unicellular Organism) ဖြစ်ပေါ်လာခဲ့ပြီးနောက်တွင်တော့ ဆက်စပ်မျိုးပွားခဲ့ကြခြင်းဖြင့် သက်ရှိအမျိုးမျိုးဖြစ်ပေါ်လာခဲ့တယ်လို့လည်းဆိုကြပါတယ်။
         အထက်တွင်ဖော်ပြခဲ့တဲ့အတိုင်း ကမ္ဘာပေါ်ရှိသက်ရှိများ၏ ကနဦးအစကို အမျိုးမျိုးခန့်မှန်းခဲ့ကြပါတယ်။ ယခုဖော်ပြမည့် အကြောင်းအရာကတော့ သက်ရှိများပေါ်ထွန်းလာမှုနှင့်အတူ ကိုးကွယ်ရာဘာသာများပေါ်ထွန်းခဲ့ပုံကိုပါ ခန့်မှန်းထားပါတယ်။
         အဲ့ဒီ အယူအဆမှာတော့ လူသားများသည် ဤကမ္ဘာဂြိုဟ်ပေါ်မှမဟုတ်ကြဘဲ အခြားဂြိုဟ်တစ်ခုမှဆင်းသက်လာခဲ့ကြပြီး ဂြိုဟ်သားများသည် လူသားတို့၏ ဖန်တီးမှုစွမ်းရည်တိုးတက်အောင် သင်ကြားပေးခဲ့ကြပြီးနောက် အချို့မှာ ဂြိုဟ်သို့ပြန်သွားကြပြီင်္း အချို့ကတော့ ဂြိုဟ်သားများသည် ဥက္ကာပျံတစ်ခုကမ္ဘာပေါ်သို့ ကျရောက်ခြင်းဖြင့်ရောက်ရှိလာကြသည်ဟုဆိုပါတယ်။ အဆိုပါဖော်ပြချက်အရ လူသားတို့သည် မိမိတို့၏ကိုးကွယ်မှုအတွက် ကူညီပေးခဲ့ကြသော ဂြိုဟ်သားများကို နတ်ဘုရားများအဖြစ် ယူဆကိုးကွယ်လာကြပြီးနောက် ကိုးကွယ်ယုံကြည်မှုများစတင်
လာခဲ့သည်ဟုဆိုထားပြီးတော့ အဆိုပါကိုးကွယ်မှုများထဲတွင် မှော်နှင့်စုန်းကဝေဆိုင်ရာပညာရပ်များကိုလည်း ဘာသာရေးတစ်ခုအဖြစ် သတ်မှတ်ကိုးကွယ်လာကြပါတော့တယ်။
          နှစ်ပေါင်းများစွာကြာမြင့်လာသောအခါ လူမျိုးစုများကွဲကွာသွားခဲ့ပြီးနောက်ပိုင်းတွင်တော့ မှော်နှင့်စုန်းကဝေဆိုင်ရာအယူအဆများလည်း အမျိုးမျိုးပေါ်ပေါက်လာခဲ့ပါတော့တယ်။ အမျိုးမျိုးသော မှော်ပညာကိုးကွယ်မှုများသည်  မတူကွဲပြားသောအရာများကို အခြေခံထားသော ပညာရပ်များအဖြစ်ထွန်းကားလာခဲ့တယ်။ အချို့ပညာရပ်များက ရူပဗေဒကိုအခြေခံထားသလို အချို့ကလည်း ရုပ်နှင့်နာမ်ကိုအခြေခံထားခဲ့ကြပြီး အချို့ကတော့ ကြယ်တာရာနက္ခတ်များကိုအခြေခံထားကြပါတယ်။
         အဆိုပါ အခြေခံထားသည့်အလျောက် မှော်နှင့်စုန်းကဝေတို့၏ သက်ဆိုင်ရာပွဲတော်များကိုပြုလုပ်ခဲ့ကြပြီး အဆိုပါပွဲများတွင် ယစ်ပူဇော်ခြင်းများ၊ မိမိခန္စာကိုယ်ကို မိမိပူဇော်ပ,သရာ သက်ဆိုင်သူများသို့လှူ၍ ပညာတောင်းခံခြင်းပွဲတော်များ၊ လပြည့်ညများတွင်ပြုလုပ်လေ့ရှိသော Aura, Aqua, Ignis, Terra ဟူသော ဓာတ်လေးပါးကို အခြေခံထားသည့် စုန်းမတို့၏ဥပုသ်များ (Sabbath of Witches) များပါဝင်ကြပြီးတော့ စုန်းမတို့၏ဥပုသ်တွင် လဆီမှလစွမ်းအင်ကို ခံယူကြပြီး အုပ်စုလိုက်ပါဝင်ကြပါတယ်။
          အရှေ့တိုင်းစုန်းများမှာ လပြည့်ညတွင် စုန်းတောက်စား၍ လေထုထဲတွင် သိဒ္ဒိစွမ်းအင်များကို စုပ်ယူစားသုံးကြပါတယ်။ အရှေ့တိုင်းရှိအချို့စုန်းများမှာ ဗုဒ္ဓဘာသာနှင့် ပူးပေါင်းမိသောအခါ အသက်ကိုဆွဲဆန့်ကာ ဘုရားကိုစောင့်မျှော်ပြီး နိဗ္ဗာန်ဝင်လိုသည့် အဖြူရောင်စုန်းကဝေဂိုဏ်းများ ပေါ်ပေါက်လာခဲ့ပါတယ်။
           ဤနေရာတွင် ဂြိုဟ်သားနှင့်ကိုးကွယ်မှုအယူအဆကို ဆက်လက်ဖော်ပြပေးပါမယ်။ အနောက်တိုင်းကိုးကွယ်မှုတော်တော်များများတွင် ဂြိုဟ်တစ်ခုချင်းစီကို ကိုယ်စားပြုသော နတ်ဘုရားများကို ကိုးကွယ်မှုများအရ အခြားဂြိုဟ်မှဂြိုဟ်သားများသည် တစ်ချိန်က ကမ္ဘာပေါ်သို့ဆင်းသက်ကာ ကောင်းကျိုးတစ်ခုခုပြုခဲ့သည်ဟု ယူဆရပြီး
ဗ္ဓုဘာသာတွင်လည်း လူ့ပြည်နှင့်နတ်ပြည်တွင် သက်တမ်းများမတူခြင်းနှင့် ဂြိုဟ်တစ်ခုနှင့်တစ်ခု သက်တမ်းများမတူခြင်း (ဥပမာ - ကမ္ဘာဂြိုဟ်တွင်နှစ်ပေါင်းများစွာကြာမှ ကြာသပတေးဂြိုဟ်တွင် တစ်နှစ်သာကြာမြင့်သည်) တို့ကိုလည်း နှိုင်းယှဉ်ကြည့်နိုင်ကြပါသေးတယ်။
            မည်သို့ပင်ဆိုစေကာမူ ဂြိုဟ်သားနှင့်ဘာသာရေးကိုးကွယ်မှုများ ဆက်စပ်မှုအကြောင်းကို ပညာရှင်များက ဆက်လက်ရှာဖွေလျက်ရှိပြီး ထိုအယူအဆကိုအတည်ပြုရန်မှာ နောင်အနာဂတ်တွင်   စောင့်ကြည့်ရမည်ဖြစ်ပါကြောင်းရေးသားဖော်ပြလိုက်ရပါတယ်။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
                
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top