ငွေကျပ်ထောင့်ငါးရာတန် SIM ကတ်များကို ဧပြီ(၂၄)ရက်နေ့တွင်
ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
လွန်ခဲ့သောမိနစ်ပိုင်းကကြော်ငြာခဲ့သည်။ အဆိုပါဖုန်းလိုင်းကတ်များမှာ CDMA
800 MHz နှင့် WCDMA ဖုန်းလိုင်းများဖြစ်ကြောင်းနှင့်
တစ်ဆင့်ပြန်လည်ရောင်းချခြင်းကို ကာကွယ်သောအားဖြင့် ဝယ်ယူပြီး ၁၅ ရက်အတွင်း
အနည်းဆုံးငါးထောင်ကျပ်ငွေဖြည့်သွင်းခြင်းမပြုပါက
ဖုန်းလိုင်းပိတ်သွားမည်ဖြစ်ပြီး တစ်လလျှင် အနည်းဆုံး ၂၅ဝဝ
ကျပ်ဖိုးမသုံးစွဲပါကလည်း ဖုန်းအတွင်းငွေကြေးကို
နှုတ်ယူသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
အဆိုပါဖုန်းကတ်များကို ဆက်သွယ်ရေးရုံးများတွင်သာ ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်
အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ
သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ
Filed Under:
သတင်း
on Wednesday, April 3, 2013
Post a Comment