Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

အလင်းမဲ့ကျိန်စာ (Darkness Curse) - (၃)

“ အောင့်မလေး…” ဟု မင်းသားလေးသည် ကြောက်လန့်တကြား အော်လိုက်လေသည်။ 

မင်းသားလေးမြင်လိုက်ရသော မြင်ကွင်းကတော့ မင်းသားလေးအနေနဲ့ အရမ်းကြောက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်နေပါတယ်။ အ၀တ်နက်ကြီးကို ၀တ်ဆင်ထားသော ထိုလူရဲ့မျက်နှာတွင် မျက်နှာမရှိဘဲ အတွင်းမှ အခိုးအငွေ့များ ပြည့်နှက်နေခြင်းကြောင့် ဖြစ်ပေသည်။ မင်းသားလေးလည်း ခါးတွင် ပါရှိသော ဓားဆီသို့ လက်က ရောက်သွားလေသည်။ ထို့နောက် ထိုလူကြီးအား လှမ်းကြည့်လိုက်ပြီးနောက်

" အသင်ဘယ်သူလဲ ဘာလို့ ဒီဥယျာဉ်ထဲ ရောက်နေတာလဲ '' ထိုလူကြီးလည်း တဟားဟား ရယ်မောလိုက်ပြီး မင်းသားလေးကြည့်နေသော ရေကန်ဆိပ်တွင်ရှိသော လူကြီးသည် ပျောက်ခြင်းမလှပျောက်သွားလေတော့သည်။ မင်းသားလေးလည်း ဓားကို ဆွဲထုတ်ကာ ပတ်ပတ်လည်တွင် လိုက်ရှာလိုက်လေသည်။ 

" အသင် ဘယ်သူလဲ ဘယ်ရောက်သွားတာလဲ " ထိုစဉ် စူးရှသောအလင်းတန်းတစ်စုံသည် မင်းသားလေးအရှေ့ကို ရောက်လာတော့သည်။ ထိုအလင်းတန်းကြောင့် မင်းသားလေးသည် နယ်မြေတစ်ခုစီသို့ ရောက်သွားသလို ခံစားလိုက်ရပြီး မျက်လုံးကို ဖွင့်လိုက်လေသည်။ ထိုအခါ မှောင်မည်းနေသော ပတ်ဝန်းကျင်သည် လင်းထိန်သွားလေသည်။ မင်းသားလေး၏ဘေးတွင် လူကြီးတစ်ယောက်ရပ်နေလေသည်။ 

" မင်းသားလေး အခုရောက်နေတဲ့နေရာကတော့ မင်းသားလေးမွေးဖွားစဉ် အချိန်ကာလကို ရောက်ရှိနေတာပါ။ ရွှေပန်းသီးပင်ကြီးရဲ့ပဟေဠိကို မင်းသားလေး မြင်ရပါစေလိမ့်မည်။ " 

မင်းသားလေးစိတ်ထဲဝယ် ပရောဟိတ်ကြီးများ ရေးထားသော သူရဲ့ရာဇ၀င်ကျမ်းတွင် (မင်းသားလေးဖွားမြင်နေစဉ် အတောအတွင်း နန်းတော်ဥယျာဉ်တွင် ထူးဆန်းလှသော ရွှေရောင်ပန်းသီးသီးသော ရွှေပန်းသီးတစ်ပင် ပေါက်လာခဲ့လေသည်) ဟူသော စကားလုံးကို မျက်စိထဲ ပြန်မြင်ယောင်လာလေသည်။ သူရောက်နေသော နေရာသည် ရေကန်အနားတွင် ဖြစ်လေသည်။ ရေကန်ကနေ လှမ်းကြည့်နေအချိန်တွင် ကောင်းကင်မှ အရိပ်မဲ့ကြီးတစ်ခု ထိုးကျလာလေသည်။ ထိုအရိပ်မဲ့ကြီးမှာ အတောင်ပံများ နှင့် တစ်ကိုယ်လုံး အနီရောင်ဖြစ်ပြီးတော့ တစ်ကိုယ်လုံးလည်း မီးတောက်နေသည်။ ဖီးနစ် ခေါ် မီးငှက်ကြီးဖြစ်သည်။ မီးငှက်ကြီးသည် အသီးတစ်လုံးကို ကောက်ချီလာတာကို လှမ်းမြင်လိုက်ရသည်။ ထိုအသီးမှာ ရွှေရောင်ပန်းသီးပင်ကြီး ဖြစ်လေသည်။ မီးငှက်ကြီးသည် ထိုပန်းသီးအား မြေကြီးပေါ်သို့ ပစ်ချလိုက်လေသည်။ ထို့နောက် တောင်ပံခပ်ပြင်းပြင်းတစ်ချက် ရိုက်ခတ်လေသောကြောင့် ထိုပန်းသီးသည် မီးတောက်လာပြီး ထိုနေရာတွင် ရွှေရောင်အဆင်းဖြင့် ပန်းသီးပင်ကြီး ပေါ်ပေါက်လာလေတော့သည်။ ထို့နောက် မီးငှက်ကြီးသည်လည်း စူးရှသော အသံပြုရင်း ကောင်းကင်ပေါ် ပျံတက်သွားလေတော့သည်။ 

ထိုသို့ပျံတက်သွားသောအချိန်တွင် ကောင်းကင်မှ စူးရှသောအလင်းတန်းများ ထိုးကျလာသဖြင့် မျက်လုံးကို ပိတ်ထားလိုက်လေတော့သည်။ ဘာအသံမှလည်း မကြားရသဖြင့် မျက်လုံးကို ပြန်ဖွင့်လိုက်သောအခါတွင် မူလဥယျာဉ်တော်အတွင်းသို့ ပြန်လည်ရောက်ရှိလာလေတော့သည်။ ဘေးတွင် အ၀တ်နက်ဖြင့် လူတစ်ယောက်ရပ်နေလေသည်။

" မင်းသားလေး ဒီပန်းသီးပင်က မင်းသားလေးရဲ့ ဘုန်းကံကြောင့် ဖြစ်တည်လာခဲ့တဲ့ ပန်းသီးပင် ဖြစ်ပါတယ်။ မင်းသားလေးရဲ့ ဟိုဘ၀တုန်းက မွေးခဲ့တဲ့ မင်းသားလေးရဲ့သူငယ်ချင်း ဖီးနစ်ငှက် ဖြစ်ပါတယ်။ သူက မင်းသားလေးရဲ့ဒီဥယျာဉ်တော်မှာ ရွှေပန်းသီးပင်မျိုးစေ့ကို လာရောက်ကျဲပေးသွားခြင်း ဖြစ်တယ်။ မင်းသားလေးကိုယ်တိုင် နောက်ဆုံးကျန်ရစ်တဲ့ ရွှေပန်းသီးကို ခူးဆွတ်ရပါလိမ့်မည်။ မင်းသားလေး ရွှေပန်းသီးကို ခူးဆွတ်ပြီးတာနဲ့ မင်းသားလေးရဲ့ ဘ၀ခရီးစဉ် စပါတော့မယ် မင်းသားလေး " 

အ၀တ်နက်နဲ့သူလည်း စကားကို မင်းသားလေးမေးဖို့ အချိန်ထိမရောက်အောင် ပြောပြီး ထိုလူကြီးလည်း ပျောက်ကွယ်သွားလေသည်။ မင်းသားလေးလည်း ရေကန်ကနေ ထပြီးတော့ ရွှေပန်းသီးပင်ကြီးအနားသို့ လျှောက်သွားလိုက်လေတော့သည်။ အပင်တွင် တစ်လုံးတည်းသာ ကျန်သော ရွှေပန်းသီးကို မြင်လိုက်ရလေသည်။ ထိုပန်းသီးမှာ မင်းသားလေးရဲ့အရပ်ထက် မြင့်နေသော်လည်း မင်းသားလေး ထိုအသီးကို ယူဖို့ အပင်ရောက်ကို ရောက်သောအခါ ရွှေပန်းသီးပင်ကြီးသည် အလိုလို ကိုင်းကျလာပြီး ရွှေရောင်ပန်းသီးလည်း မင်းသားလက်တစ်ကမ်းမှီသောနေရာကို ရောက်ရှိလာလေသည်။ မင်းသားလေးလည်း ထိုပန်းသီးအား ခူးဆွတ်လိုက်လေသည်။ ထိုအခါ ကောင်းကင်ကြီးသည် လျှပ်စီးများ ၀ုန်းကနဲ လက်လာပြီး မြေကြီးသည်လည်း ခပ်စစလေး ငလျင်လှုပ်လာတော့လေသည်။ 

မင်းသားလေးလက်ပေါ်တွင် အလွန်လှပသော ရွှေပန်းသီးလေးတစ်လုံး ရောက်ရှိနေပီ ဖြစ်သည်။ ပန်းသီးကတော့ ရွှေရောင်တဖိတ်ဖိတ်တောက်ပလျက်ရှိပြီးသော မင်းသားလေးရဲ့ ဖွေးဥလှပသော အကြောခြယ်သန်းနေသည့် လက်ပေါ်တွင် တင့်တယ်လှပေသည်။ မင်းသားလေးလည်း ရွှေပန်းသီးအား လေ့လာနေစဉ်တွင် ဥယျာဉ်အတွင်းသို့ မှုးမတ်များ ၀င်လာလေတော့သည်။

" အရှင် မင်းသားလေး အရှင်မင်းကြီးသည် မင်းသားလေးအား စိုးရိမ်နေပါသဖြင့် နန်းတော်ထဲကို ပြန်လာခဲ့ရန် အကြောင်းကြားလိုက်ပါသည်။ "

" ကျွန်ုပ်လိုက်လာခဲ့ပါမယ်။ အသင်သာ ဘခမည်းတော်ကို စိုးရိမ်တော်မမူပါနဲ့လို့ လျှောက်တင်လိုက်ပါ။ " 

မင်းသားလေးသည် ရွှေပန်းသီးကို ကိုင်ပြီး နန်းတော်အတွင်းသို့ ၀င်ရောက်သွားလေသည်။ 

...................................................................................................................................................................

