Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

ကာယာနုပဿနာကျမ်းမှ ပဋိသန္ဓေအကြောင်းကိုလေ့လာကြည့်ခြင်း (ပဌ္စမပိုင်း)

သန္ဓေသား၏အဖြစ်ကြီးငါးဖြစ်

(၁)ဤကဲ့သို့သော ကံ၊စိတ်၊ဥတု၊အာဟာရ အကြောင်းလေးပါးတို့ကြောင့် ဖြစ်သမျှသောရုပ်တို့သည် စိတ်တစ်ဆယ့်ခုနစ်ချက်တွင် ပျက်ကြ၊ ချုပ်ကြငြားသော်လည်း ပျက်သည့်ရုပ်ကလာပ်ကား အနည်းငယ်မျှ၊ ဖြစ်သည့်ရုပ်ကလာပ်ကား အများဖြစ်၍ ကလလအဖြစ်ကို ခုနစ်ရက်လွန်ပြီးနောက် -
(၂)ဆိုခဲ့ပြီးသည့်အတိုင်း ကံ၊စိတ်၊ဥတု၊အာဟာရတို့ကြောင့် လည်းကောင်း၊ အမိသည်စားအပ်သော အရသာဟူသောသွေးနုသည် အမိ၏ရသကြောကို အစဉ်လျှောက်ပြီးလျှင် သားအိမ်တွင်းတွင်ရှိသော ကလလ အစရှိသော သူငယ်၏ကိုယ်ကို ထိသဖြင့် အာဟာရဇရပ်ကလာပ်သည်လည်းကောင်း၊ ဒုတိယခုနစ်ရက်အတွင်းများစွာဖြစ်ပွားကြ၍ အမဲသားဆေးရည်အဆင်းနှင့်တူသော ရင့်သော ကလလအရည်ဖြစ်သော အဗ္ဗုဒမည်သော ဝတ္ထုဖြစ်၏ ။
(၃)ဤသို့ဆိုခဲ့ပြီးသည့်အတိုင်း ရုပ်ကလာပ်မှုန့်တို့သည် တိုးပွား၍ အဗ္ဗုဒဖြစ်ပြီးသည့်နောင် တတိယခုနစ်ရက်အတွင်းတွင် ကြည်လင်သော ခဲနက်ရည်အဆင်းနှင့်တူသော ပေသိမည်သော ဝတ္ထုဖြစ်၏ ။
(၄)ထိုနောင် စတုတ္ထခုနစ်ရက်အတွင်းတွင်ကြက်ဥခန့်မျှလောက်ကြီးသော ကြက်ဥကဲ့သို့ထက်ဝန်းကျင်လုံးသော ပေသိဟူသော ပြစ်သောအရည်၏ အခဲဖြစ်သော ဃံနဟူသော ဝတ္ထုဖြစ်၏ ။
(၅)ထိုနောင် ပဌ္စမခုနစ်ရက်အတွင်းတွင် ထိုဃနဟူသော အခဲလုံးမှ ခြေနှစ်ဖက်၊လက်နှစ်ဖက်၊ခေါင်းဖြစ်ရန်အခက်ငါးခုဟုဆိုနိုင်သော အဖုငါးခုတို့ဖြစ်ကုန်၏ ။ ဤအဖုငါးဖုတို့တွင်ခေါင်းဖြစ်ရန်အဖုသည် ကိုယ်နှင့်မတိမ်းမယိမ်းကြီး၏ ။

သန္ဓေသား (၇)လအတွင်းကောဋ္ဌာသပြည့်စုံခြင်း

             ထိုနောင် ဧကာဒဿမ သတ္တဟ(တစ်ဆယ့်ခွန်) ဟုဆိုအပ်သော ပဋိသန္ဓေတည်သည်မှ တစ်ဆယ့်ခုနစ်ရက်တွင် စက္ခုဒဿက၊သောတဒဿက၊ ယာနဒဿက၊ ဇိဝှါဒဿက၊ကလာပ်လေးစည်းတို့သည် ဖြစ်ကုန်၏၊ ။ ထိုအခါ ဂဗ ၻေသယ်က သတ္တဝါတွင် သဒ္ဒနဝက ကလာပ်တွင် ကြွင်းသောရုပ်ကလာပ်တို့သည် အပြည့်အစုံရှိကုန်၏ ။ အသံပြုသောအခါမှစ၍လည်း သဒ္ဒနဝက ကလာပ်ဖြစ်လေ၏ ။ ဤပဋိသန္ဓေသူငယ်မှာ ဝမ်းဗိုက်တွင်ရှိသည့်ကာလ သူငယ်ဝမ်းဗိုက်ချက်မှချက်ကြိုးသည် အချင်းနှင့်ဆက်သဖြင့် ထိုအချင်းသည်လည်း မိခင်၏ အစာသစ်အိမ်အောက်စတွင် မျှော့တွယ်သကဲ့သို့ မြဲမြဲ ကြပ်ကြပ်တွယ်ကပ်လျက်ရှိသဖြင့် အမိစားသမျှ အရည်၊ အဖတ်၊အစာ တို့မှဖြစ်သော သွေးနုဟူသော ရသရည်ကို သစ်မြစ်တို့သည်ရေကိုစုပ်ယူသဖြင့် သစ်ပင်တွင်းသို့ဝင်စေသကဲ့သို့ သူငယ်၏ဝမ်းတွင်းသို့ဝင်စေသဖြင့် များစွာသော အာဟာရဇ အဋ္ဌကလာပ်ရုပ်မှုန့်တို့သည်ဖြစ်ကုန်၏ ။
         ဖြစ်ပြီးသောရုပ်တို့သည်လည်း စိတ်တစ်ဆဲ့ခုနစ်ချက်မျှလောက်တွင်ပျက်ကြ၏ ။ ပျက်သောရုပ်မှုန့်ကားအနည်း၊ ဖြစ်သောရုပ်ကလာပ်မှုန့်းကား အများဖြစ်၍ သူငယ်သည် တစ်စစ ကြီးထွားလာလေ၏ ။ အနည်းဆုံးအားဖြင့် ပဋိသန္ဓေတည်သည်မှ သတ္တာဟပေါင်း သုံးဆယ်၊ လအားဖြင့် ခုနစ်လအတွင်းတွင် ခြေချေင်း၊ လက်ချောင်း၊ ဆံ၊အမွေး၊ အစရှိသောဝမ်းတွင်းတွင် ဖြစ်သင့်သမျှသော ကောဋ္ဌာသတို့သည် အပြည့်အစုံဖြစ်ကြကုန်၏ ။ ထို့ကြောင့် အချို့သော သူငယ်တို့ကို ခုနစ်လနှင့်ပင် ဖွားကြကုန်၏ ။
ဆက်လက်ဖော်ပြပါဦးမည်။
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top