အခုအချိန်ဟာ တက္ကသိုလ်တော်တော်များများမှာ စာမေးပွဲတွေဖြေနေကြတဲ့အချိန်ပါ။ ဒါကြောင့် KCB ရဲ့ mail ဖြစ်တဲ့ feedback.kcb@gmail.com ကို စာမေးပွဲခန်းထဲမှာ လွယ်ကူစွာဖြေနိုင်ဖို့နည်းလမ်း ( ဖတ်ကောင်းအောင် လွယ်ကူစွာဖြေနိုင်မယ့်နည်းလမ်းလို့ရေးထားတာပါ၊ အမှန်ကတော့ ကိုယ်ဘာလုပ်လုပ် အခန်းစောင့်ဆရာ ဘာမှမပြောဖို့နည်းလမ်းပါ) အဲ့လိုနည်းလမ်းမျိုးတွေတောင်းဆိုမှုများပြားလာတဲ့အတွက် စာမေးပွဲမပြီးခင် နည်းလမ်းလေးကိုဖော်ပြပေးလိုက်ရပါတယ်။
ပထမဆုံး စာမေးပွဲခန်းကိုဝင်တဲ့အခါမှာ ကျောင်းသားကတ်ကို မယူခဲ့ပါနဲ့ဦး၊ စာဖြေထိုင်ခုံမှာအရင်ဝင်ထိုင်လိုက်ပါ။ အခန်းထဲဝင်လို့ ဆရာရှေ့ကဖြတ်သွားရတဲ့အခါ respect ပေးသည့်အနေနှင့် ခေါင်းကိုညွတ်သွားပါ။ ထို့နောက် ကျောင်းသားကတ်ကျန်ခဲ့သည့်ပုံစံမျိုးနှင့် အပြင်ကို ချက်ချင်းပြန်ထွက်ကာ သွားယူပါ။ သွားယူသည့်အခေါက်အသွားအပြန်မှာလည်း ဆရာရှေ့အရောက်တွင် ဦးညွတ်သွားပါ။
ထို့နောက် စာဖြေခုံမှာ ပြန်ထိုင်ပြီးပြီင်္ဆိုပါက လက်နှစ်ဖက်ကိုဖြန့်ကာ ခုံပေါ်တင်ထားလိုက်ပါ။ ထို့နောက်စိတ်ကိုလျော့ထားလိုက်ပါ။.စိတ်ကိုလျော့ကာ "တီ . . . ရှန်၊ တီ . . . ရှန်" ဟူ၍ တစ်လုံးချင်းဖြည်းညှင်းစွာရွတ်ဆိုပါ။
စိတ်တည်ငြိမ်သွားပြီဟုယူဆပါက -
"Time and sun are hide from here!
Power of Saturn give to me.
Time of planet differences
Forever remember to my heart! "ဆိုသော မန္တန်ကို ပီသစွာရွတ်ပါ။ ထို့နောက် အခန်းစောင့်ဆရာများကို မိမိတတ်သလို မေတ္တာပို့ကာ စာမေးပွဲကို ဖြေဆိုနိုင်ပါပြီ။
တစ်ခုကြိုတင်အသိပေးချင်တာကတော့ စာမေးပွဲခန်းမှာ ဘယ်လောက်ပဲမိမိအတွက် လွတ်လပ်မှုရှိနေပါစေ။ အခန်းစောင့်ဆရာကို လေးစားမှုမရှိရင် ရရှိထားတဲ့ လွတ်လပ်မှု ပြန်လည်ပျောက်ကွယ်သွားနိုင်ပါကြောင်း . . . . .။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
Post a Comment