" နာမည်က နရဏီတဲ့လား ဟီးးးးး မင်း လူပြည် ပြန်ရောက်လာပီပေါ့ ......... " 

မင်းသားလေးရဲ့ဥယျာဉ်အတွင်းမှာ ထွက်ခွာသွားသော မြင်ကွင်းအား ဓာတ်ဖန်လုံးဖြင့် ကြည့်နေသော မင်းသားလေးတို့ တိုင်းပြည်ရဲ့တောင်ဘက်တွင်ရှိသော မြစ်မခတောင်ထိပ်ပေါ်ရှိ မနုဿစုန်းကဝေမကြီး အာရှာလင် ဖြစ်ပေသည်။ မင်းသားလေးရဲ့ လှုပ်ရှားဆောင်ရွက်မှုများကို အာရှာလင်စုန်းမကြီးက ဓာတ်ဖန်လုံးကနေတစ်ဆင့် အားလုံးကို မြင်နေရလေသည်။ အာရှာလင်စုန်းမကြီးသည် ဓာတ်ဖန်လုံးအား လက်ဝါးဖြင့် ပွတ်သတ်လိုက်ပြီး မန္တန်တစ်ပုဒ် ရွတ်ဆိုလိုက်လေသည်။

" အာစလာ ဘရာဒင် ဒါရိုစထျာ ခလင်ဆိုနီရာ
မာချရာ သက္ကရီနာ မွန်းကရို့
ဗီဗိုက်ကယ်ဆိုရာ ဘာလို့ 
အာချက်ကာ ရာဇီးနား "

ဓာတ်ဖန်လုံးတွင် မြင်ကွင်းတစ်ခုပေါ်လာလေသည်။ ထိုမြင်ကွင်းသည် တိုင်းပြည်ကြီးတစ်ပြည်ဖြစ်ပြီးတော့ ထိုတိုင်းပြည်ကြီးမှာ နရဏီမင်းသားလေးတို့ရဲ့ တိုင်းပြည်ကြီး နှင့် ဝေးလံလှသော နေရာတွင် ရှိသည့် လာနီရှားတိုင်းပြည်ကြီး ဖြစ်လေသည်။ 

...................................................................................................................................................................
လာနီရှားတိုင်းပြည်ကြီးတွင် နရဏီမင်းသားလေးအရွယ်ခန့်ရှိသော မင်းသားလေးတစ်ပါးရှိလေသည်။ ထိုမင်းသားလေးရဲ့ နာမည်ကတော့ ဂီရ ဖြစ်လေသည်။ သူသည်လည်း မွေးဖွားသန့်စင်ခဲ့ပုံကလည်း အရမ်းထူးဆန်းလှပေသည်။ ဂီရမင်းသားလေး မမွေးဖွားခင်က လာနီရှားတိုင်းပြည်ရဲ့ ဘုရင်ကြီးနာပီ နှင့် မိဖုရားကြီးမီရာဂါတို့တွင် သမီးတော်လေးတစ်ပါးသာ ရှိလေသည်။ ထို့ကြောင့် သားတော်လေးတစ်ပါး ရရှိဖို့အတွက် ဘုရင်ကြီးသည် လာနီရှားတိုင်းပြည်ကြီးရဲ့ အကြီးဆုံး ဘုရားကျောင်းဖြစ်သော ပိုဆိုက်ဒွန်နတ်ဘုရားကျောင်းတွင် သားတော်လေး တစ်ပါးရရှိဖို့ အမြဲဆုတောင်းဝေရှာသည်။ တစ်နေ့တွင် ဘုရင်ကြီး နဲ့ မိဖုရားကြီး ဘုရားမှ ဆုတောင်းပြီး နန်းတော်သို့ ပြန်လာချိန်တွင် ထူးဆန်းသောနှဲမှုတ်သော နှဲသံက ဘုရင်ကြီး နဲ့ မိဖုရားကြီးကို ဝေါယာဉ်ဖြင့် သယ်ဆောင်သွားသော လမ်းတစ်ခုတွင် ကြားလိုက်ရလေသည်။ 

ထိုအသံကို ကြားလျှင် ဘုရင်ကြီးသည် ထိုတီးမှုတ်သောသူအား တွေ့ချင်စိတ်ပြင်းပြလာလေတော့သည်။ ထို့ကြောင့် ဘုရင်ကြီးက အိမ်တော်ထိန်းဖြစ်သော မာလဂီနာအား ထိုတီးမှုတ်နေသော တီးမှုတ်သူကို တွေ့ချင်ကြောင်း ဘုရင်ကြီး အခစားဝင်ဖို့ အမိန့်တော်ချလိုက်ကြောင်း ပြောဖို့ စေလွှတ်လိုက်လေသည်။ အထိန်းတော်ကြီးသည် နှဲမှုတ်သမား ရှာပုံတော်ဖွင့်ဖို့ ကျန်ခဲ့လေသည်။ ဘုရင်ကြီးသည် နန်းတော်တွင်းသို့ ရောက်သောအခါ နားနေဆောင်တွင် နားနေချိန်တွင် အထိန်းတော်ကြီးနှင့်အတူ အသက်ကြီးမြင့်လှပီဖြစ်သော အဘိုးကြီးတစ်ယောက်ရောက်ရှိလာလေသည်။

" အရှင်မင်းကြီးခင်ဗျာ အရှင်မင်းကြီး ရှာဖွေခိုင်းလိုက်တဲ့ နှဲသမားကြီး ဖိုလာရှီပါ။ သူကတော့ နှဲသမားကြီး မဟုတ်ပါဘူး။ ကျွန်တော်တို့တိုင်းပြည်မှာ ယောဂကျင့်စဉ်ကျင့်ကြံအားထုတ်နေတဲ့ ယောဂီကြီးတစ်ပါးလည်း ဖြစ်ပါတယ်။ "

ယောဂီကြီး ဖိုလာရှီမှာ ဘုရင်ကြီးအား အရိုအသေပြုလိုက်သော်လည်း ဘုရင်ကြီးမှာ သလွန်တော်ကနေ ချက်ချင်းဆင်းသက်လာပြီး သလွန်တော်ဘေးတွင်ရှိသော ရွှေသားခုံပေါ်တွင် ထိုင်ရန်အတွက် ယောဂီကြီး ဖိုလာရှီကို သွားထူလိုက်လေသည်။

" ယောဂီကြီးခင်ဗျာ ဒီရွှေသားခုံပေါ်တွင် ထိုင်တော်မူပါ။ " ယောဂီကြီး ဖိုလာရှီလည်း မည်သည့်စကားမှ မပြောဘဲ ရွှေသားခုံပေါ်တွင် ထိုင်ချလိုက်လေသည်။ မင်းကြီးလည်း သလွန်ပေါ်တွင် ပြန်ထိုင်လိုက်လေသည်။ ထိုအချိန်တွင် စကားတစ်လုံးမှ မဟသော ယောဂီကြီးသည် စကားပြောလာလေတော့သည်။

" အရှင်မင်းကြီးရဲ့ ဆုတောင်းတဲ့အသံက တိုင်းပြည်ကြီးနဲ့အတူ ဟိုမြင့်မြတ်တဲ့ ဘုံတွေအထိပါ ရောက်ရှိတော်မူတယ် မင်းကြီး အဲ့ဒီအတွက် ဘုရင်ကြီးဆီကို မြင့်မြတ်တဲ့ ဘုန်းကံကြီးတဲ့ သားတော်လေးတစ်ပါး ဖွားမြင်မှာပါ " 

ဘုရင်ကြီးလည်း အရမ်းဝမ်းသာတော်မူသွားပြီး 

" ယောဂီကြီးစကား ကြားရတာ ကျွန်ုပ်ရင်ထဲ အေးချမ်းသွားပါပီ။ ယောဂီကြီး ကျွန်ုပ်ကို ဘာများ ညွှန်ကြားတော်မူပါချင်သေးလဲ။ ပီးတော့ ယောဂီကြီးဘယ်မှာနေထိုင်ပါသလဲ။ ဘာအကျင့်တွေများ ကျင့်ကြံအားထုတ်နေပါသလဲ "

" ကျွန်တော်မျိုးကတော့ မြေကြီးရှိရာ ကောင်းကင်ရှိရာ အားလုံး ကျွန်တော့်ရဲ့နေရာတွေပါပဲ အရှင်မင်းကြီး အဲ့ဒီအတွက် နေစရာ မပူပြင်ရပါဘူး။ အကျင့်အကြံတွေကတော့ ဆာဟာသနအကျင့် ၊ မတာသနအကျင့် ၊ ဥဒ္ဓပဒါသနအကျင့် ၊ သုခါသနအကျင့် ၊ သိဒ္ဓါသနအကျင့် ၊ ပဒုမာသနအကျင့် ၊ ဝိပရိတ ကရာနီ မုဒရအကျင့် ၊ ယောဂမုဒရအကျင့် ၊ သီဟာသနအကျင့် စတဲ့ ယောဂကျင့်စဉ်များကို ကျင့်ကြံနေပါတယ်။ " 

" ယောဂီကြီး နန်းတော်အတွင်းမှာ ရှိနေစေချင်ပါတယ်။ ယောဂီကြီးရဲ့နှဲမှုတ်သံကို ကြားလိုက်ရတဲ့အချိန်ကတည်းက ကျွန်ုပ်မိတ်ဆွေဟောင်းတစ်ယောက်ကို ပြန်တွေ့ရသလို ခံစားရလို့ပါပဲ။ ယောဂီကြီး နန်းတော်တွင်းသို့ ရောက်ရောက်ချင်းပဲ သတင်းကောင်းကိုလည်း ယူဆောင်လာပေးတာကို သိလိုက်ရတဲ့ ကျွန်ုပ်ရင်ထဲ ၀မ်းသာပီတိဖြစ်ရပါတယ်။ " 

'' ကျွန်တော်မျိုး နန်းတွင်းမှာ နေပါမယ်။ ဒါပေမယ့် အချိန်တန်ရင်တော့ ကျွန်တော်မျိုး ထွက်ခွာသွားရပါမည်။ " 

ထိုအချိန်ကနေစပြီးတော့ ယောဂီကြီး ဖိုလာရှီသည် နန်းတွင်းအတွင်းတွင်ရှိသော သစ်ခတ်အိမ်လေးတစ်ခုတွင် သီတင်းသုံးတော်မူလေသည်။ ယောဂီကြီး ရောက်ရှိလာပြီး (၇)ရက်အကြာတွင် မိဖုရားကြီးတွင် သန္ဓေရှိသော အမူအရာပြလေသည်။ မင်းကြီးသည်လည်း အရမ်းပြုံးပျော်နေပီး တိုင်းပြည်အတွင်းလည်း ပျော်ပွဲရွှင်ပွဲများကို ပြုလုပ်လေသည်။ ယောဂီကြီးကိုလည်း အတိုင်ပင်ခံတစ်ယောက်အဖြစ် တိုင်းပြည်ရဲ့မြင့်မြတ်တဲ့ဘွဲ့ထူးကို ပေးအပ်ထားလေသည်။ ဆယ်လလောက်အကြာတွင် မင်းသားလေး ဂီရကို မွေးဖွားသန့်စင်ခဲ့လေသည်။ မင်းသားလေး ဂီရ မွေးဖွားသောနေ့တွင် ကောင်းကင်တွင်ရှိသော ကြယ်များသည် တစ်တန်းတည်း ဖြစ်သွားပြီး စူးရှသောအဖြူရောင်အလင်းတန်းများသည် လာနီရှားတိုင်းပြည်ကြီးရဲ့မြို့တော်ဖြစ်သော ကန့်တစ်မြို့တော်ကြီးတစ်ခုလုံး လင်းထိန်သွားလေသည်။ ထိုအခြင်းအရာကို ယောဂီက နိမိတ်ဖတ်ကြားလိုက်သည်ကတော့ 

" မင်းသားလေးသည် ဘုန်းကံကြီးသောသူတစ်ယောက်ဖြစ်ပေသည်။ မင်းသားလေးသည် အေးချမ်းခြင်းဟူသော လဓာတ်ကို ကိုယ်စားပြုပြီး မွေးဖွားလာသောသူဖြစ်ပေသည်။ သူသည် နေဓာတ်ကို ကိုယ်စားပြုမွေးဖွားလာခဲ့သော ကလေးနဲ့အတူတူ လက်တွဲပြီး  ကမ္ဘာကြီးဖျက်ဆီးမဲ့ အမှောင်စွမ်းအင်များကို ခုတ်ထွင်ရှင်းလင်းလိမ့်မယ် "

