Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

ယောက်ျားတစ်ယောက်ရဲ့တမ်းချင်း

"မိန်းမတို့လက်နက်က မျက်ရည်"တဲ့
ယောက်ျားတွေသိထားသင့်တဲ့
စကားပုံတစ်ခုပေါ့။
မိန်းမတွေက သူတို့မကြိုက်တာ
တစ်ခုခုလုပ်ခဲ့လို့ရှိရင်
မျက်ရည်နဲ့သူတို့ကိုချော့လာအောင်
ပြန်လက်စားချေလေ့ရှိတယ်။
နောက်ပြီး ကျွန်တော်တို့ယောက်ျားလေးတွေက
စိတ်ကစားတဲ့အရွယ်မှာတောင်မှ ကိုယ့်ချစ်သူကို
အသက်နဲ့လဲပြီးကာကွယ်ပေးဖို့
သတ္တိတွေကအသင့်ရှိနေတတ်ကြတယ်။
ခင်ဗျားတို့မိန်းကလေးတွေရော
ကိုယ့်ချစ်သူကို အသက်နဲ့လဲပြီးကာကွယ်ပေးဖို့
သတ္တိတွေရှိကြလို့လား . . .
ပြီးတော့တချို့မိန်းကလေးတွေကပြောကြတယ်ဗျ . .
"မောင်တို့ယောက်ျားတွေရယ်
အိုင်တွေ့တိုင်ခြေဆင်းတတ်ကြတယ်" တဲ့။
ကျွန်တော်တို့ယောက်ျားတွေသာ
အိုင်တွေ့တိုင်းခြေဆင်းတတ်ကြရင်
အပျိုကြီးမမတွေ လောကမှာ
အခုလိုတောင်ပုံယာပုံကျန်နေမှာမဟုတ်တော့ဘူး . . .
လောကနိယာမအရ

"ယောက်ျားတစ်ပုံ၊ မိန်းမသုံးပုံ" တဲ့
တကယ်ဆိုယောက်ျားတစ်ယောက်ကို မိန်းမ၃ယောက်တောင်ယူသင့်တာ . . .
ဒါပေမဲ့ကျွန်တော်တို့ယောက်ျားလေးတွေ
သစ္စာရှိရှိနဲ့ တစ်လင်တစ်မယားစနစ်ကိုသာ
ကျင့်သုံးခဲ့တာ ခင်ဗျားတို့တွေအသိ . . .
Female(Feel- Male) ဆိုတဲ့အတိုင်း
မိန်းမတွေက Male တွေရဲ့ခံစားမှုအတွက်ဖြစ်ပေါ်လာရတာဆိုပေမဲ့
ကျွန်တော်တို့ယောက်ျားတွေက ကိုယ့်ခံစားချက်အတွက်
အသက်စွန့်ဖို့တောင်ဝန်မလေးကြဘူး။
တကယ်တော့ မင်းတို့မိန်းကလေးတွေဟာ
ဘုရင်တွေကို ဝမ်းနဲ့လွယ်မွေးရတယ် လို့ပြောပြော
ယောက်ျားတွေရဲ့အကူအညီနဲ့မှမွေးနိုင်တာပါ။
ကဲ . .ထားပါတော့
မင်းတို့မိန်းမတွေ ငါတို့ယောက်ျားတွေကိုအထင်ကြီးပြီးသားဆိုတော့
ရှည်ရှည်ဝေးဝေးပြောမနေတော့ဘူး။
ဒီမှာပဲရပ်လိုက်တော့မယ်နော် . . .။    ။

ကြယ်စင်ချစ်သူ
KCB Center
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top