Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

ဘဝလွန်ချစ်သူနှင့်တွေ့ဆုံနိုင်စေဖို့

သူငယ်ချင်းတို့တွေထဲမှာ ကိုယ့်ချစ်သူဟာ တမလွန်ဘဝကိုရောက်သွားလို့ မလာမှန်းသိပေမယ့် လွမ်းနေရမယ့်အဖြစ်တွေ ရှိကောင်းရှိနိုင်ကြမှာပဲနော်။ ဒီတော့ မိုင်ယန်လချင်းနည်းလမ်းနဲ့ ကိုယ့်ချစ်သူနဲ့တွေ့ဆုံနိုင်မယ့်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ မိုင်ယန်လချင်းလို့ဆိုလိုက်တာနဲ့ မိုင်ယန်လချင်းနည်းလမ်း စမ်းသပ်ဖူးသူတော်တော်များများက ထိရောက်မှုအရှိဆုံးနဲ့ သက်ရောက်မှုအမြန်ဆုံး နည်းလမ်းလို့ သိနေကြပါပြီ၊ ဒီတော့ ဒီနည်းလမ်းလေးကိုလည်း လိုအပ်မယ်ဆိုရင် စမ်းသပ်နိုင်ပါတယ်၊ သူငယ်ချင်းတွေကိုလည်းမျှဝေနိုင်ပါတယ်ဗျာ . .၊ ကဲ . . စကားရှည်တာလေးတွေဖြတ်ပြီး နည်းလမ်းလေးကိုစပြောကြည့်ရအောင်။ ပထမဆုံး ကိုးကွယ်ရာဘာသာရေးဆိုင်ရာ ဘုရားဝတ်တတ်မှုမလုပ်မယ့်နေ့ရဲ့ ဒေသစံတော်ချိန် (၁၂)နာရီ(၂၆)မိနစ်အချိန်မှာ "အင်ကန်နာဘီးလိယိတ်"နဲ့ပုတီး(၃)ပတ်စိပ်ပေးရမှာပဲဖြစ်ပါတယ်။ အဲ့ဒီလိုစိပ်ပြီးရင်တော့ ကွယ်လွန်ခဲ့တဲ့ချစ်သူရဲ့ဓာတ်ပုံကိုရှေ့ချကာ မိမိချစ်သူကို မျက်လုံးမှိတ်အာရုံပြုပြီး "ဆုခါလိုင်အော့" နဲ့ ပုတီး(၃)ပတ်ထပ်စိပ်ပေးရမှာပဲဖြစ်ပါတယ်။ ဒီလိုပုတီးစိပ်နေတဲ့အချိန်မှာတော့ မိမိချစ်သူရဲ့မျက်နှာကို အာရုံပြုပြီး စိပ်ပေးဖို့နဲ့ လက်နှစ်ဖက်နဲ့သေချာစိပ်ပေးရမှာပဲဖြစ်ပါတယ်။ တကယ်လို့ မိမိချစ်သူဟာ နောက်ဘဝသစ်တစ်ခုမှ ပဋိသန္ဒေအနေနဲ့ပဲဖြစ်ဖြစ် သက်ရှိအနေနဲ့ဖြစ်နေမယ်ဆိုရင်တော့ ဆက်သွယ်လို့မရနိုင်ပါဘူးခင်ဗျာ . .။ အဲ့လိုပုတီးစိပ်ပြီးရင်တော့ ဓာတ်ပုံကို ခေါင်းအုံးအောက်ထားအိပ်ပေးရမှာဖြစ်ပြီးတော့ အိပ်မက်အဖြစ်နဲ့ လာရောက်တွေ့ဆုံမှာဖြစ်ပြီး မိမိပြောလိုသည်များကို ပြောကြားနိုင်ပါတယ်။ တစ်ခုထပ်မှာချင်တာကတော့ စည်းချပြီးမအိပ်မိစေဖို့ပါပဲဗျာ . . .။ _______________________________________________________ ကာရှိုင်း (ကြယ်စင်ချစ်သူ)
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top