စုန်းတောက်စားတာတွေဟာ တန်ဆောင်မုန်းလပြည့်တစ်ရက်ထဲမှာသာဖြစ်ပေါ်တတ်ပြီး ဘာကြောင့် စုန်းတောက်စားကြသလဲဆိုတာကတော့ ၀ိဇ္ဖာ၊ဇော်ဂျီ အစရှိတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်နှစ်ပတ်လုံး အဂ္ဂိရိတ်ထိုးကြပြီး တန်ဆောင်မုန်းလပြည့်ည ဆေးပေါင်းခတဲ့ညမှာ အပြီးသတ်ရပါတယ်။ ဒီလိုအပြီးသတ်ချိန်မှာ သိဒ္ဒိ(၁၀)မျိုးရှိတဲ့အနက်က သူတို့ရလာတဲ့ ဓာတ်လုံးက (၁)မျိုးသာထုတ်ပေးနိုင်ပြီး ကျန်သိဒ္ဒိ(၉)မျိုးဟာ လေထဲမှာပျံ့ လွင့်လျက်ရှိပါတယ်။
အဲ့ဒီပျံ့လွင့်နေတဲ့ သိဒ္ဒိတွေကို အရယူဖို့အတွက် စုန်းတွေဟာ လူအရိုးတွေကို အခြားဆား၊ လူသေပုပ်ရည်၊ သင်္ချိုင်းမြေမှုန်စတဲ့အရာတွေနဲ့ပေါင်းကာ မဆစ်ဆီလောင်းကာမီးရှို့ပြီး လူရိုးမှာ မီးစုန်းဓာတ်ပါတာကြောင့် တောက်ပတဲ့မီးလုံးတွေဖြစ်ပေါ်လာကာ မန္တန်များနဲ့ ရွတ်ဆိုပြီး လေထဲမှာပျံ့လွင့်လျက်ရှိတဲ့ သိဒ္ဒိတွေကို စုပ်ယူစေပါတယ်။ အဲ့ဒီ မီးစုန်းဓာတ်လုံးပြန်ကျလာတဲ့အချိန်မှာ အအေးခံကာ စားသုံးခြင်းဖြင့် စွမ်းအင်များကို ရယူကြပါတယ်။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
Post a Comment