မည်သို့ပင်ဖြစ်ပါစေ ဘုရင်ကြီးကတော့ သားတော်လေးတစ်ပါးရရှိသဖြင့် အရမ်းပျော်ရွှင်တော်မူလေသည်။ အမဖြစ်သူ အာရီယာနားသည်လည်း မောင်လေးဖြစ်သူ ဂီရအား များစွာ ချစ်မြတ်နိုးလေသည်။ ဂီရမင်းသားလေးသည်လည်း ရုပ်သွင်မှာ ချောမောလှပြီးတော့ ဂီရမင်းသားလေးကို မြင်လိုက်သူတိုင်းမှာ အလိုလို ပျော်ရွှင်လာကြသည်။ ဒီလိုနဲ့ မင်းသားလေးအသက်(၁၀)နှစ်ကျော်သို့ ရောက်ရှိလာလေသည်။ အမဖြစ်သူ အာရီယာနားဖြင့် အနေကြာသောကြောင့် အမဖြစ်သူရဲ့ နူးညံ့သိမ်မွေ့သောစိတ်ဓာတ်များ သနားကြင်နာသောနှလုံးသားလည်း ပိုင်ဆိုင်ထားလေသည်။ ယောဂီကြီးကလည်း ယောဂအတတ်များအပြင် အခြားတတ်အပ်သောပညာများကိုလည်း သင်ကြားပေးလေသည်။ 

ဒီလိုနဲ့ အသက် (၁၀)နှစ်ကိုရောက်လာသော ဂီရမင်းသားလေးသည် ယောဂကျင့်စဉ်ရဲ့ မြင့်မြတ်တဲ့ကျင့်စဉ်ဖြစ်သော သီတာသနအကျင့်ကို ကျင့်နေသောအချိန်တွင် မင်းသားလေးရဲ့အာရုံထဲကို မြင်ကွင်းတစ်ခု ၀င်ရောက်လာလေသည်။ 


မိုးကြယ်စင်
(အပိုင်းလေးစောင့်မျှော်ကြပါအုန်းလို့)

အလင်းမဲ့ကျိန်စာ(Darkness Curse) - (၂)


