ယနေ့ခေတ်လူငယ်ရာနှုန်းပြည့်မှာ ၉၂%နီးပါးလောက်ဟာ အနုပညာလမ်းကြောင်းကို
လျှောက်လှမ်းပြီး အောင်မြင်ချင်ကြပါတယ်။ အနုပညာလမ်းကြောင်းထဲမှာမှ
သရုပ်ဆောင်၊အဆိုတော်၊ Model စသောလုပ်ငန်းတွေထဲကမှ Model
ကောင်းတစ်ယောက်ဖြစ်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။ အရင်ဆုံး
အလုပ်တစ်ခုကိုမလုပ်ခင်မှာ ပြန်လည်ဆန်းစစ်ပါ။ မိမိဒီလုပ်ငန်းကို
တကယ်ဝါသနာပါလားဆိုတာ ဆန်းစစ်ပါ။ ဟိုမရောက်ဒီမရောက်တော့ မဖြစ်ပါစေနှင့်။(၁) သင့်ရဲ့ကိုယ်ခန္ဓာကို အဆီကင်းပြီးကျစ်လစ်၍တောင့်တင်းခိုင်မာသော ကိုယ်ခန္ဓာရဖို့အတွက် Gym တက်ပြီးပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်
အားကစားကို ပုံမှန်လုပ်သင့်ပါတယ်။ သင့်ရဲ့ငွေရေးကြေးရေးမှာအခက်အခဲရှိရင်တော့ တစ်လကို ထောင်ဂဏန်းလောက်ပဲပေးရပြီး ကျန်းမာကြံ့ခိုင်တဲ့ကိုယ်ခန္ဓာကိုပိုင်ဆိုင်နိုင်သောသင်တန်းတွေကလည်း များလှပါတယ်။
(၂) နောက်အချက်တစ်ချက်ကတော့ အဝတ်အစားပဲဖြစ်ပါတယ်။ သောင်းချီတန်သော အဝတ်အစားမှကောင်းတာမဟုတ်ပါဘူး။ ထောင်တန်အင်္ကျီများကလည်း ကောင်းပါတယ်။ တန်ဖိုးကြီးပြီး Design ရိုးနေရင်တော့ ပိုက်ဆံ
ပေးရတာနှမျောဖို့ကောင်းပါနတယ်။ ဒါကြောင့် အင်္ကျီဝတ်တဲ့အခါ ဒီဇိုင်းလန်းနေဖို့ပဲလိုပါတယ်။ ဈေးကြီးဖို့မလိုပါဘူး။
(၃) သင့်မျက်နှာအသားအရေဟာ ညိုတဲ့ဘက်မှာရှိရင်တော့ ဆံပင်ကို ရွှေရောင်၊ အဝါရောင်နဲ့ မဟော်ဂနီရောင်ဆိုးဖြင်းတို့ကိုရှောင်သင့်ပါတယ်။ ဖျော့တော့တဲ့အရောင် ဒါမှမဟုတ် ပင်ကိုယ်အမည်းရောင်ကိုသာ ခေတ်ဆန်သော Hair Style ကိုပြောင်းလဲသင့်ပါတယ်။
(၄) အထက်ဖော်ပြပါအချက်အလက်တွေပြည့်စုံနေသော်လည်း လမ်းလျှောက်တဲ့အခါ Smart မကျဘူးဆိုရင်လည်း မပေါ်လွင်တော့ပါဘူး။ လမ်းလျှောက်တဲ့အခါ ခေါင်းကိုအနည်းငယ်မော့၍ ပုခုံးနှစ်ဖက်ကို နောက်သို့အနည်းငယ်ပို့လိုက်ပါ။ ထိုအခါ ရင်အနည်းငယ် ရှေ့သို့ထွက်လာပါလိမ့်မယ်။ သင်မလျှောက်တတ်ဘူးဆိုရင်တော့ ခေါင်းပေါ်ကို စာအုပ်တစ်အုပ်တင်၍ လမ်းလျှောက်လေ့ကျင့်နိုင်ပါတယ်။ ကိုယ်ခန္ဓာအတွက်တော့ နံရံတစ်ခုမှာ ခေါင်း၊လက်၊ ပုခုံး၊ ခါး၊ ခြေ တွေနဲ့ထိအောင်ကပ်၍ရပ်ပါ။ ခါးနှင့် နံရံကြားထဲလက်ထိုး၍မရအောင်ကျင့်ပါ။
× × × × × × × × ×
အထက်ပါနည်းလမ်းတွေအတိုင်း လေ့ကျင့်ပေးခြင်းအားဖြင့် သင်ဟာ ပြီးပြည့်စုံတဲ့ Modelတစ်ယောက်ဖြစ်လာနိုင်ပါတယ်။
ကြယ်စင်ချစ်သူ


Post a Comment