Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

ကလေးမှော်(၁)

           ကလေးတချို့ဟာ သူတို့ငယ်စဉ်ဘဝကတည်းက မှော်ပညာနဲ့မစိမ်းကြဘူးဆိုရင် ယုံကြမလားတော့မသိ . . . .။ ဒီတော့ ကလေးတွေ မှော်ပညာမှန်း၊ ဂမ္ဘီရပညာမှန်းမသိဘဲသုံးနေကြတဲ့ ကလေးတို့ရဲ့နည်းလမ်းလေးတွေကို လက်လှမ်းမီသလောက်ဖော်ပြပေးချင်ပါတယ် . .။
          ခုပထမဆုံးဖော်ပြပေးချင်တာကတော့ ကလေးတွေ ဂုံညင်းပစ်ရင်(ပေသီးပစ်ရင်)သုံးကြတဲ့နည်းလေးပါ။ ကဲ . . ဒီနည်းလေးကိုတော့ ကိုယ့်တူတွေတူမတွေ သားသမီးတွေ၊ ညီလေးညီမလေးတွေ မျှဝေနိုင်ဖို့ ခုပဲဖော်ပြပေးလိုက်ပါပြီ။
          ကိုယ်ရှုံးချင်တဲ့သူ ပစ်ရတဲ့အလှည့်မှာ သူပစ်နေချိန် သူမှန်အောင်ပစ်ရမယ့် ပေသီး(ဂုံညင်း)ကို လက်ညှိုးနဲ့ဝှေ့ယမ်းစွာထိုးလိုက်ပြီး "ကချေသည် . ကချေသည် . မမှန်ပါစေနဲ့" လို့ရွတ်ပေးရင် သူချိန်ထားတဲ့အရာကိုမမှန်နိုင်တော့ပါဘူးတဲ့။
         ကဲ . .မယုံရင် ကလေးတွေနဲ့အတူကစားပြီး စမ်းကြည့်ကြပေါ့ဗျာ။ နည်းလမ်းလေးကလည်း လူတိုင်းလုပ်ရအဆင်ပြေနိုင်ပါတယ်။ ဒီကလေးမှော်ဆိုတဲ့ ကဏ္ဍလေးကနေ နောက်ထပ်ဘယ်လို ကလေးတွေသုံးနိုင်မယ့်နည်းလေးတွေထပ်ပြီးမျှဝေမလဲဆိုတာ ဆက်ပြီးစောင့်ဖတ်ကြပါဦးနော်။ ကာရှိုင်းတစ်ယောက် အဓိဋ္ဌာန်တစ်ခုကြောင့်မအားလပ်တာကြောင့်
ဒီရက်ပိုင်း Post Update ကြာနေတာကိုလည်း နားလည်ပေးကြပါလို့ပြောရင်း ကလောင်နဲ့ပိတ်ပြီး ခဏနားဦးမယ်ဗျာ . . .။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top