Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

ယာဉ်တိုက်မှုများဖြစ်ပွားနေသောနေရာများအတွက် အစီအရင်


 

 (Photo Credit to : YGN News)


                    လက်ရှိမြန်မာနိုင်ငံနေရာအတော်များများမှာ ယဉ်တိုက်မှုများဖြစ်ပွားနေတာကို မြင်နေ၊ ကြားနေကြရပါတယ် ...။ ဒါကြောင့်မို့ ယာဉ်တိုက်မှုများဖြစ်ပွားမှု အဖြစ်များတဲ့နေရာမှာ ဖြစ်ပွားမှုမရှိတော့စေဖို့ ဒီနည်းလမ်းလေးကို စမ်းကြည့်ကြဖို့ မျှော်လင့်ပါတယ်။
                   နေရာတစ်ခုမှာ ယာဉ်တိုက်မှုတွေ အရမ်းဖြစ်ပွားနေပြီဆိုရင်တော့ ယာဉ်တိုက်မှုဖြစ်ပွားစဉ်က ကျကျန်ခဲ့တဲ့ ယာဉ်ရဲ့အစိတ်အပိုင်းလေးတစ်ခုကိုယူလိုက်ပါ။ ပြီးရင် အဲ့ဒီနားအနီးဆုံးမှာရှိတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ အပေါ်မှာတင်ထားလိုက်ကာ -
             "ကဲ .... မင်းတို့ဖြစ်ချင်တာတွေဖြစ်ပြီးပြီနော် .... မင်းနဲ့ဒီလမ်းနဲ့မဆိုင်တော့ဘူး ..."
           ဟုဆိုကာ နောက်ကိုလှည့်မကြည့်ဘဲပြန်လာခဲ့ပါ ....။

                         ယာဉ်တိုက်မှုဖြစ်မပွားအောင်အစီအရင်တစ်ခုပြောပြီးနောက်မှာ လူတွေ ကိုယ့်ကိုယ်ကို လုပ်မိမှန်းမထင်မိအောင်လုပ်မိနေတဲ့အရာတစ်ခုရှိပါတယ်။ အဲ့ဒါဟာ ယာဉ်မောင်းရင်း ကွမ်းတံတွေးထွေးတာပါပဲ ။  ဒီလိုလုပ်တာဟာ မကောင်းတဲ့အကျင့်တစ်ခုဖြစ်မှန်းသိပေမယ့် အတော်များများကတော့ ဒီလိုလုပ်နေကြတာပါပဲ။
                        ကွမ်းထွေးလို့ လမ်းညစ်ညမ်းသွားတာကို အသာထား အခုကျွန်တော်ပြောမယ့်အကြောင်းကတော့ ရှေးမြန်မာလူကြီးများသုံးကြတဲ့ လှည်းတိုက်၊ ယာဉ်တိုက် အစီအရင်ပဲဖြစ်ပါတယ်။ ဒီလိုအစီအရင်မျိုးမှာ နက္ခတ်တစ်ခုကျနေတဲ့အချိန်မှာ လှည်းတိုက်မှု၊ ယာဉ်တိုက်မှုဖြစ်လိုတဲ့နေရာရဲ့ လမ်းလေးခွဆုံမှာ ကွမ်းတံတွေးထွေးပြီးစီရင်ရပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်က လမ်းဘေးမှာ မသိလိုက်ဘဲ ကွမ်းတံတွေးထွေးလိုက်မိပေမယ့် နက္ခတ်၊ အကျိုး၊ အကြောင်းဆီလျော်သွားမယ်ဆိုရင်တော့ ဖြစ်လာမယ့်အကျိုးတရားတွေဟာ မတွေးဝံ့စရာပင်ဖြစ်ပါကြောင်း ...။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center

စုန်းမ မပြုစားနိုင်သောမှော်ဆေးရည်ဖော်စပ်ခြင်းနည်း


                   ဒီနည်းဟာအနောက်တိုင်းမှော်လောကမှာ ဟိုရှေးအခါကတည်းက အစဉ်အဆက် အသုံးပြုခဲ့တဲ့ ရိုးရာနည်းလမ်းဖြစ်ပြီးတော့ မိမိပတ်ဝန်းကျင်က တစ်စုံတယောက်က စုန်းလို့ခန့်မှန်းရရင် မိမိကို လာမပြုစားနိုင်အောင် ကာကွယ်နိုင်တဲ့ရှေးဟောင်း မှော်နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
                    ဒီအစီအရင်ကိုလုပ်ဖို့အတွက် ပထမဆုံး ပုလင်းတစ်လုံးထဲမှာ သရဲခြောက်ခံရဖူးသူ အပေါ့သွားထားတဲ့ကျင်ငယ် ရည်ကို ကြိုတင်ထည့်ထားလိုက်ပါ။ ညအချိန်တစ်အိမ်လုံးမှာ မိမိတစ်ယောက်တည်းနေကာ အပြင်မှတံခါးများကို အကုန်ပိတ်ထားလိုက်ပါ။ 
                     ပြီးနောက်မှာတော့ သင့်ရဲ့လက်သည်းနဲ့ သင့်ကိုပြုစားနိုင်မယ့် စုန်းမရဲ့ဆံပင်ကို အပ်တစ်ချောင်းနဲ့ တွဲချိတ်ပြီး ကျင်ငယ်ရည်ပုလင်းထဲကိုထည့်ကာ ဆီးပုလင်းကိုမီးဖိုပေါ်တင်လိုက်ပါ။ အထူးသတိထားရမှာကတော့ မှော်ဆေးရည်ကြိုနေချိန်အတွင်းမှာ အလုံပိတ်ထားတဲ့ အိမ်အတွင်း ဘယ်သူမှမလာမိအောင် သတိထားရမှာဖြစ်ပြီး အကယ်၍ တစ်စုံတစ်ယောက်ဝင်လာပါပ ဝင်လာသောသူမှာ အပြင်းအထန်ဖျားနာခြင်းမှစ၍ သေသည်အထိဖြစ်နိုင်ကြောင်းလည်း အသိပေးလိုက်ရပါတယ်။ ဆီးပုလင်းပွက်ပွက်ဆူပြီးနောက်မှာတော့ ပုလင်းကိုချကာ မိမိအနီးအနားတစ်ဝိုက်က ဘယ်သူမှ ပြန်လာမတူးနိုင်မယ့်နေရာမှာ မြှုပ်နှံထားလိုက်ပါ။
                   ဒီမှော်ဆေးရည်ကို ပြုလုပ်စီရင်ခြင်းအားဖြင့် သင့်ကိုပြုစားနိုင်သောစုန်းမဟာ သင့်ကို ပြုစားလို့မရနိုင်ဘဲ သင့်ကိုပြုစားလေ အားနည်းလေဖြစ်မည်ဖြစ်ကြောင်းနှင့် အနောက်တိုင်းမှာ ရိုးရာအစဉ်အဆက်သုံးခဲ့သော နည်းလမ်းဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
Powered by Blogger.

ူ

-

-

-
© Copyright KCB Center
Back To Top