အရာရာကိုစတေးပြီးနောက်ပိုင်းမှာ
ကဗျာတွေကိုမရေးချင်တော့ဘူး . . .
ကြယ်စင်ဆိုတဲ့ကောင်လေးရဲ့နှလုံးသားထဲမှာ
သူ့နာမည်ကိုကဗ္မည်းထိုးပြီး
ထာဝရမြှုပ်နှံလိုက်ပြီ။
မာယာတွေနဲ့လုပ်ကြံခံလိုက်ရပြီဆိုတာ
ကောင်းကင်ပေါ်ကလမင်းလေး သူမ ကို
ငေးမောကြည့်နေတဲ့အချိန်မှာ
တစ်စုံတစ်ယောက်က ငါ့မျက်လုံးကို
လာရောက်ဖောက်ထုတ်သွားခဲ့တယ်။
အမြင်အာရုံတွေမရှိတော့ပေမယ့်
နှလုံးသားမှာတော့ သူမပုံရိပ်တွေကို
ထာဝရအမှတ်ရနေရင်း
မျက်ရည်တွေကိုအရင်းတည်ပြီး
ကဗျာတွေကိုဆက်ရေးရင်း
ငါ့နှလုံးသားကောင်းကင်ယံမှာ
တစ်ပွင့်တည်းသာရှိတဲ့ ကြယ်စင်လို့သတ်မှတ်ထားတဲ့နင့်ကို
ချစ်နေမယ့်ငါက
ကြယ်စင်ကိုချစ်တဲ့
"ကြယ်စင်ချစ်သူ" ဆိုတဲ့ကလောင်နဲ့
နင့်နှလုံးသားကို ကဗျာတွေနဲ့
ထာဝရအစာကျွေးနေမယ် . . . ။ ။
ကြယ်စင်ချစ်သူ
Post a Comment