ပုံပါအပင်ကတော့ သူ့ကို ဇမ္ဗူမဏီပင်လို့ ခေါ်ကြပါတယ်။ ထူးဆန်းမှုတစ်ခုကတော့ အဲ့ဒီအပင်ကြီးဟာ မျိုးပွားရာမှာ သူ့အပင်ကနေ ထူးဆန်းတဲ့ အနီရောင်အကောင်လေးတွေကို မွေးထုတ်လိုက်ပြီး သူ့ရဲ့မျိုးပွားမှုတာဝန်တွေကို ထမ်းဆောင်စေတာပဲဖြစ်ပါတယ်။အောက်ပုံကိုကြည့်ကြပါ။
အောက်က အပင်ပေါက်လေးမှာတွယ်ယပ်နေတဲ့ ဇမ္ဗူမဏီလို့ခေါ်တဲ့သံသေဒဇ သတ္တဝါလေးတွေကိုတွေ့ရမှာပါ။အဲ့ဒီသတ္တဝါလေးတွေဟာ အပင်ကြီးရဲ့ သေးငယ်လှတဲ့ အစေ့တွေထဲကနေထွက်လာကြပြီး မျိုးပွားတာဝန်တွေကို ထမ်းဆောင်ကြပါတယ်။
ထူးဆန်းစွာပဲ ထိုသတ္တဝါလေးတွေဟာ မုတ်သုံဝင်ပြီဆိုတာနဲ့ ရဲရဲတောက်အောင်ပေါ်ထွက်လာတတ်ပေမဲ့ မုတ်သုံခွာတာနဲ့တစ်ပြိုင်နက် တစ်ကောင်တစ်လေတောင်တွေ့ရလေ့မရှိတော့ပါဘူး။
အဆိုပါအကောင်လေးပေါက်ဖွားလာပုံကိုလည်း ကြည့်လိုက်ကြပါဦး။
အဆိုပါအပင်များကိုမန္တလေးမြို့မှာအတွေ့များပြီး အခြားမြို့တွေမှာတော့ မတွေ့ရသလောက်ပဲလို့သိရပါတယ်။ကဲ . . .ဒါဆို သံသေဒဇသတ္တဝါတစ်မျိုးရဲ့အကြောင်းကို သိသင့်သလောက်သိသွားပြီထင်ပါတယ်ဗျာ။ အားလုံးပဲ ဗဟုသုတရနိုင်ကြပါစေ။

Post a Comment