အဆောင်နန်းတော်သို့ မင်းသားလေးရောက်သောအခါ မင်းသားလေးသည် လွန်စွာကောင်းမွန်လှသော မွေ့ရာပေါ်တွင် ထိုင်ကာ တစ်စုံတစ်ခုကို စဉ်းစားနေလေသည်။ ထိုတစ်စုံတစ်ရာမှာ ဆရာကြီးမှ အမတ်ကြီးကို ပြောလိုက်သောစကားသည် နားထဲတွင် ပဲ့တင်သံတွေကဲ့သို့ ရိုက်ခတ်နေသည်။
“ ကျုပ်က မသေချာပဲ မပြောပါဘူး။ အမတ်ကြီး ကျုပ်ပြောရင် နန်းတွင်းနိမိတ်ဖတ်ပုရောဟိတ်ကို မမှီရင်ရှိမယ်။ နိမ့်မယ်မထင်ဘူး။ မင်းသားလေးကို နန်းဆောင်မှာပဲ ထားလိုက်ပါအုန်း။
အချိန်တန်ရင် ပညာရပ်တွေအကုန်လုံးကို တဖြည်းဖြည်းတက်ကျွမ်းလာလိမ့်မယ်။ လူဆိုတာ သူ့ဘုန်းနဲ့သူလာတာပါ။ မိန်းမဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ် ဘုန်းကံနဲ့ မွေးဖွားလာကြတာပါ...။”
          ထိုအကြောင်းအရာသည် တဖြည်းဖြည်းဖြင့် တွေးတောချင်စိတ်တွေသည် ရင်ထဲရော နှလုံးသားပါ တဖွားဖွားပေါ်ပေါက်လာလေသည်။
“ ငါ့ဘာကြောင့် ပညာကို မသင်ဘဲ တတ်မြောက်ရမှာလဲ..။ ပီးတော့ ငါကဘာဖြစ်နေလို့ သူများတွေလို မသင်ဘဲနဲ့ ထူးခြားစွာ မတတ်ဘဲ တတ်မြောက်ရမှာလဲ”
          ထိုအချိန်တွင် မင်းသားလေးအဆောင်နန်းတွင် ထွန်းညှိထားသော မီးတိုင်အချောင်းနှစ်ဆယ်သည် တပြိုက်နက်တည်း ငြိမ်းသွားလေသည်။ တံခါးမဖွင့်ထားလျက်နဲ့ အဆောင်ထဲတွင် တ၀ူးဝူးဖြင့် လေဖြည်းဖြည်းလေး တိုက်လာလေသည်။ မင်းသားလေးလည်း ထိုအခြင်းအရာကို မြင်သောအခါ ကြောက်လန့်တကြား ဖြစ်သွားသဖြင့် တံခါးစောင့်များနှင့် အထိန်းတော်တို့ကို အော်ပြီး ခေါ်သော်လည်း မည်သူတစ်ယောက်မှ အခန်းထဲကို ၀င်မလာကြချေ။မင်းသားလေးထိုင်နေသည့် မွေ့ရာရှေ့တွင် အရောင်တလက်လက်တောက်ပလှသော အရောင်အမှုန်များသည် တဖြည်းဖြည်း ပေါ်ပေါက်လာလေသည်။ အရောင်အမှုန်များသည် တဖြည်းဖြည်း ပေါင်းစပ်ပြီး လူသားသဏ္ဍာန်ဖြစ်ပေါ်လာလေသည်။ ထိုလူသားရဲ့ပုံပန်းသဏ္ဍာန်သည် လွန်စွာချောမောလှပပြီး မျက်နှာသည်လည်းရဲဝံ့သောမျက်နှာဖြင့် သနားကြင်နာတတ်သော အမူအရာရှိပေသည်။ ခန္ဓာကိုယ်အနေအထားသည်လည်း သန်စွမ်းသော ကိုယ်ခန္ဓာရှိပီး ရဲရင့်သောစိတ်ထားရှိပုံကို မျက်နှာတွင်ရှိသော အရေးအကြောင်းများကို ကြည့်၍ သိရှိနိုင်ပေသည်။
“ အသင်ဘယ်သူလဲ.သင်က ကျုပ်နန်းတော်ထဲကို အခွင့်မရှိဘဲ လာရတာတုန်း.။ အစောင့်တွေ အပြင်က အစောင့်တွေ မရှိကြဘူးလား။ ဒီထဲမှာ သူစိမ်းရောက်နေတာ သင့်တို့ မသိကြဘူးလား” မင်းသားလေးသည် ကြောက်လန့်တကြားဖြင့် အပြင်က အစောင့်တွေကို လှမ်းခေါ်လိုက်လေသည်။ သို့သော်လည်း မင်းသားလေး ကြာကြာအသံမထွက်လိုက်ရဘဲ ထိုလူသည် လက်ဝါးလေးတစ်ချက်ပြလိုက်သောအခါ မင်းသားလေး၏အသံသည် ပါးစပ်မှ ထွက်မလာတော့ဘဲ
“ တ၀ူးဝူး တ၀ါးဝါး ” ဖြင့်သာ ပါးစပ်မှ အသံထွက်လာတော့သည်။ ထိုလူသည် မင်းသားလေးထိုင်နေတဲ့ မွေ့ရာပေါ်တွင် တက်ထိုင်လိုက်ပြီး
“ မကြောက်ပါနဲ့..။ မင်းကို ဘာမှမလုပ်ပါဘူး။ မင်းအတွေးလေးတွေကို ရှင်းလင်းဖို့အတွက် ငါလာရခြင်း ဖြစ်တယ်.။ မင်းဘာကြောင့် ပညာတွေ မသင်ဘဲ တတ်မြောက်ရမှာလဲဆိုတဲ့ မေးခွန်းကို ငါ့ကလွဲပြီး မည်သည်လူ ဖြေနိုင်မှာ မဟုတ်ဘူး.။ အဲဒါကြောင့် ငါလာခဲ့တာပဲ။ ငါက အသီးအပွင့်များရဲ့နတ်ဘုရား ဖရီရာပါ။ ကမ္ဘာတစ်ခုလုံးမှာရှိတဲ့ လူသားတွေကို စောင့်ရှောက်ပေးတဲ့ နတ်ဘုရားတစ်ပါးပါပဲ။ ကဲ အခု မင်းစကားပြောနိုင်ပီ ”
          ထိုအခါတွင် မင်းသားလေးသည် ကြောက်ရွံ့သည့်စိတ်များ ကင်းဝေးသွားပြီး စကားပြောဖို့အတွက် အားယူလိုက်လေသည်။ ထိုနောက် နတ်ဘုရား ဖရီရာကာ စကားစပြောလိုက်လေသည်။
“ အရှင်က နတ်ဘုရားတစ်ပါးဆိုတော့ ကျုပ်စိတ်ထဲမှာ တွေးနေတာတွေကို ဖြေပေးနိုင်တယ်ဆိုတာ မဆန်းပါဘူး..။ ဟုတ်တယ်.။ ကျုပ်က ဘာကြောင့် ပညာတွေ မသင်ဘဲ တတ်မြောက်နေရမှာလဲဆိုတဲ့ မေးခွန်းလေးကို ဖြေပေးစေချင်ပါတယ်။ ” ထိုအခါ ဖရီရာနတ်ဘုရားသည် အသံထွက်အောင် ရယ်မောလိုက်ပီး
" ဒီလိုကွဲ့ နရဏီရဲ့..။ မင်းက ငါ့ရဲ့အရင်ဘ၀တုန်းက ငါ့ရဲ့သားတော်ဖြစ်ခဲ့တယ်။ ငါက နတ်ဘုရားတစ်ပါးဆိုတော့ နတ်ဘုရားရဲ့သားတော်တစ်ပါးမှာ နတ်ဘုရားလို စွမ်းအားတွေ ရှိလာနိုင်တာပေါ့။ ပီးတော့ ငါက မင်းကို လူ့ပြည်ကို စေလွှတ်ရခြင်းကတော့ မင်းမှာ ဖူးစာရှင်တစ်ယောက် ရှာရလိမ့်မယ်။ အဲဒီဖူးစာရှင်နဲ့ မင်းနဲ့နှစ်ယောက်ပေါင်းပီး ကမ္ဘာ့မြေလောကကြီးမှာ ရှိတဲ့ အမှောင်စွမ်းအင်များကို ခုတ်ထွင်ရှင်းလင်းလိမ့်မယ်။ အဲဒီအတွက် မေးခွန်းတွေ မမေးပါနဲ့။ မင်းဆက်လျှောက်ရမဲ့လမ်းသာ ဆက်လျှောက်ပါ။ မင်းက ငါ့ရဲ့သားတော်ဖြစ်တော့ အခက်အခဲမရှိပေမယ့် မနုဿရိသစုန်းကဝေတွေနဲ့ တွေ့ရင် အခက်အခဲရှိလိမ့်မယ်။ ဒါပေမယ့် မင်းက ဥာဏ်ကောင်းပီး ကျော်လွှားနိုင်မှာပါ။ "
ထိုအခါ မင်းသားလေး၏မျက်လုံးသည် တဖျတ်ဖျတ်တောက်ပလာပီး စိတ်ထဲတွင် ပီတိဖြစ်သွားသဖြင့် မျက်နှာတစ်ခုလုံးသည် ပျားရည်ဆမ်းသော မုန့်ချိုပမာ ချိုမြိန်နေပေသည်။ စိတ်ထဲတွင်ရှိသော မသိစိတ်များသည် လုံးဝကို ပျောက်ကွယ်သွားပီး စိတ်ထဲတွင် သိနေသည်ဟူသော ပုံစံမျိုးကို အာရုံထဲမှာ ပေါ်နေပေသည်။
" ကဲ အဲဒါဆို ငါ့သွားတော့မယ်။ တို့စကားပြောတာကို နားထောင်နေတဲ့သူရှိတယ်.။ ကျန်တာတွေကို တဖြည်းဖြည်းချင်း သိလာပါလိမ့်မယ်။ "
ထိုသို့ပြောပီး နန်းဆောင်ကြီးတစ်ခုလုံးသည် အဖြူရောင်အလင်းတန်းများ ဖြာထွက်လာပီး အလင်းတန်းများသည် နန်းဆောင်တွင်းသာမက နန်းဆောင်အပြင်ထိ ထိုးထွက်ရောက်ရှိသွားလေသည်။ ထိုအလင်းတန်းကြောင့် အပြင်တွင် ကျောက်ရုပ်သဖွယ်ဖြစ်နေကြသော အစောင့်များနှင့် ရဲမက်များသည် တဖြည်းဖြည်းနိုးထလာလေသည်။ အိပ်ခန်းထဲတွင် ကျန်ခဲ့သော မင်းသားလေးသည် အတွေးများရှင်းလင်းသွားပြီဖြစ်ပီး မိမိဘယ်လိုလျှောက်လှမ်းရမလဲဆိုသည့် အကြောင်းအရာများကို တွေးတောနေစဉ်တွင်း
“ အုန်း…. ၀ုန်း……” ဟူသော အသံများသည် နန်းဆောင်အပြင်မှ ထွက်ပေါ်လာနေသည်။ နန်းဆောင်အတွင်းသို့ အထိန်းတော်ကြီး မာနလက္ခ ချက်ချင်း ရောက်လာပီး
“ ဘေးလွတ်ရာသို့ ရှောင်ရှားသင့်ကြောင်းပါ မင်းသားလေး…။ ဥယျာဉ်တော်အတွင်းတွင် ရှိသော ရွှေပန်းသီးအပင်ကြီးကို မိုးကြိုးပစ်လိုက်ပီး ကျန်ရှိခဲ့တဲ့ ရွှေပန်းသီးတစ်လုံး အရှိန်ပြင်းပြင်း ပေါက်ကွဲသွားခြင်းကြောင့် ဥယျာဉ်တော်ဖြင့် နီးသော နန်းဆောင်များ မီးများကူးကာ လောင်ကျွမ်းသွားပါတယ်။ မကြာခင်မှာ မီးကူးလာမှာဆိုသဖြင့် မီးကင်းရာ ဘေးကင်းဆောင်ကို အရင်ဆုံး ရှောင်ထားသင့်ပါတယ်..။ မင်းသားလေးဘုရား…..”  ဟု အထိန်းတော်ကြီးလည်း စကားလည်း ပြော မင်းသားလေးကို ခေါ်ဆောင်ရင်း ဘေးကင်းဆောင်ကို သွားကြလေသည်။
“ အထိန်းတော်ကြီး….  မင်းကြီး နှင့် မယ်တော်ကြီး ရော အန္တရာယ်ကင်းရှင်းရဲ့လား….”
“ မင်းသားလေးကို ကျွန်တော်မျိုး ခေါ်ဆောင်ခဲ့သလိုမျိုး မင်းကြီး နဲ့ မယ်တော်ကြီးအတွက်လည်း ကာကွယ်ပေးပြီး ဘေးကင်းဆောင်ကို ခေါ်ဆောင်ပေးမှာပဲ ဖြစ်ပါတယ်။ မင်းသားလေး စိုးရိမ်ကြောင့်ကြမှု မရှိဘဲ အရင်ဆုံး ဘေးကင်းဆောင်မှာ သွားလိုက်ပါ။ မီးကိုတော့ နန်းတွင်းသားတွေ ငြိမ်းသက်ပေးပါလိမ့်မယ်။”
စကားပြောနေရင်းဖြင့် အထိန်းတော်ကြီးနှင့် မင်းသားလေးသည် အလျင်အမြန် ဘေးကင်းဆောင်ကို အရင်ဆုံးရောက်ရှိသွားခဲ့ပြီး ဘေးကင်းဆောင်တွင် မင်းကြီးနှင့် မယ်တော်ကြီးတို့ ရောက်ရှိနေပြီး မင်းသားလေးသည် မင်းကြီးနှင့် မယ်တော်ကြီးကို မြင်သောအခါ
“ ဖခမည်းတော်နဲ့ မယ်တော် ထိခိုက်ဒဏ်ရာ ဖြစ်ခဲ့ပါသေးလား ဘုရား..”
“ သားတော်လေးရယ် ကိုယ်တော်ဘာမှ မဖြစ်ပါဘူး..။ ကိုယ်တော်တို့ မင်းသားလေးကို စိုးရိမ်နေတာ ဥယျာဉ်တော်နဲ့ မင်းသားလေးနန်းဆောင်က နီးတော့လေ…။”
“ ခမည်းတော်ဘုရား ဥယျာဉ်အတွင်းတွင်ရှိသော ရွှေပန်းသီးပင်အခြေအနေသွားကြည့်ချင်လို့ ခွင့်ပြုပေးပါ..။ ရွှေပန်းသီးနှစ်လုံး ကျန်သေးတယ်ဆိုတော့ အခု အဲဒီအပင်ကို မိုးကြိုးပစ်လိုက်လို့ အဲဒီပန်းသီးရဲ့အခြေအနေလေးကို ကြည့်ချင်လို့ပါ။ သားကတော့ ဒီကိစ္စကို သွေးရိုးသားရိုးလို့ကို မထင်ဘူး။ နောက်ကွယ်ကနေ လုပ်နေတဲ့ကိစ္စ ရှိကိုရှိမယ်လို့ ထင်တယ်။ ရွှေပန်းသီးက ဆယ်နှစ်မှ တစ်ခါသီးတဲ့အသီးလည်း ဖြစ် စားလိုက်ရင်လည်း ကိုယ်ရောင်ကိုယ်ဝါတွေ ထွက်ပေါ်လာကတည်းက သိဒ္ဓိဝင်အသီးတစ်မျိုးလည်း ဖြစ်နိုင်တယ်။ ခမည်းတော် စုံစမ်းစစ်ဆေးဖို့အတွက် ခွင့်ပြုပေးပါ။”
ထိုအခါ မင်းကြီးနှင့် မယ်တော်ကြီးသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပီး အချိန်အတော်အတန်ကြာ စိတ်ထဲတွင် တွေဝေနေသော ပုံစံဖြင့် သက်ပြင်းချလိုက်ပီး
“ သားတော်လေး ရွှေပန်းသီးအကြောင်းကိုသာ အောင်မြင်စွာ ပြုလုပ်နိုင်မည့်ဆိုရင် ဒီနိုင်ငံမှာ သရဖူလက်ဆင့်ကမ်းရမဲ့ နောင်တစ်ချိန်မှာ မင်းကြီးဧကန်ဖြစ်မဲ့ မင်းသားဖြစ်လိမ့်မယ်။ မင်းသားကတစ်ယောက်တည်းရှိသလို တိုင်းသူပြည်သားတွေကလည်း လက်ခံနိုင်တဲ့ မင်းကြီုးတစ်ပါးဖြစ်အောင် သားတော်လေးက ကြိုးစားပြရမှာပဲ။ ရွှေပန်းသီးပင်ဆိုတာကလည်း တိုင်းပြည်ရဲ့ဘဏ္ဍာတော်လည်း ဖြစ်သလို ကျက်သရေဆောင်ပစ္စည်းလည်း ဖြစ်တယ်။ သားတော်လေး ရွှေပန်းသီးတွေအကြောင်း ကွင်းဆက်တွေ သိရဖို့ဆိုရင်တော့ ကိုယ်တော်က ခွင့်မပြုချင်လည်း ခွင့်ပြုပေးရလိမ့်မယ်။ အကယ်၍ ကွင်းဆက်တွေကို သိဖို့ တိုင်ပင်ဖို့ တိုက်ခိုက်ဖို့ လူလိုရင်တော့ သားတော်လေးကိုယ်တိုင် အဲဒီလူတွေကို ရှာပီး ဆက်လက်လုပ်ဆောင်ပါ..”
“ကျေးဇူးတင်ပါတယ်..။ ခမည်းတော် အခုလို ခွင့်ပြုပေးသည့်အတွက်” စကားလည်းပြောပြီး မင်းကြီး နှင့် မယ်တော်ကြီးအား သိုင်းဖက်လိုက်လေသည်။ မင်းကြီး နှင့် မယ်တော်ကြီးလည်း ပြန်လည်သိုင်းဖက်လိုက်ပြီး ချစ်ခြင်းမေတ္တာများကို အပြန်အလှန် အသိအမှတ်ပြုလိုက်လေသည်။ ဒီချစ်ခြင်းမေတ္တာသည် ဖြူစင်သော (၅၂၈)မေတ္တာဖြစ်ပြီး တစ်ယောက်ရင်ထဲက အကြောင်းကို တစ်ယောက်ရင်ထဲမှလည်း ၀င်ရောက်ခံစားပေးနိုင်သော ချစ်ခြင်းမေတ္တာလည်း ဖြစ်ပေသည်။
မင်းသားလေးသည်လည်း ဘေးကင်းဆောင်ထဲမှ ထွက်ပီး ဥယျာဉ်ကြီးကို ဖြတ်လမ်းကို အသုံးပြုပြီး ဥယျာဉ်တော်သွားလိုက်လေသည်။ လမ်းတစ်လျှောက်လည်း မီးများငြိမ်းသက်နေသော နန်းတွင်းသူနန်းတွင်းသားများကလည်း ခြေချင်းလိမ်နေကြသည်။တဖြည်းဖြည်းဖြင့် လမ်းလျှောက်လာသောအခါ အလွန်ကျယ်ပြန့်လှသော ဥယျာဉ်တော်တွင်းသို့ ရောက်ရှိလာလေသည်။
ဥယျာဉ်တော်ကြီးကို တည်ဆောက်ခဲ့သူမှာ တိုင်းပြည်ကြီး တတိယမြောက်ဘုရင်ဖြစ်သူ ဥပ္ပစိန္ဒမင်းကြီးဖြစ်ပြီး မင်းကြီးသည် ငယ်စဉ်အခါတုန်းက ထူးဆန်းသောမှော်ဆရာကြီး ရာဖိုနက်နှင့် တွေ့ဆုခဲ့ပြီး မှော်ဆရာကြီး ရာဖိုနက်က မင်းကြီ့းအား ထူးဆန်းသော အစိမ်းရောင်မှော်ပညာကို သင်ကြားပေးခဲ့သဖြင့် မင်းကြီးသည် ဥယျာဉ်တော်ကြီး ထူးဆန်းသော ပညာရပ်များဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပေသည်။ ဥယျာဉ်ကြီးကို အပေါ်ကနေစီး၍ ကြည့်ပါက ငါးထောင့်ကြယ်စက်ဝိုင်းပုံစံ မြင်ရမည်ဖြစ်ပြီး ထောင့်တစ်ခုချင်းစီတွင် ထူးဆန်းသောအရုပ်ငါးရုပ်ရှိလေသည်။ ထိုအရုပ်ငါးရုပ်မှာ
(က) သစ်အပင်များ ခေါင်းတွေပေါက်နေသော အစီမ်းရောင်မိန်းမအရုပ် ၊ အညိုရောင်တောင်ပံပါပြီး လက်တွင် လှံရှည်တစ်ချောင်း ကိုင်ဆောင်ထားသည်။ အရုပ်အရှေ့တွင် ထူးဆန်းသော သင်္ကေတများဖြင့် ရေးသားထားသော ကျောက်စာတစ်ချပ်ရှိလေသည်။ အရုပ်အောက်ခြေတွင် Alocica Guardian  (အလိုစီယာအစောင့်အရှောက်) ဟု ရေးသားထားသည်။ အရုပ်ပတ်ပတ်လည်တွင် မြေဓာတ်သင်္ကေတကို အနီရောင်ဆေးများဖြင့် ရေးဆွဲထားသည်။ မြေဓာတ်အစောင့်အရှောက် ဖြစ်တန်ရာတည်း…
(ခ) ချိုနှစ်ချောင်းထွက်နေပီး ခြေထောက်တွင်ရှိသော ဖိနပ်သည် အတောင်ပံပါနေသောအရုပ် အနီရောင်ယောင်္ကျားအရုပ် ၊ ခန္ဓာကိုယ်တွင် သံချပ်ကာဝတ်စုံကို ၀တ်ဆင်ထားပြီး လက်နှစ်ဘက်တွင်  အနီရောင်ဓား နှင့် အညိုရောင်ဓားနှစ်ချောင်း ကိုင်ဆောင်ထားသည်။ အရုပ်အရှေ့တွင် ထူးဆန်းသော သင်္ကေတများဖြင့် ရေးသားထားသော ကျောက်စာတစ်ချပ်ရှိလေသည်။ အရုပ်အောက်ခြေတွင် Acagia Guardian  (အကာဂျီယာ အစောင့်အရှောက်) ဟု ရေးသားထားသည်။ အရုပ်ပတ်ပတ်လည်တွင် မီးဓာတ်သင်္ကေတကို အနီရောင်ဆေးများဖြင့် ရေးဆွဲထားသည်။ သင်္ကေတရေးသားထားသည့် ကျောက်စာအောက်တွင် မီးတောက်နေသည့် ဖွတ်တစ်ကောင်အရုပ်လည်း ရှိသည်။
(ဂ) ခြေထောက်သုံးချောင်း မျက်နှာတွင် အကြေးခွံတွေရှိပြီး ၀ဖိုင့်လှပြီး မျက်နှာပုံစံသည် ရယ်မောနေသော လူဝယောင်္ကျားကြီးရုပ် ၊ ခန္ဓာကိုယ်တွင် မိကျောင်းအရေခွံပုံစံ အ၀တ်အစားကို ၀တ်ဆင်ထားပြီး လက်တွင် လိပ်ကျောက်အမြီးကဲ့သို့ ကြာပွတ်အခွေကို ကိုင်ဆောင်ထားသည်။ လက်များတွင် လက်နက်များပါဝင်သော ၊ ဦးခေါင်းတွင် ဘယက်ပုံစံ ခေါင်းဆောင်းကို ၀တ်ဆင်ထားသည့် အနက်ရောင် ရေဘ၀ဲအရုပ်အရှေ့ကို စီးနင်းထားသည်။ အရုပ်အရှေ့တွင် ထူးဆန်းသော သင်္ကေတများဖြင့် ရေးသားထားသော ကျောက်စာတစ်ချပ်ရှိလေသည်။ အရုပ်အောက်ခြေတွင် Polysiz Guardian  (ပိုလီဆိုဒ် အစောင့်အရှောက်) ဟု ရေးသားထားသည်။ အရုပ်ပတ်ပတ်လည်တွင် ရေဓာတ်သင်္ကေတကို အဖြူရောင်ကျောက်တုံးများဖြင့် ရေးဆွဲထားသည်။
(ဃ) ကြီးမားလှသောအနက်ရောင် အတောင်ပံပါ ၊ မျက်နှာသည် သိမ်းငှက်မျက်နှာမျိုး ၊ ခန္ဓာကိုယ်သည် ကျားသစ်ခန္ဓာကိုယ် အမြီးသည် နှစ်ခွဖြစ်နေသော ထူးဆန်းသောသတ္တ၀ါကြီးရုပ် ၊ လက်တွင် မိုးကြိုးပုံစံတုတ်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ အတောင်ပံပါသည့် ခြင်္သေအရုပ်ကို စီးနင်းထားသည်။ အရုပ်အရှေ့တွင် ထူးဆန်းသော သင်္ကေတများဖြင့် ရေးသားထားသော ကျောက်စာတစ်ချပ်ရှိလေသည်။ အရုပ်အောက်ခြေတွင် Marnotaur Guardian  (မာနိုတော် အစောင့်အရှောက်) ဟု ရေးသားထားသည်။ အရုပ်ပတ်ပတ်လည်တွင် လေဓာတ်သင်္ကေတကို အဖြူရောင်ကျောက်ပန်းများဖြင့် ရေးဆွဲထားသည်။
(င) နောက်ဆုံးအရုပ်ပုံသည် ထူးဆန်းသောဝတ်ရုံကြီးကို ၀တ်ဆင်ထားသည့် မျက်နှာမမြင်ရသော လူသားရုပ်ထုကြီး ဖြစ်သည်။ လက်ထဲတွင် ကြီးမားလှသောစာအုပ်ကြီး ရေးနေသည့် ပုံစံပါသည်။ စာအုပ်ပုံစံသည် အတောင်ပံပါနေသည့် စာအုပ်ပျံမျိုး ဖြစ်နေလေသည်။ အရုပ်ကြီးမျက်နှာမှုထားရာ နေရာတွင် အဖြူရောင်လူတစ်ယောက်ထိုင်စာ ကျောက်သားအထု နေရာလေး ရှိပေသည်။ ကျောက်စာတော့ မရှိပေမယ့် စာအုပ်တွင် သင်္ကေတစာများ ရှိပြီး အရုပ်အောက်ခြေတွင် Rafonat Wizard (ရာဖိုနက် မှော်ဆရာကြီး) ဟု ရေးသားထားသည်။ အရုပ်ပတ်ပတ်လည်တွင် ၀ိညာဉ်သင်္ကေတကို အပြာရောင် ၊ အဖြူရောင် ၊ အ၀ါရောင် စတဲ့ ရောင်စဉ်(၇)မျိုး ကျောက်တုံးများဖြင့် ရေးဆွဲထားသည်။
ဥယျာဉ်အကြောင်းနှင့်ပတ်သက်ပြီး  ဒဏ္ဍာရီမြောက်မြားစွာ ရှိပေမယ့် ဥယျာဉ်အကြောင်း ပြောဆိုမည်ဆိုပါက ဒီဝတ္ထုနှင့် ဆက်နွယ်မည်ရှိနိုင်မည် မဟုတ်ပါ။ ဒါပေမယ့် နိသိင်္ခဥယျာဉ်တော်ကြီး ၏ ဖြစ်ရပ်များသည်လည်း အခန်းဆက်တစ်ခုအနေဖြင့် ရေးသားမည်ဆိုပါက ဂမ္ဘီရဆန်သောအကြောင်းအရာများနှင့် ပြည့်နှက်နေမည် ဖြစ်ပေသည်။ ထိုကြောင့် ဥယျာဉ်တော်ကြီးအကြောင်းနှင့်ပတ်သက်ပြီး အလင်းမဲ့ကျိန်စာနှင့်ပတ်သက်သည့်အပိုင်းကိုသာလျှင် ဦးစားပေးရေးသားသွားမည် ဖြစ်ပါသည်။
မင်းသားလေးသည် ဥယျာဉ်တော်အတွင်းသို့ရောက်သောအခါ မီးခိုးတွေ ထွက်နေသည့် သစ်ပင်များကို တွေ့ရပြီး အလယ်တွင် တစ်ဝက်သာကျန်တော့သည့် ရွှေပန်းသီးပင်ကို တွေ့လိုက်ရနေသည်အခါ ရွှေပန်းသီးသည် တစ်လုံးသာကျန်တော့သည်ကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် ရွှေပန်းသီးပင်အနီးတွင် ရှိသော ရေကန်တစ်ခုမှ ရေများသည် တဖြည်းဖြည်းနှင့် ပွက်လာလေတော့သည်။ မင်းသားလေးသည်လည်း ထူးဆန်းသောအခြင်းအရာများကို တွေ့လိုက်ရသည့်အတွက် စိတ်ထဲတွင် ကြောက်လန့်သလို ဖြစ်ပေါ်လာပြီး သစ်ပင်အနီးမှာ ထွက်ပြေးချင်စိတ်ဖြစ်ပေါ်လာပေမယ့် ရေကန်ထဲကို ဘာကြောင့် ပွက်သလဲဆိုသည့်အချက်ကို အရမ်းသိချင်စိတ်ပြင်းပြလွန်းတာကြောင့် ရေကန်အနီးကို ကပ်လိုက်လေသည်။ ရေကန်သည် အလျားပေဆယ့်ငါးပေ အနံခြောက်ပေလောက်သာ ရှိပြီး မင်းသားရပ်နေသည့်နေရာ၏ဟိုဘက်အခြမ်းတွင် ရေကန်ကို ည့ငုံကြည့်နေသော အ၀တ်နက်ကြီးကို ၀တ်ဆင်ထားသောလူတစ်ယောက်ကို မြင်တွေ့လိုက်ရလေသည်။ ထိုလူကိုမြင်တွေ့လိုက်ရသောအခါ
“ ဟေ့ လူ ခင်ဗျား ဘယ်သူလဲ ဘာလို့ ဒီနေရာရောက်နေတာလဲ။”
မင်းသားလေး လှမ်းအော်လိုက်သည့်အခါ ထိုလူကြီး၏ခေါင်းသည် မင်းသားလေးဆီကို မော့ကြည့်လိုက်လေသည်။
“ အောင့်မလေး…” ဟု မင်းသားလေးသည် ကြောက်လန့်တကြား အော်လိုက်လေသည်။
------------------------------------------------------------------------------------------------------------ 
(အပိုင်း{3} ကို စောင့်မျှော်ကြပါကုန်..။)

မိုးကြယ်စင်





အလင်းမဲ့ကျိန်စာ(Darkness Curse) - (၁)

ဟိုရှေးရှေးတုန်းက.......

အလင်းရောင်တွေမဲ့နေတဲ့ တိုင်းပြည်ကြီးတစ်ခုရှိသတဲ့။ အဲဒီတိုင်းပြည်ကြီးမှာ နေ့အလင်းရောင်သည်လည်း ညဘက်သာတဲ့ လမင်းအလင်းရောင်လောက်သာသာပဲ ရှိပါသတဲ့။ အမြဲတမ်းလိုလို တိုင်းပြည်ကြီးရဲ့ အရှင်သခင် ဘုရင်မင်းကြီး၏နန်းတော်ကြီးသည်လည်း အစဉ်အမြဲ ဖယောင်းတိုင်များဖြင့် နန်းတော်ကြီးတစ်ခုလုံးကို အလှဆင်ထားကြပါသတဲ့။ တိုင်းပြည်ကြီးသည်လည်း ရဲတိုက်ကြီး၏ထွန်းလင်းလာသော အလင်းရောင်ကိုသာ မှီခိုနေကြပြီး စီးပွားရေး လူမှုရေး အလုပ်အကိုင်များကို ဆောင်ရွက်ကြပါတယ်။ ထိုတိုင်းပြည်ကြီးရဲ့ မိုင်ငါးဆယ်မှာ ကြီးမားသော တောအုပ်ကြီးတစ်ခုရှိပါတယ်။ အဲဒီတောအုပ်ကြီးကို အလင်းမဲ့တိုင်းပြည်ကြီးက လူတွေက အလင်းတောကြီးလို့ နာမည်ပေးထားတယ်။ ဘာလို့လဲဆိုတော့ အဲဒီတောကြီးက အစဉ်အမြဲ အလင်းရောင်ဖြင့် ပြည့်နှက်နေခြင်းကြောင့်ပါပဲ။ ဒါပေမယ့် အလင်းတောကြီးမှာ လူတွေနေထိုင်လို့ မရပါဘူး။ သာမန်တောခွေသွားရင်တောင် သုံးနာရီထက် ပိုပြီးမနေနိုင်ပါဘူး။ သုံးနာရီထက်ပိုနေသူတွေအားလုံး မျက်လုံးနှစ်လုံး စုံလုံးကန်းသွားကြလို့ပါပဲ။


တိုင်းပြည်ကြီးသည်လည်း ရဲတိုက်ကြီးကို ဗဟိုထားပြီး မင်းမှုထမ်းများ သူဌေးများ သူကြွယ်များ ကုန်သည်များ သာမန်လူများ ဆိုပြီး ပတ်လည်ဝိုင်းထားကြပါတယ်။ ဘာလို့ ဒီလို တည်ဆောက်ထားကြသလဲဆိုတော့ ရဲတိုက်ကြီးအလင်းရောင်သည် မြို့အစွန်အဖျားကို မရောက်ပါဘူး။ ထိုအခါ ဖယောင်းတိုင် မီးတိုင်များသည် ထိုမြို့တွင် ကျန်သည့်အရာအားလုံးထက် ပိုမိုဈေးကြီးသောကြောင့် သာမန်လူများ နှင့် အလုပ်သမားများ ၀ယ်နိုင်ခြင်းမရှိသည့်အတွက် သူဌေးများကလည်း သူတို့၏စံအိမ်ကို မီးများထွန်းထားကြပါတယ်။ နန်းတော်ကြီးက မီးကို မြို့သူမြို့သားများက မြို့အလင်းရောင်ဟု ခေါ်ကြပြီး သူဌေးစံအိမ်က မီးကို ပတ္တမြားမီး ၊ သူကြွယ်အိမ်က မီးကို စိန်ကျွန်းမီး ၊ ကုန်သည်အိမ်မှ မီးကို အာရုံမီး လို့ ခေါ်ဆိုပြီး အလုပ်သမားများ နှင့် သာမန်အိမ်များက မီးထွန်းထားပါက အဲဒီမီးကို မီးခွက်မီးဟု ခေါ်ဆိုကြလေသည်။ မြို့ကြီး၏ကြွယ်ဝ ချမ်းသာမှုကို မီးများဖြင့် တိုင်းတာကြလေသည်။


မြို့လေး၏အစွန်တွင် အိမ်မည်းလေးတစ်ခုရှေ့တွင် ရှိသော ကွပ်ပျစ်တစ်ခုပေါ်တွင် လူငယ်များသည် ၀ိုင်းစုကာ ထိုင်နေကြသည်။ ကွပ်ပျစ်အနားတွင်လည်း ထိုင်ခုံများဖြင့် အသက်အကြီးဆုံး အဘိုးကြီးတစ်ယောက်က ထိုင်နေပြီး စကားပြောဖို့အတွက် တစ်ခုခုကို စဉ်းစားနေလေသည်။


" အဘိုး ကျွန်တော်တို့ တိုင်းပြည်မှာ ဘာကြောင့် မီးတိုင်များကို ထွန်းထားကြတာလဲဗျ။ အခြားတိုင်းပြည်မှာဆို နေရောင် လရောင်များက အရမ်းကို လင်းလက်လှပါဘိ အဘိုးရယ် ကျွန်တော်တို့ တိုင်းပြည်မှာ အဲဒီအလင်းရောင်က ဘာလို့ ထူးပြီး မလင်းလာရတာလဲ " အသားဖြူဖြူ ကောင်ချောလေးတစ်ယောက်ဖြစ်သော သော်တာမိုးက မေးလိုက်လေသည်။ ထိုစကားကို အနားတွင်ရှိသော ကောင်လေးတစ်သိုက်ကလည်း ၀ိုင်းဝန်းပြီး


" ဟုတ်တယ် အဘိုး ကျွန်တော်တို့ကို ပြောပြပေးပါ။ " ဆူညံစွာ တောင်းဆိုကြလေသည်။


ထိုစကားကို အဖြေပေးရန်အတွက် အဘိုးကြီးသည် အချိန်တော်တော်ကြာ စဉ်းစား၍ နေလေပြီးမှ


" တို့ တိုင်းပြည်ကြီးမှာ အလင်းရောင်တွေ ရှိခဲ့ပါတယ်။ နေ့ဘက်မှာ နေမင်းကြီး ထွန်းလင်းသာယာပြီး ညဘက်ဆိုရင် လမင်းကြီးရဲ့အလင်းရောင် ကြယ်ပွင့်ကလေးများရဲ့အလင်းရောင်များကလည်း အရမ်းကို လှပတာပေါ့ "


“ ဟင် ဒါဆိုရင် ဘာကြောင့် အဲဒီအလင်းရောင် မရှိတော့တာလဲ ” စိတ်ဝင်တစား နားထောင်နေတဲ့ နဖူးဝိုင်းဝိုင်း နှာခေါင်းသွယ်သွယ်လေးနဲ့ မီန်းမချောချောသော ကောင်လေး ရှင်းသက္က က မေးလိုက်ပြန်သည်။ ထိုအခါ အဘိုးကြီးက


“ အလင်းရောင်ပျောက်ဆုံးခဲ့တာ မဟုတ်ပါဘူး။ ကျိန်စာသင့်ခဲ့တာပါ။ အချစ်တစ်ခုကြောင့် တိုင်းပြည်ကြီးတစ်ခုလုံး ကျိန်စာသင့်ခဲ့ရတာပါကွယ်။ အဲဒီကျိန်စာရဲ့ နောက်ကွယ်မှာ ကြီးမားလှသော ချစ်ခြင်းမေတ္တာ နဲ့ ဆိုးရွားလှသော အမုန်းတရားတွေ ပါဝင်ကြတယ်။ ဒီလိုကွဲ့..”


အဘိုးကြီးပြောပြသော စကားလုံးများသည် အချို့အရာများသည် လေးနက်သည်စကားလုံးများ ရှုပ်ထွေးသည့်အသုံးအနှုန်းများ ပါဝင်သဖြင့် အများသူငှာ ဖတ်ရှုနိုင်ဖို့ ဇာတ်လမ်းတစ်ပုဒ် ၀တ္ထုတစ်ပုဒ်ဖြင့် ရေးသားမည် ဖြစ်ပါသည်။


အလင်းမဲ့တိုင်းပြည်ကြီးတွင် ရှိသော နန်းတော်ကြီးတွင် ဘုရင်ကြီးနှင့် မိဖုရားကြီးမှ သားတော်လေးပါး ဖွားမြင်ခဲ့သည်။

အလင်းမဲ့တိုင်းပြည်ကြီးတွင် ရှိသော နန်းတော်ကြီးတွင် ဘုရင်ကြီးနှင့် မိဖုရားကြီးမှ သားတော်လေးပါး ဖွားမြင်ခဲ့သည်။
ထိုသားတော်လေးပါးတွင် အငယ်ဆုံးမင်းသားလေးကို ဖွားမြင်စဉ်က မိဖုရားကြီးသည် အိမ်မက်တစ်ခုကို မြင်မက်ခဲ့လေသည်။ ထိုအိမ်မက်မှာ မိဖုရားကြီးအိပ်စက်ရာ သလွန်တော်ပေါ်တွင် အိပ်စက်နေစဉ် သလွန်ကြီးသည် ရွေ့လျားနေသဖြင့် ဘေးကိုစောင်းငဲ့ကြည့်လိုက်လေရာ သလွန်ကြီးသည် လွန်စွာလှပသော မြစ်ကြောင်းကြီးတစ်လျှောက်တွင် မျှောပါနေလေသည်။ မြစ်ရေပြင်ကြီးသည်လည်း အရောင်မျိုးစုံလင်းလက်နေပြီး မြစ်မျက်နှာပြင်မှ ငုံကြည့်လိုက်လျှင် မြစ်အောက်ကြမ်းပြင်အထိ ငါးများ ပုဇွန်များ ရေသတ္တ၀ါများအစ သွားလာနေသည်ကို တွေ့မြင်ရလေသည်။
သလွန်ကြီးပေါ်တွင်ရှိသော မိဖုရားကြီးသည်  တအံ့တသြဖြင့် အရာအားလုံးကို ငေးမောစွာ ကြည့်ရှုနေချိန်တွင် သလွန်ကြီးသည်
ရပ်တန့်သွားပီး သလွန်အောက်ခြေတွင် လှပထူးဆန်းလှသော ပန်းခင်းစင်္ကြန်လမ်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး
မိဖုရားကြီးသည်လည်း ခြေချ၍ ပန်းခင်းစင်္ကြန်လမ်းအတိုင်း လမ်းလျှောက်လို့ သွားခဲ့လေသည်။ လမ်းတစ်လျှောက်လုံးသည်လည်း အပြင်လောကတွင် မမြင်နိုင်သောသတ္တ၀ါများ
ပန်းပွင့်များသည်လည်း ပြည့်နှက်လျက်ရှိနေပေသည်။ လမ်းအဆုံးတွင် ကြီးမားလှသော ညောင်ပင်ကြီးတစ်ပင်ရှိလေသည်။ ထိုညောင်ပင်ကြီးသည် ရှေးဟောင်းဆန်သော အဆောက်အအုံကြီးတစ်ခုကို ရစ်ပတ်ပြီး အ၀င်ဝတံခါးသည်လည်း
သစ်နွယ်များဖြင့် အလှဆင်ထားလေသည်။ တံခါးကြီး၏အပေါ်တွင် ရှေးဟောင်းဆန်လှသော စကားလုံးများရေးသားထားသည်။

    

ထိုစကားလုံးကို မိဖုရားကြီးသည်လည်း မဖတ်တတ်ပေမယ့် နတ်ဘုရားတစ်ပါး၏နန်းတော်ဟု ထင်မြင်မိလေသည်။ သို့ပေမယ့် ၀င်ရနိုးနိုး မ၀င်ရနိုးနိုး ဖြစ်နေစဉ်
“ ရောက်နေပီမှတော့ ၀င်ခဲ့ပါအုန်းလေ...” ဟု တည်ငြိမ်ပြီး သြဇာအာဏာပါဝင်သော အသံတစ်သံ နတ်ဘုရားကျောင်းထဲမှ ထွက်ပေါ်လာလေသည်။ ထိုအခါ မိဖုရားကြီးသည်
အထဲကို ၀င်ရောက်သောအခါ အရောင်တွေတဖိတ်ဖိတ် တောက်နေသော ရွှေသားသလွန်တော်ပေါ်တွင် ထိုင်နေသော လွန်စွာချောမောလှပပြီး မျက်နှာသည်လည်း
ရဲဝံ့သောမျက်နှာဖြင့် သနားကြင်နာတတ်သော မျက်လုံးဖြင့် ကြည့်နေသော ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့လိုက်လေသည်။
“ အလို ချောမောနုပျိုလှသော အသင်က ဘယ်သူများလဲ။ ကျွန်ုပ်ကို ဘာကြောင့်တွေ့ချင်လို့ ဒီကို ခေါ်လိုက်တာလဲ”
“ ကျုပ်က အသီးအပွင့်များရဲ့နတ်ဘုရား ဖရီရာပါ။ ကမ္ဘာတစ်ခုလုံးမှာရှိတဲ့ လူသားတွေကို စောင့်ရှောက်ပေးတဲ့ နတ်ဘုရားတစ်ပါးပါပဲ။ ကျုပ်က
နတ်ဘုရားတွေ မစောင့်ရှောက်ချင်တဲ့ လိင်တူခြင်းတပ်မက်ချစ်ခြင်းကို ယူဆောင်ပေးတဲ့ နတ်ဘုရားတစ်ပါးလည်း ဖြစ်ပြီး
ကျုပ်က ကျုပ်လို လိင်တူချစ်ခြင်းရှိတဲ့ လူတွေကို ကောင်းချီးမင်္ဂလာတွေ ပေးတယ်။ အလှအပတွေ စည်းစိမ်ဥစ္စာတွေနဲ့ အခြားချောမောလှတဲ့ ဖူးစာဘက်တွေကို
ဆောင်ကြဉ်းပေးပါတယ်။ မိဖုရားကြီးကို အခုလို တွေ့ချင်တာက လက်ဆောင်တစ်ခုပေးချင်ပါတယ်။ ” ဟုဆိုကာ လက်တစ်ဖက်မြှောက်လိုက်ရာ လက်ထဲမှ
ရွှေရောင်အငွေ့တန်းများသည် မိဖုရားကြီး၏ကိုယ်တစ်ခုလုံးကို ရစ်ပတ်သွားပြီး ပူလောင်သလို အေးစက်သလို ခံစားလိုက်ရသဖြင့်
အရာအားလုံး အမှောင်အတိကျသွားလေသည်။ မျက်နှာပြန်ဖွင့်လိုက်သောအခါ သလွန်၏ဘေးတွင် ဘုရင်ကြီးနှင့် မောင်းမတော်များကလည်း
စိုးရိမ်တစ်ကြီးနဲ့ ကြည့်နေကြသည်။
“ မိဖုရားကြီး ဘယ်လိုအကြောင်းအရာမျိုးတွေကို အိမ်မက်မြင်မက်တော်မူလို့ ကြောက်မက်စရာအသံဖြင့် အော်ဟစ်နေရတာတုန်း”
“ မောင်တော်ဘုရား အခု အရမ်းပင်ပန်းတော်မူလှသဖြင့် အိမ်မက်အား မနက်အာရုဏ်လင်းသည့်အခါ ပြောကြားပေးပါမယ်”
“ အဲဒီလိုဆိုတော့လည်း မိဖုရားကြီး ပြန်လည်အိပ်စက်လိုက်ပါအုန်း..”

မနက်ရောက်သောအခါ မိဖုရားကြီးသည် လွန်စွာထူးဆန်းလှသော အိမ်မက်အခြင်းအရာကို ပြောကြားလိုက်လေသည်။ ထိုအိမ်မက်ကို မင်းကြီး၏ပုရောဟိတ်များသည်
အောက်ပါအတိုင်း နိမိတ်ဖတ်ကြားလေသည်။
“ မိဖုရားကြီးတွင် သားတော်လေးတစ်ပါးဖွားမြင်မယ် ဖြစ်ပြီး အခြားတိုင်းပြည်မှာရှိတဲ့ မင်းသားလေးတစ်ပါးဖြင့် ချစ်ခင်စုံမက်မည် ဖြစ်ပါသည်။ မင်းသားလေး၏ဘုန်းကံကြောင့်
တိုင်းပြည်ကြီး၏အနောက်ဘက်ခြမ်းတွင် လွန်စွာလှပသော တောအုပ်ကြီးတစ်ခု ပေါ်ပေါက်မည် ဖြစ်ပြီး
မင်းသားလေးသည် ချစ်ဖွယ်သော မျက်နှာသည် လူသားအားလုံးက သနားကြင်နာလိမ့်မည်။” ဟု နိမိတ်ဖတ်လေသည်။ ထိုအခါ မင်းကြီးသည်
စိတ်မသာယာဖြစ်လာခဲ့ပြီး သားတော်အငယ်ဆုံးလေး မွေးဖွားအလာကို စောင့်ဆိုင်းနေရှာလေသည်။
ထိုအိမ်မက်ကို မြင်မက်ပြီး တစ်ပတ်အကြာတွင် မိဖုရားကြီးတွင် ပဋိသန္ဓေရှိဟန် အမူအရာပြလာခဲ့ပြီး
ကိုးလမြောက်တွင် မင်းသားချောလေးတစ်ပါးကို ဖွားမြင်ခဲ့လေသည်။ မင်းသားလေးဖွားမြင်နေစဉ်အတောအတွင်း နန်းတော်ဥယျာဉ်တွင် ထူးဆန်းလှသော
ရွှေရောင်ပန်းသီးသီးသော ရွှေပန်းသီးတစ်ပင် ပေါက်လာခဲ့လေသည်။ မြို့၏အနောက်ဘက်ခြမ်းတွင် အရောင်များဖြင့် တလက်လက်တောက်ပနေသော
တောအုပ်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။ ထိုအချိန်မှစပြီး မင်းသားလေးကို ရွှေရောင်မျက်နှာမင်းသားလေး နရဏီဟု အမည်ခင်ပွန်းတပ်လိုက်လေသည်။
နရဏီမင်းသားလေးသည် ထိုအချိန်မှစပြီး ထူးဆန်းသော ကံကြမ္မာများ စတင်လာခဲ့လေသည်။
 မင်းသားလေးနရဏီသည် မွေးကတည်းက မည်သည်ယောင်္ကျာလေးမှ အဆောင်ကို ၀င်ခွင့်ကို ဘုရင်ကြီးက ပိတ်ပြင်လိုက်သည်။ ထိုစိုးရိမ်မှုကြောင့်ပဲ မင်းသားလေးသည် ယောင်္ကျားတို့ တတ်ကျွမ်းအပ်သော ပညာရပ်များအစား အထိန်းတော်များ သင်ကြားပေးသော အကပညာရပ်များနှင့် နန်းတွင်းအပျိုသိုင်းကွက်များ ၊ အပ်ချုပ်မှုများ နှင့် အမျိုးသမီးများ၏နေထိုင်သွားလာမှုများကိုသာ နေ့စဉ်မြင်နေကြလာသောအခါ မင်းသားလေး၏စိတ်သည် တဖြည်းဖြည်းဖြင့် နူးညံသိမ့်မွေ့လာပြီး မင်းသမီးလေးတစ်ပါးအတိုင်းပင် ဖြစ်လာခဲ့သည်။ မင်းသားနရဏီ၏၀တ်စားဆင်ယင်မှုမှာလည်း အဖြူရောင် ၀တ်ရုံအရှည်ကို ၀တ်ဆင်ထားပြီး ဆံပင်အရှည်ကိုလည်း စီးထားသဖြင့် တော်တော်ကို ကြည့်ကောင်းသော မျက်နှာထားကိုလည်း ပိုင်ဆိုင်ထားသည်။ သို့သော်လည်း နန်းတွင်းအပျိုဆောင်နှင့် နန်းတွင်းမှတစ်ပါး မည်သည့်နေရာမှ မရောက်ဘူးပေ။ အကိုသုံးယောက်ကလည်း ညီဖြစ်သူ နရဏီမင်းသားလေးအား အနီးကပ် ယောင်္ကျားတို့တက်အပ်သော ပညာရပ်များကိုလည်း သင်ကြားပေးခွင့် မရတော့ အသက်နည်းနည်းကြီးလာသောအခါ မင်းသားလေး၏စိတ်သည် မိန်းကလေးတစ်ယောက်ကဲ့သို့ပင် ဖြစ်တည်လာခဲ့သည်။ မင်းသားလေးကို မြင်သည့်လူတိုင်းသည်ပင် အရမ်းကိုချစ်ဖို့ကောင်းသော မင်းသားချောလေးအသွင် မြင်ယောင်လာခဲ့ပြီး အသက်ဆယ်နှစ်ပြည့်တွင် ဘုရင်ကြီးက မင်းသားလေးကို ယောကျာင်္းလေးတို့ တက်ကျွမ်းအပ်သော အဋ္ဌာရဿ(၁၈)ကို သင်ပေးဖို့အတွက် တွေးတောမိလေသည်။ သို့သော်လည်း မင်းသားလေးကို ဘုရင်ကြီးကြည့်ရှုသည့်အခါ လူမှားလောက်အောင်ပင် အလွန်ပင် ချောမောလှပသော မင်းသမီးလေးတစ်ပါးအသွင် မြင်လိုက်ရသောအခါ ဘုရင်ကြီး မူးမေ့မတတ်ဖြစ်ခဲ့ရသည်။ သို့သော်လည်း မင်းသားလေးသည် ထိုပညာရပ်များကို မသင်ကြားဘဲ တက်ကျွမ်းခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ဖရီရာနတ်ဘုရား၏သွေးများလည်း သူထံတွင် ပါဝင်လာခြင်းကြောင့် အချို့ပညာရပ်များကို မကျင့်ကြံဘဲ အလိုလိုတတ်ကျွမ်းပြီး အပျိုတော်များ သင်ကြားပေးသော ပညာရပ်များဖြင့် မင်းသားလေးသည် တော်တော်ပညာရပ်များကို တက်ကျွမ်းနေပြီ ဖြစ်သည်။ မင်းသားလေးမွေးဖွားစဉ်က အတူပေါက်ခဲ့သည့် ရွှေပန်းသီးပင်သည် မင်းသားလေးဆယ်နှစ်မြောက် မွေးနေ့တွင် ဒုတိယအသီးကို စတင်သီးလေသည်။ တစ်ပင်လုံးမှ ခြောက်လုံးသီးပြီး အစောင့်အရှောက်များစွာ ချထားလေသည်။ ပထမအသီးခြောက်လုံး စတင်သီးချိန်တွင် ဘုရင်ကြီးနှင့် မူးကြီးမတ်ရာများသည် ပန်းသီးကြည့်ပွဲကို ကျင်းပကြလေသည်။ အသီးမှည့်ချိန်ရောက်ချိန်သည် လပြည့်နေ့အချိန်ဖြစ်ပြီး နန်းတွင်းတွင် ကြီးပွားလှသော လေပွေကြီးတစ်ချက်တိုက်ခတ်ပြီးချိန်တွင် ရွှေပန်းသီးပင်တွင် သီးနေသော အသီးတစ်လုံးမရှိချေ။ ဒီလိုနဲ့ လပြည့်နေ့မှ စတင်ပြီး လေပွေများကြားရပြီး ခြောက်ရက်မြောက်နေ့ရောက်သောအခါ ရွှေပန်းသီးပင်တွင်
 ရွှေပန်းသီးတစ်လုံးပဲ ရှိတော့သည်။ ရွှေပန်းသီးသည်လည်း အရသာချိုမွှေးပြီး
အလွန်စားကောင်းသော အသီးဖြစ်လေသည်။ ဒီကနေ့သည် မင်းသားလေး၏ဆယ်နှစ်မြောက် မွေးနေ့အချိန်ဖြစ်ပြီး လပြည့်အချိန်လည်းဖြစ်လေသည်။ ရွှေပန်းသီးပင်၏ဒုတိယမြောက် ပန်းသီးသီးချိန်လည်း ဖြစ်သည်။
“ မင်းသားလေး ကျန်းမာပါစေ။ သက်တော်ရာကျော်ရှည်ပါစေ” ဟုသော အသံများလည်း ညီလာခံခန်းမအတွင်းတွင် ဆူညံနေလေည်။ မင်းသားလေး၏ပုံစံသည်လည်း အရမ်းကို ပျော်ရွှင်နေသည်။ ထိုအချိန်တွင် လေပြင်းကျသော အသံကြီးတစ်ချက်ကြားပြီး ပန်းဥယျာဉ်အတွင်းမှ အော်သံကြားလိုက်လေသည်။

“ ဘုရင်မင်းကြီး ဘုရင်မင်းကြီး ရွှေပန်းသီးတစ်လုံး ပျောက်ဆုံးသွားပါပြီ။ ရွှေပန်းသီးပင်ပေါ်တွင် ရွှေပန်းသီးငါးလုံးသာ ကျန်ပါတော့တယ်။ ”

ထိုအချိန်တွင် ဘုရင်မင်းကြီးသည် သားတော်သုံးပါးအား တစ်ယောက်တစ်ညစီ ရွှေပန်းသီးအပင်အနားတွင် ရွှေပန်းသီးအပင်အား စောင့်ရှောက်ရန်စေခိုင်းလိုက်လေသည်။ မင်းသားလေးနရဏီကိုလည်း တိုက်ခိုက်ရေးပညာသင်ကြားရန် နန်းတွင်းပွဲကျောင်းပညာကျောင်းကို ပို့ဆောင်ရန် အမတ်ကြီးနန္ဒသီဟကို စေခိုင်းလိုက်လေသည်။ အမတ်ကြီးနန္ဒသီဟလည်း မင်းသားလေးကို ခေါ်ဆောင်ပြီး ကျောင်းသို့ခေါ်ဆောင်သွားလေသည်။
“ အမတ်ကြီး တိုက်ခိုက်ရေးပညာဆိုတာ သင်စရာလိုလို့လားဗျ”
“ မင်းသားလေးရဲ့ မင်းသားလေးက တိုင်းပြည်ရဲ့မင်းသားတစ်ပါးဆိုတော့ တိုက်ခိုက်ရေးပညာမတက်ကျွမ်းလို့ မဖြစ်ဘူးလေ..”
“ ဒါနဲ့ အမတ်ကြီး ပွဲကျောင်းဆိုတာကရော ဘယ်လိုလဲဗျ။ ကျွန်တော်တို့ အပျိုတွေကတဲ့ အပျိုကလိုပဲလား အမတ်ကြီး ”
ထိုအခါ အမတ်ကြီးသည် ဟာသပြက်လုံးတစ်ခုကို ကြားလိုက်ရသလို ရယ်မောလိုက်ပြီး
“ မင်းသားလေး နားလည်အောင် ရှင်းပြပေးမယ်။ ပွဲကျောင်းဆိုတာ အေဒီ ၅ ရာစုလောက်က စတင်ပေါ်ပေါက်ခဲ့တာ။ ဒီပညာက ရသေ့တွေ တောထဲတွင် တရားထိုင်သည့်အခါ အညောင်းအညာ ပြေစေရန်အတွက် သော်လည်းကောင်း၊ ခိုးသားဒမြတို့၏  ရန်ကို ရှောင်နိုင်ရန် အတွက်လည်းကောင်း ထီထွင်လိုက်သော ပညာဖြစ်တယ်ကွဲ့ မင်းသားလေးရဲ့....။
အစကတော့ ဂါမ၀ါသီပွဲကျောင်းလို့ ခေါ်ကြတယ်။ နောက်ပိုင်းတော့ ဂါမ၀ါသီဆိုတာ ကျန်ခဲ့ပြီး ပွဲကျောင်းလို့ပဲ ခေါ်ဖြစ်ကြတော့တယ်။ ပွဲကျောင်းရဲ့အဓိပ္ပာယ်ကတော့ ပွဲဆိုတာ စည်ကားသော ၊
ကျောင်းဆိုသည်မှာ အတတ်ပညာတွေကို သင်ပေးရာနေရာလို့ အဓိပ္ပာယ်ရတယ် မင်းသားလေးရဲ့..။ ”
အမတ်ကြီးသည် ပွဲကျောင်းသို့ သွားရာလမ်းတစ်လျှောက်တွင် ရှင်းပြပြောဆိုနေလေသည်။ မင်းသားလေးလည်း ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ မည်သည့်စကားမှ မဆိုဘဲ လမ်းတစ်လျှောက်နားထောင်လာလေသည်။
“ ပွဲကျောင်းဆိုတာ အတတ်ပညာများကို သင်ကြားပေးရာ စည်ကားသော်နေရာလို့ အဓိပ္ပာယ်ရသတဲ့။ ဂါမ၀ါသီဆိုတာ ရပ်ရွာလို့ ခေါ်တယ်။ နန်းတွင်းမဟုတ်ဘဲ အခြားမှာဆို အရည၀ါသီပွဲကျောင်းလို့ ခေါ်ဆိုတယ်။ အရည၀ါသီဆိုတာ တောအရပ်လို့ အဓိပ္ပာယ်ရတယ်။ ဒါပေမယ့် နန်းတွင်းမှာတော့ ဂါမ၀ါသီရော အရည၀ါသီရော နှစ်မျိုးစလုံး သင်ရလိမ့်မယ်။
နာမည်လည်း ကွာသလို သင်ကြားပေးတဲ့ ပညာရပ်လည်း ကွာခြားတယ်။ ဂါမ၀ါသီမှာ အင်း ၊ ယတြာ အဆောင် စုန်းအတတ်နဲ့ သက်ဆိုင်တဲ့ လောကီပညာရပ်တွေ ၊ ဆေးပညာတွေ ၊ ကိုယ်ခံပညာမှာတောင် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်မှုဖြင့် အနိုင်ယူနိုင်အောင် လေ့ကျင့်ပေးရတယ်။ ”
ထိုအခါ ငြိမ်နေသော မင်းသားလေးသည် စကားဟလာလေတော့သည်။
“ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုဆိုတာ ဘာလဲဟင်။ ကျွန်တော်မသိဘူး အမတ်ကြီး ”
“ အော် ဟုတ်သားပဲ။ မင်းသားလေးကို ရှင်းဖို့ မေ့သွားလို့ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုဆိုတာ ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် သန်မာအောင် အထိုးခံနိုင်အောင် ကျင့်စဉ်တွေကို
လေ့ကျင့်ခြင်းပဲ ဖြစ်တယ်။ ဆက်ပြောမယ်နော်။ နောက်ပြီး အဋ္ဌရဿ(၁၈)ရပ်လည်း သင်ကြားပေးတယ်။ အရည၀ါသီအောက်မှာ တောကို အခြေခံတဲ့ ပညာရပ်တွေကို သင်ကြားပေးတယ်။ တောကိုအခြေခံတဲ့
ပညာဆိုတာ နက္ခဗေဒင်ပညာ၊ နက္ခတ်အမြင်၊ တောထဲတွင်ရှိသည့် သစ်မြစ်၊ သစ်ဥတို့ဖြင့် ရောဂါများကိုကုသသည့် ဆေးပညာများ တော၏ ပရိယာယ်၊ တော၏မာယာတို့ အကြောင်း၊ သစ်ပင်တို့အကြောင်း၊ သစ်ပင်တက်နည်း၊ သစ်ပင်တွင်လင့်စင်ထိုးနည်း၊ ထောင်ချောက်ဆင်နည်းတို့ကို ဆိုလိုတာပဲ ဖြစ်တယ်။ ဒါမှသာ အရေးတကြီး တောထဲကို ခရီးနှင်တဲ့အခါ အသုံးဝင်တာပေါ့ကွယ်။ မင်းသားဆိုတာ အမြဲတမ်းလည်း
နန်းတွင်းမှာ နေရမှာ မဟုတ်ဘူးလေ။ ကိုယ်ခံပညာမှာလည်း
ရုပ်ပိုင်းဆိုင်ရာထက် ရန်သူ၏ အားသာချက်၊ အားနည်းချက် အလေ့အကျင့်တို့ကို သိအောင်သင်ကြားပေးတယ်။ ဥာဏ်နဲ့ အနိုင်ယူနိုင်အောင် သင်ကြားပေးခြင်း ဖြစ်တယ်။ ”
ပြောဆိုနေရင်းနဲ့ ပွဲကျောင်းရှေ့ကို ရောက်လာခဲ့လေသည်။
(မှတ်ချက်။               ။ ပွဲကျောင်းနှင့်ပတ်သက်သော ဗဟုသုတများသည် လွန်စွာရှည်လျားပါသဖြင့် အတိုချုပ်ကာ ဗဟုသုတအနေဖြင့် ထည့်သွင်းပေးခြင်း ဖြစ်ပါသည်။ သိရှိလိုပါက မက်ဆေပို့ပြီး မေးမြန်းနိုင်ပါသည်။)

သို့သော်လည်း ပွဲကျောင်းဆရာကြီးဖြစ်သူ ဆရာကြီးသူရိယ၏စိတ်ထဲကို နတ်ဘုရား ဖရီရာဝင်ရောက် ပူးကပ်ပြီး
“ မင်းသားလေးကို သင်စရာမလိုတော့ပါ ။ မင်းသားလေးရဲ့ ပုံစံသည် ကျွန်တော်တို့ တိုက်ခိုက်ရေးပညာအလိုအရ တက်ကျွမ်းပြီးအဆင့်အနေအထား ရှိနေပြီးတော့
မင်းသားလေးရဲ့ ရှေးဘ၀ဘုန်းကံများကြောင့်လည်း ထိုပညာရပ်များသည် မင်းသားလေးရဲ့ကိုယ်ခန္ဓာထဲမှာ အလိုလို ရိုက်သွင်းပြီးသား ဖြစ်နေပါတယ်။ ”
ထိုအခါ အမတ်ကြီးက
“ ဆရာကြီး သေချာလို့လား မင်းသားလေးက အခုမှ ဆယ်နှစ်သားပဲ ရှိသေးတာ။ အကုန်တက်နေပြီဆိုတာ ဖြစ်နိုင်ပါ့မလား”
“ ကျုပ်က မသေချာပဲ မပြောပါဘူး။ အမတ်ကြီး ကျုပ်ပြောရင် နန်းတွင်းနိမိတ်ဖတ်ပုရောဟိတ်ကို မမှီရင်ရှိမယ်။ နိမ့်မယ်မထင်ဘူး။ မင်းသားလေးကို နန်းဆောင်မှာပဲ ထားလိုက်ပါအုန်း။
အချိန်တန်ရင် ပညာရပ်တွေအကုန်လုံးကို တဖြည်းဖြည်းတက်ကျွမ်းလာလိမ့်မယ်။ လူဆိုတာ သူ့ဘုန်းနဲ့သူလာတာပါ။ မိန်းမဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ် ဘုန်းကံနဲ့ မွေးဖွားလာကြတာပါ...။”
ဟု ဆရာကြီးသည် အမတ်ကြီးအား ပြန်ပြောလိုက်သောအခါ အမတ်ကြီးလည်း ပြုံးရွှင်သော မျက်နှာထားဖြင့် မင်းသားလေးကို ခေါ်ဆောင်ကာ နန်းဆောင်သို့ ပို့ပေးလိုက်လေတော့သည်။ 

မိုးကြယ်စင်
Powered by Blogger.

ူ

-

-

-
© Copyright KCB Center
Back To Top